သင့်ရဲ့လက်ပုံစံကပြောနေတဲ့ သင့်အကြောင်း


(က) ဖောင်း၍ ညီညာသောလက်
ဒီလိုလက်ပုံစံမျိုးဟာ အနုပညာရှင်တွေနဲ့ တီထွင်သူတွေမှာ များသောအားဖြင့်တွေ့ရတတ်ပါတယ်။
ဒီလိုလက်ပုံစံရှိသူတွေဟာ စာပေ ၊ ဂီတ နဲ့ အနုပညာရပ်ဆိုင်ရာ ဖန်တီးမှုတွေကို အနုစိတ်ခံစားပေး တတ်လေ့ရှိတယ်။ စိတ်ကူးဉာဏ်ရွှင်တယ်၊ အစွဲအလမ်းကြီးတယ်၊ ပြီးတော့ တိတ်ဆိတ်မှုကို နှစ်ခြိုက်တယ်။ တစ်စုံတစ်ခုကြောင့် စိတ်တက်ကြွရန် လွယ်ကူသလို၊ အလွယ်တကူလည်း ငြီးငွေ့တတ်တယ်။ အလွယ်တကူ ဆုံးဖြတ်မှုတွေလုပ်တတ်လွန်းလို့ မကြာမကြာ နောင်တတွေရတာလည်း မနည်းတော့ပါဘူး။

(ခ)အဖျားချွန်သောလက်
ဒီလိုလက်ပုံစံရှိတဲ့သူတွေကို စိတ်ပညာရှင် (သို့မဟုတ်) သူတစ်ပါးအတွင်းစိတ်ကို ဖောက်ထွင်းမြင်နိုင်ကြသူတွေလို့ လူသိများပါတယ်။ စိတ်ကူးယဉ်ဆန်ဆန်စိတ်ရှိတယ်။ ကြင်နာတတ်တယ်။ အစားကောင်းကြိုက်တတ်တယ်။ ဒါပေမဲ့ တခြားသူအပေါ် မှီခိုတတ်တာများတယ်။ ဒီလိုလက်ပိုင်ရှင်မိန်းကလေးတွေကို ယောက်ျားအများစုက ချစ်ဖို့ကောင်းတယ်လို့ သတ်မှတ်တတ်ကြပါတယ်။

(ဂ)အဆစ်ကြီးသောလက်
ဖီလော်ဆိုဖာလက်။ အေးအေးဆေးဆေးနေတတ်တယ်။ သင်ယူရတာနှစ်သက်တယ်။ ချက်ကျလက်ကျ တွေးခေါ်တတ်သူမျိုးတွေဖြစ်တယ်။ ငွေထက် အတွေ့အကြုံ ၊ ဗဟုသုတကို ပိုမက်မောကြသူတွေဖြစ်တယ်။ အစွဲအလမ်းကြီးတတ်သူတွေဖြစ်ပေမယ့် စိတ်ခံစားလွယ်တတ်သူမျိုးတော့မဟုတ်ကြပါဘူး။

(ဃ)လေးထောင့်ပုံလက်
လေးထောင့်ပုံစံလက်ပိုင်ရှင်တွေဟာ တည်တည်ကြည်ကြည်နေတတ်ကြပြီး စည်းကမ်းရှိတတ်ကြတယ်။ တာဝန်ယူစိတ်ရှိပြီး စိတ်ချရတဲ့သူမျိုးတွေလည်း ဖြစ်ပါတယ်။ခေါင်းမာတတ်တဲ့ သူမျိုးတွေဖြစ်ပြီး သူစိမ်းတွေနဲ့ပေါင်းသင်းရာမှာတော့ သိပ်အဆင်မပြေတတ်ပါဘူး။  လက်တွေ့သမားတွေဖြစ်တာကြောင့် တော်ရုံကိစ္စတွေကို အယုံအကြည်သိပ်မရှိပါဘူး။ ရည်မှန်းချက်ကြီးသူတွေဖြစ်ပြီး တကယ်ကြိုးစားတတ်သူတွေလည်း ဖြစ်ပါတယ်။

(င)ထိပ်ကားသောလက်
ဒီလိုလူမျိုးတွေဟာ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ လမ်းဟောင်းကိုစွန့်ပြီး လမ်းသစ်လျှောက်တတ်ကြသူတွေဖြစ်တယ်။ ပုံသေကားချပ်အတွေးတွေက ဖောက်ထွက်ပြီး တီထွင်ဉာဏ်လည်းရှိကြပါတယ်။ လေ့လာစူးစမ်းတတ်ပြီး ကြောက်ရွံ့စိတ်နည်းပါးသူတွေဖြစ်ပါတယ်။

credit....shwemom

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...