သင့္ အိမ္ေထာင္ေရး ကံႀကမၼာ ေဟာကိန္းနည္း မ်ား ..!


တနဂၤေႏြ (၆) ၊ တနလၤာ (၁၅) ၊ အဂၤါ (၈) ၊ ဗုဒၶဟူး (၁၇) ၊ ၾကာသပေတး (၁၉) ၊ ေသာၾကာ (၂၁) ၊ စေန (၁၀)

ဥပမာဗ်ာ- အသက္ (၃၅) ႏွစ္ရွိတဲ့ ဗုဒၶဟူးသား တစ္ေယာက္ အိမ္ေထာင္ျပဳမယ္ဆိုရင္ ဘယ္လို မိန္းမမ်ိဳးကို ရမွာလဲဆိုတာ တြက္ၾကည့္ၾကည့္ရေအာင္။

သူ႔ရဲ့အသက္ (၃၅)ႏွစ္နဲ႔၊ ဗုဒၶဟူးၿဂိဳဟ္သက္(၁၇) နဲ႔ေပါင္းလိုက္ (၃၅+၁၇=၅၂) အဲဒီ (၅၂)ကို (၇)နဲ႔ စားၾကည့္လိုက္ရင္ (၃) ၾကြင္းတယ္ဗ်ာ။

 ေအာက္မွာ ဖတ္ၾကည့္ လိုက္ေပေတာ့။ လြယ္ပါတယ္ ။ မခက္ပါဘူး။

 ဒီေဟာကိန္းကိုေတာ့ အနာထပိဏ္သူေဌးႀကီး၏ ေခၽြးမျဖစ္သူ “ သုဇာတာ” ကို အေၾကာင္းျပဳ၍ ဘုရားရွင္ျမတ္ဗုဒၶ ေဟာေတာ္မူေသာ ဇနီးမယား ခုႏွစ္မ်ိဳးကို အေၾကာင္းျပဳ အေျခခံ၍

ေရွးက်မ္းမ်ားတြင္ “သုဇာတာေဟာကိန္း” လို႔ အမည္ေပးထားတာဗ်ဟု ေျပာလိုက္ေလ ေတာ့၏။

တစ္ၾကြင္းေဟာကိန္း

အိမ္ေထာင္ဖက္ ဇနီးသည္ မူလက မည္မွ်စရိုက္ေကာင္း၊ စိတ္သေဘာထား ေကာင္းသည္ျဖစ္ေစ၊ အိမ္ေထာင္ က်ျပီးေနာက္ ဆိုးသြမ္းေသာ စရိုက္သို႔ ေျပာင္းသြားမည္။

မူလစရိုက္ ဆိုးလွ်င္ကား ဆိုဖြယ္ရာမရိွ အညံံ့ႀကံဳမည္။ အလြန္ဒုကၡေပးေသာ ဇနီမယားျဖစ္မည္။ ဆိုးယုတ္မည္။ စရိုက္ၾကမ္းမည္။ ျမည္တြန္ေတာက္တီးမႈ အျမဲျပဳမည္။

အၾကင္နာမဲ့မည္။ ျပႆနာ အျမဲရွာေနမည္။ ကေလးႏွစ္ဦးရၿပီးမွ အညံ့ကင္းမည္။


ႏွစ္ၾကြင္းေဟာကိန္း

ရရိွေသာ ဇနီးမယား သည္ ခိုးသူႏွင့္တူေသာ မယားတည္း။ မူလအေျခအေန စရိုက္မည္မွ် ေကာင္းေစ၊ အိမ္ေထာင္ က်ၿပီးေနာက္ စရိုက္ေျပာင္းမည္။

လင္သားေငြ ကို ခိုးယူ၍ သူတစ္ပါးကို ေပးမည္။ မာယာမ်ားေသာ စကားကိုဆိုမည္။ ေငြသံုးျဖဳန္းမည္။ လင္သားမသိေအာင္ အရာရာ လွ်ိဳ႕ဝွက္လုပ္တတ္သည္။

အိမ္ေထာင္သက္ သံုးလတြင္ စရိုက္ျပင္လွ်င္ျပင္ ၊ မျပင္လွ်င္ (၁၅) လ ၾကာမွျပင္မည္။ (၁၅) လၾကာမွ မျပင္က (၃) ႏွစ္ၾကာမွ ျပင္မည္။ သံုးႏွစ္ၾကာမ ွမျပင္ပါက ရာသက္ပန္ အၿမဲစရိုက္ဆိုး လႊမ္းမိုးမည္။


သံုးၾကြင္းေဟာကိန္း

ရရိွေသာ အိမ္ေထာင္ဖက္ သည္ မူလမည္မွ် ေကာင္းေသာစရိုက္ရိွသည္ျဖစ္ေစ အိမ္ေထာ္က်ၿပီးေနာက္ စရိုက္ေျပာင္းကာ သခင္ႏွင့္တူေသာ မယားျဖစ္မည္။
အလြန္ပ်င္းမည္။ အတၱႀကီးသြားမည္။ မိမိအေပၚ ျပဳစုယုယမႈကို ႏွစ္လိုမည္။ အခ်ိန္မေရြးအမိန္႔ေပး စိုးမိုးမနာလိုစိတ္မ်ားၿပီး မိမိအေပၚ အျပစ္တင္မည္။

အိမ္တြင္ တဆူဆူ တပူပူ လုပ္တတ္သည္။ ကြယ္ရာတြင္ မိမိမေကာင္းေၾကာင္း သူတစ္ပါးကို အတင္းအဖ်င္း သဖြယ္ေျပာမည္။ စရိုက္ဆိုးကို ရာသက္ပန္ မျပင္ေတာ့။


ေလးၾကြင္းေဟာကိန္း

ေကာင္းေသာ ဇနီး အမ်ိဳးအစားကိုရမည္။ အိမ္ေထာင္ မျပဳမီမည္မွ်ဆိုးေစ အိမ္ ေထာင္က်ၿပီးေနာက္ စရိုက္ေျပာင္းသြားမည္။

မိခင္ႏွင့္တူေသာ ဇနီးျဖစ္မည္။ အလြန္ၾကင္နာတတ္မည္။ ေငြေၾကးစုေဆာင္း ေပးမည္။ ယုယစြာ၊ ျမတ္ႏိုးစြာ ဆက္ဆံမည္။ မိမိကို အကာအကြယ္ေပးမည္။
ေဖးမမည္။ ရာသက္ပန္ ေကာင္းမည္။


ငါးၾကြင္းေဟာကိန္း

မိမိအေပၚ အလြန္ေကာင္းမည္။ အိမ္ေထာင္မျပဳမီ မည္မွ်မလိမ္မိုး မလိမၼာ ရိွေစ၊ စရိုက္ဆိုးေစ အိမ္ေထာင္က်ၿပီး ေနာက္တြင္ မိမိအေပၚ အထူးေကာင္းမည္။

 ႏွမႏွင့္တူေသ ဇနီး ကိုရရိွမည္။ မိမ္ိအေပၚ ေလးစား၊ အားကိုး၍ လိုေလေသး မရိွေအာင္ ထားမည္။ ရိုရိုက်ိဳးက်ိဳး ဆက္ဆံမည္။


ေျခာက္ၾကြင္းေဟာကိန္း

မူလစရိုက္ မည္သို႔ရိွေစ၊ အိမ္ေထာင္က်ၿပီး ေနာက္ပိုင္း အလြန္ေကာင္းမည္။ အိမ္ေထာင္ဖက္ ကို ေကာင္းက်ိဳး ေပးမည္။ အေဆြခင္ပြန္းေကာင္းႏွင့္ တူေသာဇ နီးအမ်ိဳးအစားျဖစ္၍ ဆိုးတိုင္ပင္၊ ေကာင္းတိုင္ပင္ျဖစ္မည္။

ဒုိးတူေပါင္ဖက္ ၊ ေမာင္တစ္ထမ္း ၊ မယ္တစ္ရြက္ ေဆာင္ရြက္တတ္သူ ျဖစ္မည္။ အခက္ၾကံဳက မိမိဘက္မွ ရပ္တည္မည္။


သုညၾကြင္းေဟာကိန္း

မူလစရိုက္ မည္သို႔ရိွေစ အိမ္ေထာင္က်ၿပီး ေနာက္ပိုင္းတြင္ ေကာင္းေသာ သဘာဝ ထြန္းလာမည္။ ကၽြန္ႏွင့္တူေသာ မယားျဖစ္မည္။

အိမ္ေထာင္ဖက္အေပၚ သခင္လိုဆက္ဆံမည္။ အိမ္ေထာင္ဖက္ ၏ ဝတ္ႀကီးဝတ္ငယ္ အသြယ္သြယ္ကို ေဆာင္ရြက္ေပးမည္။

လင္ေယာက္်ား၏ ဆူပူမာန္မဲမႈကိုလည္း သည္းခံမည္။ အိမ္မႈကိစၥ အဝဝကိုလည္း ေက်ပြန္မည့္ ထာဝရ အေဆြခင္ပြန္းေကာင္းျဖစ္မည္။

Credit:sunthit myanmar
===

တနင်္ဂနွေ (၆) ၊ တနင်္လာ (၁၅) ၊ အင်္ဂါ (၈) ၊ ဗုဒ္ဓဟူး (၁၇) ၊ ကြာသပတေး (၁၉) ၊ သောကြာ (၂၁) ၊ စနေ (၁၀)

ဥပမာဗျာ- အသက် (၃၅) နှစ်ရှိတဲ့ ဗုဒ္ဓဟူးသား တစ်ယောက် အိမ်ထောင်ပြုမယ်ဆိုရင် ဘယ်လို မိန်းမမျိုးကို ရမှာလဲဆိုတာ တွက်ကြည့်ကြည့်ရအောင်။

သူ့ရဲ့အသက် (၃၅)နှစ်နဲ့၊ ဗုဒ္ဓဟူးဂြိုဟ်သက်(၁၇) နဲ့ပေါင်းလိုက် (၃၅+၁၇=၅၂) အဲဒီ (၅၂)ကို (၇)နဲ့ စားကြည့်လိုက်ရင် (၃) ကြွင်းတယ်ဗျာ။

 အောက်မှာ ဖတ်ကြည့် လိုက်ပေတော့။ လွယ်ပါတယ် ။ မခက်ပါဘူး။

 ဒီဟောကိန်းကိုတော့ အနာထပိဏ်သူဌေးကြီး၏ ချွေးမဖြစ်သူ “ သုဇာတာ” ကို အကြောင်းပြု၍ ဘုရားရှင်မြတ်ဗုဒ္ဓ ဟောတော်မူသော ဇနီးမယား ခုနှစ်မျိုးကို အကြောင်းပြု အခြေခံ၍

ရှေးကျမ်းများတွင် “သုဇာတာဟောကိန်း” လို့ အမည်ပေးထားတာဗျဟု ပြောလိုက်လေ တော့၏။

တစ်ကြွင်းဟောကိန်း

အိမ်ထောင်ဖက် ဇနီးသည် မူလက မည်မျှစရိုက်ကောင်း၊ စိတ်သဘောထား ကောင်းသည်ဖြစ်စေ၊ အိမ်ထောင် ကျပြီးနောက် ဆိုးသွမ်းသော စရိုက်သို့ ပြောင်းသွားမည်။

မူလစရိုက် ဆိုးလျှင်ကား ဆိုဖွယ်ရာမရှိ အညံံ့ကြုံမည်။ အလွန်ဒုက္ခပေးသော ဇနီမယားဖြစ်မည်။ ဆိုးယုတ်မည်။ စရိုက်ကြမ်းမည်။ မြည်တွန်တောက်တီးမှု အမြဲပြုမည်။

အကြင်နာမဲ့မည်။ ပြဿနာ အမြဲရှာနေမည်။ ကလေးနှစ်ဦးရပြီးမှ အညံ့ကင်းမည်။


နှစ်ကြွင်းဟောကိန်း

ရရှိသော ဇနီးမယား သည် ခိုးသူနှင့်တူသော မယားတည်း။ မူလအခြေအနေ စရိုက်မည်မျှ ကောင်းစေ၊ အိမ်ထောင် ကျပြီးနောက် စရိုက်ပြောင်းမည်။

လင်သားငွေ ကို ခိုးယူ၍ သူတစ်ပါးကို ပေးမည်။ မာယာများသော စကားကိုဆိုမည်။ ငွေသုံးဖြုန်းမည်။ လင်သားမသိအောင် အရာရာ လျှို့ဝှက်လုပ်တတ်သည်။

အိမ်ထောင်သက် သုံးလတွင် စရိုက်ပြင်လျှင်ပြင် ၊ မပြင်လျှင် (၁၅) လ ကြာမှပြင်မည်။ (၁၅) လကြာမှ မပြင်က (၃) နှစ်ကြာမှ ပြင်မည်။ သုံးနှစ်ကြာမ ှမပြင်ပါက ရာသက်ပန် အမြဲစရိုက်ဆိုး လွှမ်းမိုးမည်။


သုံးကြွင်းဟောကိန်း

ရရှိသော အိမ်ထောင်ဖက် သည် မူလမည်မျှ ကောင်းသောစရိုက်ရှိသည်ဖြစ်စေ အိမ်ထော်ကျပြီးနောက် စရိုက်ပြောင်းကာ သခင်နှင့်တူသော မယားဖြစ်မည်။
အလွန်ပျင်းမည်။ အတ္တကြီးသွားမည်။ မိမိအပေါ် ပြုစုယုယမှုကို နှစ်လိုမည်။ အချိန်မရွေးအမိန့်ပေး စိုးမိုးမနာလိုစိတ်များပြီး မိမိအပေါ် အပြစ်တင်မည်။

အိမ်တွင် တဆူဆူ တပူပူ လုပ်တတ်သည်။ ကွယ်ရာတွင် မိမိမကောင်းကြောင်း သူတစ်ပါးကို အတင်းအဖျင်း သဖွယ်ပြောမည်။ စရိုက်ဆိုးကို ရာသက်ပန် မပြင်တော့။


လေးကြွင်းဟောကိန်း

ကောင်းသော ဇနီး အမျိုးအစားကိုရမည်။ အိမ်ထောင် မပြုမီမည်မျှဆိုးစေ အိမ် ထောင်ကျပြီးနောက် စရိုက်ပြောင်းသွားမည်။

မိခင်နှင့်တူသော ဇနီးဖြစ်မည်။ အလွန်ကြင်နာတတ်မည်။ ငွေကြေးစုဆောင်း ပေးမည်။ ယုယစွာ၊ မြတ်နိုးစွာ ဆက်ဆံမည်။ မိမိကို အကာအကွယ်ပေးမည်။
ဖေးမမည်။ ရာသက်ပန် ကောင်းမည်။


ငါးကြွင်းဟောကိန်း

မိမိအပေါ် အလွန်ကောင်းမည်။ အိမ်ထောင်မပြုမီ မည်မျှမလိမ်မိုး မလိမ္မာ ရှိစေ၊ စရိုက်ဆိုးစေ အိမ်ထောင်ကျပြီး နောက်တွင် မိမိအပေါ် အထူးကောင်းမည်။

 နှမနှင့်တူသေ ဇနီး ကိုရရှိမည်။ မိမ်ိအပေါ် လေးစား၊ အားကိုး၍ လိုလေသေး မရှိအောင် ထားမည်။ ရိုရိုကျိုးကျိုး ဆက်ဆံမည်။


ခြောက်ကြွင်းဟောကိန်း

မူလစရိုက် မည်သို့ရှိစေ၊ အိမ်ထောင်ကျပြီး နောက်ပိုင်း အလွန်ကောင်းမည်။ အိမ်ထောင်ဖက် ကို ကောင်းကျိုး ပေးမည်။ အဆွေခင်ပွန်းကောင်းနှင့် တူသောဇ နီးအမျိုးအစားဖြစ်၍ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်ဖြစ်မည်။

ဒိုးတူပေါင်ဖက် ၊ မောင်တစ်ထမ်း ၊ မယ်တစ်ရွက် ဆောင်ရွက်တတ်သူ ဖြစ်မည်။ အခက်ကြုံက မိမိဘက်မှ ရပ်တည်မည်။


သုညကြွင်းဟောကိန်း

မူလစရိုက် မည်သို့ရှိစေ အိမ်ထောင်ကျပြီး နောက်ပိုင်းတွင် ကောင်းသော သဘာဝ ထွန်းလာမည်။ ကျွန်နှင့်တူသော မယားဖြစ်မည်။

အိမ်ထောင်ဖက်အပေါ် သခင်လိုဆက်ဆံမည်။ အိမ်ထောင်ဖက် ၏ ဝတ်ကြီးဝတ်ငယ် အသွယ်သွယ်ကို ဆောင်ရွက်ပေးမည်။

လင်ယောက်ျား၏ ဆူပူမာန်မဲမှုကိုလည်း သည်းခံမည်။ အိမ်မှုကိစ္စ အဝဝကိုလည်း ကျေပွန်မည့် ထာဝရ အဆွေခင်ပွန်းကောင်းဖြစ်မည်။

Credit:sunthit myanmar

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...