ကိုပြည့် လူယုတ်မာကြီး အရမ်းရက်စက်တယ် (မိန်းကလေးများ သတိထားနိုင်အောင်ပါ)


ညီမ ရင်မခုန်ခဲ့ဖူး
သင်္ဘောသား ကုန်းပါတ်တိုက်တဲ့ ဝေယံဟိန်းလေး
ကိုပြည့်ရယ်
#Credit pyae😂😂😂😂😂
ကိုပြည့် လူယုတ်မာကြီး အရမ်းရက်စက်တယ် (မိန်းကလေးများ သတိထားနိုင်အောင် Share ပေးကြပါ)
ကိုပြည့် အရမ်းရက်စက်တယ် ကိုပြည့်ရယ်
ညီမလေး ဘဝကို နင်းချေတုန်းက ဒီလိုရက်စက်စွာ
ပြောဆိုဖူးခဲ့သလားကိုပြည့် စဉ်းစားပါကိုရယ်
ညီမလေ ကိုပြည့်ကို အများထဲကနေ တစ်ယောက်အဖြစ်
ရွေးချယ်ခဲ့တာပါ ကိုပြည့်ရယ်
စင်ကာပူက ကိုဖြိုးအောင် ရည်းစားစကားပြောခဲ့ဖူးတုန်းက
ညီမ ရင်မခုန်ခဲ့ဖူး
သငေ်္ဘာသား ကုန်းပါတ်တိုက်တဲ့ ဝေယံဟိန်းလေး
ချစ်စကားတွေ ပြောတုန်းကလည်း ညီမ ရီခဲ့မိတယ်
ကိုပြည့်ရယ်
လူတစ်ကာဝိုင်းနေတဲ့ ညီမလိုအလှပန်းလေးကို
စောင့်ရှောက်ခဲ့မယ်လို့ ပြောခဲ့တဲ့စကားတွေ ဘယ်ဆီများ
ရောက်သွားလဲ ကိုပြည့်ရယ်
ညသန်းခေါင်အမှောင်မှာ လူယုတ်မာ အမည်းကောင်ရဲ့
ဘေးရန်ကနေ ညီမဘဝ သိက္ခာအရှက်ကို ကိုပြည့်က
ကာကွယ်ဖူးတယ်လေ. အဲ့လူယုတ်မာ ငဇေကို
ညီမ စိုးထိတ်စွာ ကြောက်လန့်မိတိုင်း ကိုပြည့်ကို ပိုပြီး
တိုးလို့ချစ်မိတယ် အကိုရယ်
ကိုပြည့်ရဲ့ ဖုန်းလေး ဆောက်စုတ်ဆောက်ပြတ်လေးနဲ့
ရိုက်ခဲ့ပေးတဲ့ ပုံတွေကို ညီမလေ
ဟို ဒရုန်းရူး ဝေဖြိုး တဏှာနဲ့ ရိုက်တဲ့ပုံတွေထက် ညီမ
တန်ဖိုးထားပါတယ် ကိုပြည့်ရယ်
ဆောက်လုပ်ဆောက်ကိုင်မရှိ တစ်နေကုန်ဂိမ်းဆော့နေတဲ့
ညီမမောင်လေး ဝသုန်ကို ကိုပြည့်တရားချ ဆုံးမလို့
အခု လိမ္မာနေပါပြီ ကျေးဇူးအရမ်းတင်ပါတယ်ကိုပြည့်
ကိုပြည့်သူငယ်ချင်း ကိုစည်ကြီး အကြင်နာစကားပြောတုန်း
ဝင်ပြီး ဟန့်တားခဲ့တဲ့ ကိုပြည့်ကို ညီမလေး အခုထိအမှတ်ရဆဲပါ
သူ့လို ကြောင်သူတော်ကြီးရဲ့ စကားကို မယုံအောင်
ဟန့်တားခဲ့တဲ့ ကိုပြည့်
အခုတော့ ညီမကိုထားသွားပြီလား ကိုရယ်
အရမ်းရက်စက်တယ် ကိုရယ်
နိုင်ငံခြားက အင်ယာရူး ကိုဖြိုးကို ညီမခေါက်ထားခဲ့တယ်
မြန်မာပြည်တွင်းမှာ ရိုးသားကြိုးစားစွာ လုပ်ကိုင်စားသောက်နေတဲ့
ကိုAndrewရဲ့ အချစ်ကိုတောင် ညီမ လျစ်လျူရှုပြီး
ကိုပြည့်သာ တစ်ဘဝ. ကိုပြည့်သာ တစ်ကမ္ဘာထင်ခဲ့တာပါ
အရမ်းရက်စက်တယ်ကိုရယ်
သားသမီးနဲ့ အိမ်ထောင်သည်ဘဝကို ဘာလို့ထိန်ချန်ခဲ့လဲ
ညီမ ဝမ်းနည်းလို့မဆုံဘူး ကိုရယ်
အကို့ရဲ့ အိမ်သူသက်ထားဇနီးမယားနဲ့. အတူ
ကိုပြည့် ထာဝရ ပျော်နိုင်ပါစေ. ကိုရယ်.
ကိုပြည့်ကိုချစ်သော ညီမလေး
မတင်ရွှေ ခေတ္တ ဗီယက်နမ်
#Credit pyae😂😂😂😂😂

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...