YBS (၅၅) ယာဉ်နှင့် (၃၇) ယာဉ်တို့ တိုက်မှုတွင် ပွဲချင်း ပြီးသေဆုံးခဲ့သည့် နည်းပညာ တက္ကသိုလ် (မှော်ဘီ) ကျောင်းသူ မခင်ပွင့်ဖြူ၏ မိသားစုများထံသို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ် စားလှယ်များက ဇူလိုင် ၈ ရက်၌ သွားရောက်အားပေးစကား ပြောကြားကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် အင်းစိန်အမှတ် (၁)မှ ဦးသာအောင်နှင့် အင်းစိန်အမှတ် (၂)မှ ဦးဝေဖြိုးဟန်တို့သွားရောက်အားပေးခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၇ ရက်က မှော်ဘီ နည်းပညာတက္ကသိုလ်မှ ကျောင်း သားများ ပါဝင်သည့် ယင်းယာဉ် တိုက်မှုဖြစ်စဉ်တွင် ဇူလိုင် ၈ ရက် ညနေအထိ နောက်ဆုံးသတင်း အရ စုစုပေါင်း လူ ၁၀ ဦး သေဆုံး မှု၌ မခင်ပွင့်ဖြူ ပါဝင်ခဲ့သည်။
မခင်ပွင့်ဖြူ စီးနင်းခဲ့သည့် YBS (၅၅) ယာဉ်သည် မှော်ဘီ မြို့နယ်ရှိ နည်းပညာတက္က သိုလ် ကျောင်းသားများ စီးနင်းသည့် ယာဉ်လိုင်းဖြစ်သည်။ ထို့ကြောင့် ဇူလိုင် ၇ ရက်က ဖြစ်ပွားသည့် ယာဉ်တိုက်မှုတွင် မခင်ပွင့်ဖြူ သေဆုံးမှုနှင့် တက္ကသိုလ်ကျောင်း သားများ ထိခိုက်မှုကြောင့် လူမှု ကွန်ရက်ပေါ်၌ ကျောင်းသားများ နှင့် ကျောင်းသားမိဘများက အ စိုးရ၏ YBS ယာဉ်လိုင်းအပေါ် တာဝန်ယူမှုကို မေးခွန်းထုတ်လာ ကြသည်။
အင်းစိန်မြို့နယ်တွင် နေ ထိုင်သော မခင်ပွင့်ဖြူ၏ မိဘများ က ဇူလိုင် ၈ ရက် နေ့လယ်တွင်၎င်းတို့နေထိုင်ရာသို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ လာရောက် အားပေးခြင်း၊ နှစ် သိမ့်ခြင်းကလွဲ၍ YBS ယာဉ်လိုင်း မှ တာဝန်ရှိသူများ၊ ယာဉ်တိုက်မှု နှင့်သက်ဆိုင်သည့် မည်သည့် အ ဖွဲ့အစည်းများကမျှ လာရောက် ခြင်းမရှိသေးဟုဆိုသည်။
မခင်ပွင့်ဖြူသည် အားက စားတွင် ထူးချွန်သူဖြစ်ပြီး မှော်ဘီ နည်းပညာတက္ကသိုလ် စစ်တုရင် လက်ရွေးစင်ဖြစ်သည်။
အသက်(၂၁)နှစ်အရွယ် တွင် ဆုံးပါးခဲ့သည့် မခင်ပွင့်ဖြူကို ဇူလိုင် ၉ ရက် (ယနေ့) မွန်းတည့် ၁၂ နာရီ၌ ရေဝေးခရစ်ယာန်ဂိုဏ်း ပေါင်းစုံ ဥယျာဉ်တော်ခန်းမတွင် ၀တ်ပြုဆုတောင်းပြီး ဂူသွင်း သဂြုင်္ိဟ်မည်ဖြစ်ကြောင်း ကျန်ရစ် သူမိသားစုထံမှ သိရသည်။
0 comments :
Post a Comment