ရန္ကုန္ျပည္သူ႕ေဆးရံုၾကီးမွာ စေတြ႔ျပီဆိုတဲ႔ H1N1တုပ္ေကြး အေၾကာင္း


Swine flu ဆြိဳင္းဖလူး ေခၚ တုပ္ေကြးတမ်ိဳး

ဆရာ ရန္ကုန္မွာ H1N1 ေတြ႔လို႔တဲ႔ခင္ဗ်။ ေဆာင္ရန္ေရွာင္ရန္ နွင့္ ဘယ္လိုေႀကာင့္ျဖစ္တယ္ဆိုတာေလး သိခ်င္ပါတယ္ဆရာ။ အမွားပါရင္ခြင့္လြတ္ပါဆရာ။ ေက်းဇူးတင္ပါတယ္ဆရာ။


ရန္ကုန္မွာျဖစ္ေနတဲ့သတင္း သိပ္မသိပါ။ ေရာဂါအေၾကာင္းသာေရးပါရေစ။ ဒီစာတင္ေနတုန္း တခုလာပါတယ္။ ဆရာရွင့္ ယခု ရန္ကုန္ျပည္သူ႔ေဆးရံုၾကီးမွာ သံသယျဖစ္ဖြယ္ေတြ႔ရွိေနတဲ့ H1N1 ဆိုတဲ့ေရာဂါအေၾကာင္း သိခ်င္လို႔ပါဆရာ။ ေရာဂါလကၡဏာက ဘယ္လိုျပသလဲဆရာ။ ဘယ္လိုၾကိဳတင္ကာကြယ္နိုင္ပါလဲရွင့္။ ေက်းဇူးတင္ပါတယ္ဆရာ။

H1N1 flu ကို swine flu လို႔လည္းေခၚတယ္။ တုပ္ေကြးတမ်ိဳးျဖစ္တယ္။ ဝက္ေတြမွာစျဖစ္တယ္။ လူကိုကူးႏိုင္တယ္။ ၂ဝဝ၉ ခုႏွစ္တုန္းက ကမာၻမွာ ကပ္ေရာဂါလို ျပန္႔ခဲ့တယ္။ ေၾကာက္စရာေတာ့ မဟုတ္ေတာ့ပါ။ ဥတုအေျပာင္းမွာ ျဖစ္တတ္တဲ့တုပ္ေကြးနဲ႔တူတယ္။ ကာကြယ္ေဆး ေပၚေနျပီ။ တႏွစ္တခါထိုးရတယ္။

ကူးစက္ခံရရင္ ႏွာေခ်မယ္။ ေခ်ာင္းဆိုးမယ္။ အဲတာထဲမွာ ဗိုင္းရပ္စ္ေတြပါေနမယ္။ သူမ်ားကိုကူးစက္မယ္။ ကိုယ္လည္း အဲလိုကေနကူးလာတာ။ တရက္ေနရင္ ေရာဂါစခံစားရတယ္။ ၇ ရက္ကေန ၁ဝ ရက္အထိၾကာတတ္တယ္။ ကိုယ္ပူမယ္။ လည္ေခ်ာင္းနာမယ္။ ေခါင္းကိုက္၊ ကိုယ္လက္ေတြနာ၊ ခ်မ္း၊ အားကုန္ေနမယ္။ တခ်ိဳ႕မွာ အသက္ရွဴခက္မယ္။ အန္မယ္။ ဗိုက္နာမယ္။ ေခါင္းမူးမယ္။ စိတ္မၾကည္မလင္ျဖစ္မယ္။ ကံမေကာင္းရင္ ႏူမိုးနီးယားဆက္ျဖစ္တတ္တယ္။ ေဆာရီး။ ဆီးခ်ိဳ၊ ပန္းနာအခံရွိသူေတြ ကူးစက္ခံရရင္ အခံေရာဂါပိုဆိုးတတ္တယ္။ ဝက္သားစားလို႔ မကူးပါ။

Swine flu vaccine တုပ္ေကြးကာကြယ္ေဆး အေရြးခက္ေနျခင္းစာကို ၂ဝ၁ယ တုန္းကေရးထားခဲ့ပါတယ္။ က်ေနာ္တို႔ၿမိဳ႕မွာ လာထိုးေပးမယ့္ လူတုပ္ေကြးကာကြယ္ေဆးက ထိုင္ဝမ္ႏိုင္ငံက လုပ္တာတဲ့။ ေဆးရဲ႕ဆိုဒ္အဖက္က ျပင္းထန္တယ္လို႔ ၾကားတယ္။ ဘယ္လိုလုပ္ရင္ ေကာင္းမလဲဗ်ာ။ ေဆးလည္း ထိုးခ်င္တယ္၊ ထိုးလည္းမထိုးရဲဘူး။

အေမရိကားလိုဘဲ တိုင္ဝမ္ႏိုင္ငံက ဝက္တုတ္ေကြးအေရးမွာ တက္ၾကြပါတယ္။ Adimmune Corporation ကုမၸဏီက တရားဝင္ ကာကြယ္ေဆး ထုတ္ပါတယ္။ ၂ဝဝ၉ ဒီဇဘၤာ ၁၂ ရက္ကို တႏိုင္ငံလံုး ကာကြယ္ေဆးထိုးေန႔အျဖစ္ သတ္မွတ္ခဲ့တယ္။ တိုင္ဝမ္မွာ ကာကြယ္ေဆးနဲ႔ ဆက္စပ္ျပီး၊ ေသဆံုးမႈ ရွိခဲ့ပါတယ္။ အာဏာပိုင္ေတြက အဲလို ေသတယ္လို႔ သံသယရွိရင္ အားလံုးကို ရင္ခြဲစစ္ေဆးမႈ မလုပ္မေန လုပ္ရမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ ၈-၁-၂ဝ၁ဝ ေန႔ကဘဲ Adimmune ကေန အရင္ ေဆးတပုလင္း လူ ၄ဝ စာ ထုတ္တာကေန ဆြစ္ Novartis ကမၸဏီကေဆးလိုဘဲ၊ ၁ဝ ေယာက္စာ ပုလင္း 10 doses per vial ေတြ ထုတ္ေတာ့မယ္လို႔ ထုတ္ျပန္လာတယ္။

H1N1 နဲ႔ Swine flu လည္းေခၚၾကတဲ့ တုပ္ေကြးဗိုင္းရပ္စ္ ကာကြယ္ေဆးဟာ ၂ဝဝ၉ ခုႏွစ္ထဲမွာ ၂ မ်ိဳး ေပၚေနပါျပီ။ တခုက လက္ေမာင္းမွာ ထိုးရတဲ့ Flu shot ထိုးေဆး နဲ႔ ေနာက္တမ်ိဳးက Nasal spray flu vaccine (LAIV) ရွဴေဆးပါ။ ထိုးေဆးကို ဗိုင္းရပ္စ္ပိုး အေသေတြနဲ႔ ထုတ္လုပ္ထားျပီး၊ ရွဴေဆးကိုေတာ့ အားနည္း သြားေအာင္ လုပ္ထားတဲ့ ဗိုင္းရပ္စ္ေတြနဲ႔ လုပ္ထားပါတယ္။ ကုိယ္ဝန္ေဆာင္ေတြ အပါအဝင္၊ အသက္ ၆ လ အထက္ သံုးႏိုင္တယ္လို႔ အခုထိ သတ္မွတ္ပါတယ္။ ရွဴေဆးကိုေတာ့ ကုိယ္ဝန္ေဆာင္မပါ၊ ၂ ႏွစ္ ကေန ၄၉ ႏွစ္ရွိသူေတြအတြက္လို႔ သတ္မွတ္ပါတယ္။ မႏွစ္ကထုတ္တဲ့ ကာကြယ္ေဆးေတြကို ဒီႏွစ္ ၂ဝ၁ဝ ႏွစ္ဝက္ေလာက္အထိ သံုးႏိုင္ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ ေရာဂါပိုးဆိုတာ ေဆးျပီးတာ၊ ေဆးယဥ္ပါးတာမ်ိဳး ျဖစ္လာတတ္လို႔ ဒီေဆးနဲ႔မရရင္ ေနာက္ေဆးသစ္ ထုတ္ဘို႔ လိုခ်င္ လိုမွာမို႔ပါ။ မလိုခ်င္လဲ မလိုဘူး။ ေဆးေပၚတဲ့ႏွစ္ ၂ဝဝ၉ ကုိယူျပီး၊ ေဆးနာမယ္ကို 2009 H1N1 လို႔ လုပ္ထား ပါတယ္။

ၾကက္ဥနဲ႔ မတည့္တဲ့လူေတြ ဒီေဆးနဲ႔မတည့္ ျဖစ္တတ္တယ္။ ထိုးေဆးရဲ႕ ေဘးထြက္ ဆိုးက်ိဳးေတြကေတာ့ ေဆးထိုးတဲ့ ေနရာမွာ နာတာ၊ နီတာ၊ ေရာင္တာေတြ ျဖစ္တတ္တယ္။ နဲနဲဖ်ားမယ္။ ကုိက္ခဲမယ္။ ၁ ရက္ ၂ ရက္ ေလာက္ပါဘဲ။ ရွဴေဆးကေတာ့ ႏွာရည္ယို၊ ေခါင္းကိုက္၊ အန္ခ်င္၊ ကိုက္ခဲ၊ ကုိယ္ပူတာေတြ ျဖစ္ႏိုင္တယ္။ ေနာက္ပိုင္း ရွဴေဆးကို ဆက္ မသံုးေတာ့တာ ေတြ႕ရတယ္။ သိထားဘို႔က ဒီထုတ္ျပန္ခ်က္ေတြဟာ ေဆးကုမၸဏီေတြကေန၊ ေတြ႕သိသေလာက္ကုိ ေျပာတာေတြသာ ျဖစ္တယ္။ မသိႏိုင္တာေတြလဲ ရွိႏိုင္တာေပါ့။ ဒါေပမဲ့ အေၾကာက္ၾကီး ေၾကာက္ဘို႔ေတာ့ မလိုပါ။

ျမန္မာျပည္မွာ က်န္းမာေရးအသံုးစရိတ္က ၃% သာ သံုးႏိုင္ေနတယ္။ ၂-၁ဝ-ဝ၉ ေန႔က WHO နဲ႔ က်န္းမာေရးဝန္ၾကီးဌာန တြဲျပီး၊ Planning meeting on Pandemic (H1N1) 2009 vaccine deployment စီမံကိန္းအစည္းအေဝးတခု ေနျပည္ေတာ္မွာလုပ္ခဲ့တယ္။ ရလဒ္ကို ၂၁-၁ဝ-ဝ၉ ေန႔က SEARO ကို ဆက္တင္ထားတယ္လို႔ ဖတ္ရတယ္။ အားရွိၾကပါေလ။ SEARO ႏိုင္ငံေတြထဲမွာ ဘဂ္လားေဒ့ရွ္၊ ဘူတန္၊ ေျမာက္ကိုရီးယား၊ အိႏၵိယ၊ အင္ဒိုနီးရွား၊ ေမာ္လ္ဒိဖ္၊ ျမန္မာ၊ နီေပါလ္၊ သီရိလကၤာ၊ ထိုင္း၊ နဲ႔ တီေမာ-လက္စ္တီ တို႔ ပါဝင္တယ္။

ျမန္မာ့လြတ္လပ္ေရးေန႔ သတင္းအရ တိုင္ဝမ္မွာ လူတိုင္းကေန ျပည္တြင္းျဖစ္ကိုဘဲ ထိုးခ်င္သလား ႏိုင္ငံျခားက သြင္းတာကိုဘဲ ထိုးမလား၊ ကုိယ့္ဖါသာ ဆံုးျဖတ္ႏိုင္တယ္တဲ့။ ႏိုင္ငံျခားျဖစ္ဆိုတာ ဆြစ္ဇလန္ Novartis ေဆးကုမၸဏီက လုပ္တာကို ေျပာတာပါ။ ကြ်န္ေတာ္တို႔ လူမ်ိဳးေတြအဖို႔လဲ ကုိယ့္ဖါသာကိုယ္ ဆံုးျဖတ္ခြင့္ အျပည့္ရွိၾကပါတယ္။

Dr. တင့္ေဆြ

Unicode

Swine flu ဆွိုင်းဖလူး ခေါ် တုပ်ကွေးတမျိုး

ဆရာ ရန်ကုန်မှာ H1N1 တွေ့လို့တဲ့ခင်ဗျ။ ဆောင်ရန်ရှောင်ရန် နှင့် ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတာလေး သိချင်ပါတယ်ဆရာ။ အမှားပါရင်ခွင့်လွတ်ပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

ရန်ကုန်မှာဖြစ်နေတဲ့သတင်း သိပ်မသိပါ။ ရောဂါအကြောင်းသာရေးပါရစေ။ ဒီစာတင်နေတုန်း တခုလာပါတယ်။ ဆရာရှင့် ယခု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သံသယဖြစ်ဖွယ်တွေ့ရှိနေတဲ့ H1N1 ဆိုတဲ့ရောဂါအကြောင်း သိချင်လို့ပါဆရာ။ ရောဂါလက္ခဏာက ဘယ်လိုပြသလဲဆရာ။ ဘယ်လိုကြိုတင်ကာကွယ်နိုင်ပါလဲရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

H1N1 flu ကို swine flu လို့လည်းခေါ်တယ်။ တုပ်ကွေးတမျိုးဖြစ်တယ်။ ဝက်တွေမှာစဖြစ်တယ်။ လူကိုကူးနိုင်တယ်။ ၂ဝဝ၉ ခုနှစ်တုန်းက ကမ္ဘာမှာ ကပ်ရောဂါလို ပြန့်ခဲ့တယ်။ ကြောက်စရာတော့ မဟုတ်တော့ပါ။ ဥတုအပြောင်းမှာ ဖြစ်တတ်တဲ့တုပ်ကွေးနဲ့တူတယ်။ ကာကွယ်ဆေး ပေါ်နေပြီ။ တနှစ်တခါထိုးရတယ်။

ကူးစက်ခံရရင် နှာချေမယ်။ ချောင်းဆိုးမယ်။ အဲတာထဲမှာ ဗိုင်းရပ်စ်တွေပါနေမယ်။ သူများကိုကူးစက်မယ်။ ကိုယ်လည်း အဲလိုကနေကူးလာတာ။ တရက်နေရင် ရောဂါစခံစားရတယ်။ ၇ ရက်ကနေ ၁ဝ ရက်အထိကြာတတ်တယ်။ ကိုယ်ပူမယ်။ လည်ချောင်းနာမယ်။ ခေါင်းကိုက်၊ ကိုယ်လက်တွေနာ၊ ချမ်း၊ အားကုန်နေမယ်။ တချို့မှာ အသက်ရှူခက်မယ်။ အန်မယ်။ ဗိုက်နာမယ်။ ခေါင်းမူးမယ်။ စိတ်မကြည်မလင်ဖြစ်မယ်။ ကံမကောင်းရင် နူမိုးနီးယားဆက်ဖြစ်တတ်တယ်။ ဆောရီး။ ဆီးချို၊ ပန်းနာအခံရှိသူတွေ ကူးစက်ခံရရင် အခံရောဂါပိုဆိုးတတ်တယ်။ ဝက်သားစားလို့ မကူးပါ။

Swine flu vaccine တုပ်ကွေးကာကွယ်ဆေး အရွေးခက်နေခြင်းစာကို ၂ဝ၁ယ တုန်းကရေးထားခဲ့ပါတယ်။ ကျနော်တို့မြို့မှာ လာထိုးပေးမယ့် လူတုပ်ကွေးကာကွယ်ဆေးက ထိုင်ဝမ်နိုင်ငံက လုပ်တာတဲ့။ ဆေးရဲ့ဆိုဒ်အဖက်က ပြင်းထန်တယ်လို့ ကြားတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲဗျာ။ ဆေးလည်း ထိုးချင်တယ်၊ ထိုးလည်းမထိုးရဲဘူး။

အမေရိကားလိုဘဲ တိုင်ဝမ်နိုင်ငံက ဝက်တုတ်ကွေးအရေးမှာ တက်ကြွပါတယ်။ Adimmune Corporation ကုမ္ပဏီက တရားဝင် ကာကွယ်ဆေး ထုတ်ပါတယ်။ ၂ဝဝ၉ ဒီဇင်္ဘာ ၁၂ ရက်ကို တနိုင်ငံလုံး ကာကွယ်ဆေးထိုးနေ့အဖြစ် သတ်မှတ်ခဲ့တယ်။ တိုင်ဝမ်မှာ ကာကွယ်ဆေးနဲ့ ဆက်စပ်ပြီး၊ သေဆုံးမှု ရှိခဲ့ပါတယ်။ အာဏာပိုင်တွေက အဲလို သေတယ်လို့ သံသယရှိရင် အားလုံးကို ရင်ခွဲစစ်ဆေးမှု မလုပ်မနေ လုပ်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ၈-၁-၂ဝ၁ဝ နေ့ကဘဲ Adimmune ကနေ အရင် ဆေးတပုလင်း လူ ၄ဝ စာ ထုတ်တာကနေ ဆွစ် Novartis ကမ္ပဏီကဆေးလိုဘဲ၊ ၁ဝ ယောက်စာ ပုလင်း 10 doses per vial တွေ ထုတ်တော့မယ်လို့ ထုတ်ပြန်လာတယ်။

H1N1 နဲ့ Swine flu လည်းခေါ်ကြတဲ့ တုပ်ကွေးဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ၂ဝဝ၉ ခုနှစ်ထဲမှာ ၂ မျိုး ပေါ်နေပါပြီ။ တခုက လက်မောင်းမှာ ထိုးရတဲ့ Flu shot ထိုးဆေး နဲ့ နောက်တမျိုးက Nasal spray flu vaccine (LAIV) ရှူဆေးပါ။ ထိုးဆေးကို ဗိုင်းရပ်စ်ပိုး အသေတွေနဲ့ ထုတ်လုပ်ထားပြီး၊ ရှူဆေးကိုတော့ အားနည်း သွားအောင် လုပ်ထားတဲ့ ဗိုင်းရပ်စ်တွေနဲ့ လုပ်ထားပါတယ်။ ကိုယ်ဝန်ဆောင်တွေ အပါအဝင်၊ အသက် ၆ လ အထက် သုံးနိုင်တယ်လို့ အခုထိ သတ်မှတ်ပါတယ်။ ရှူဆေးကိုတော့ ကိုယ်ဝန်ဆောင်မပါ၊ ၂ နှစ် ကနေ ၄၉ နှစ်ရှိသူတွေအတွက်လို့ သတ်မှတ်ပါတယ်။ မနှစ်ကထုတ်တဲ့ ကာကွယ်ဆေးတွေကို ဒီနှစ် ၂ဝ၁ဝ နှစ်ဝက်လောက်အထိ သုံးနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ရောဂါပိုးဆိုတာ ဆေးပြီးတာ၊ ဆေးယဉ်ပါးတာမျိုး ဖြစ်လာတတ်လို့ ဒီဆေးနဲ့မရရင် နောက်ဆေးသစ် ထုတ်ဘို့ လိုချင် လိုမှာမို့ပါ။ မလိုချင်လဲ မလိုဘူး။ ဆေးပေါ်တဲ့နှစ် ၂ဝဝ၉ ကိုယူပြီး၊ ဆေးနာမယ်ကို 2009 H1N1 လို့ လုပ်ထား ပါတယ်။

ကြက်ဥနဲ့ မတည့်တဲ့လူတွေ ဒီဆေးနဲ့မတည့် ဖြစ်တတ်တယ်။ ထိုးဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေကတော့ ဆေးထိုးတဲ့ နေရာမှာ နာတာ၊ နီတာ၊ ရောင်တာတွေ ဖြစ်တတ်တယ်။ နဲနဲဖျားမယ်။ ကိုက်ခဲမယ်။ ၁ ရက် ၂ ရက် လောက်ပါဘဲ။ ရှူဆေးကတော့ နှာရည်ယို၊ ခေါင်းကိုက်၊ အန်ချင်၊ ကိုက်ခဲ၊ ကိုယ်ပူတာတွေ ဖြစ်နိုင်တယ်။ နောက်ပိုင်း ရှူဆေးကို ဆက် မသုံးတော့တာ တွေ့ရတယ်။ သိထားဘို့က ဒီထုတ်ပြန်ချက်တွေဟာ ဆေးကုမ္ပဏီတွေကနေ၊ တွေ့သိသလောက်ကို ပြောတာတွေသာ ဖြစ်တယ်။ မသိနိုင်တာတွေလဲ ရှိနိုင်တာပေါ့။ ဒါပေမဲ့ အကြောက်ကြီး ကြောက်ဘို့တော့ မလိုပါ။

မြန်မာပြည်မှာ ကျန်းမာရေးအသုံးစရိတ်က ၃% သာ သုံးနိုင်နေတယ်။ ၂-၁ဝ-ဝ၉ နေ့က WHO နဲ့ ကျန်းမာရေးဝန်ကြီးဌာန တွဲပြီး၊ Planning meeting on Pandemic (H1N1) 2009 vaccine deployment စီမံကိန်းအစည်းအဝေးတခု နေပြည်တော်မှာလုပ်ခဲ့တယ်။ ရလဒ်ကို ၂၁-၁ဝ-ဝ၉ နေ့က SEARO ကို ဆက်တင်ထားတယ်လို့ ဖတ်ရတယ်။ အားရှိကြပါလေ။ SEARO နိုင်ငံတွေထဲမှာ ဘဂ်လားဒေ့ရှ်၊ ဘူတန်၊ မြောက်ကိုရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မော်လ်ဒိဖ်၊ မြန်မာ၊ နီပေါလ်၊ သီရိလင်္ကာ၊ ထိုင်း၊ နဲ့ တီမော-လက်စ်တီ တို့ ပါဝင်တယ်။

မြန်မာ့လွတ်လပ်ရေးနေ့ သတင်းအရ တိုင်ဝမ်မှာ လူတိုင်းကနေ ပြည်တွင်းဖြစ်ကိုဘဲ ထိုးချင်သလား နိုင်ငံခြားက သွင်းတာကိုဘဲ ထိုးမလား၊ ကိုယ့်ဖါသာ ဆုံးဖြတ်နိုင်တယ်တဲ့။ နိုင်ငံခြားဖြစ်ဆိုတာ ဆွစ်ဇလန် Novartis ဆေးကုမ္ပဏီက လုပ်တာကို ပြောတာပါ။ ကျွန်တော်တို့ လူမျိုးတွေအဖို့လဲ ကိုယ့်ဖါသာကိုယ် ဆုံးဖြတ်ခွင့် အပြည့်ရှိကြပါတယ်။

Dr. တင့်ဆွေ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...