ပါးစပ်ကင်ဆာဖြစ်ပွားရတဲ့အဓိကအကြောင်းအရင်းတွင် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းက ဆေးလိပ်သောက်ခြင်းထက် ပိုများနေ


ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းနဲ့ ဆေးရွက်ကြီးဝါးခြင်းတို့ ဟာ အရင်တုန်းကတော့ ပါးစပ်ကင်ဆာဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေဖြစ်ပေမယ့်၊ ယခုမှာတော့၊ HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာကလည်း များလာကြောင်း တွေ့ ရှိရပါတယ်။
ကမ္ဘာတစ်လွှား ပါးစပ်ကင်ဆာ ၂၅ ရာခိုင်နှုန်း နဲ့ လည်ချောင်းကင်ဆာ ၃၅ ရာခိုင်နှုန်းဖြစ်ပွားရမှုမှာ HPV ခေါ် လိင်ဆက်ဆံရာကနေအရေပြားချင်းထိတွေ့ မိပြီး လိင်အင်္ဂါတွေမှာ ကြွက်နို့ သဏ္ဍာန်အသားမာတွေ ဖြစ်ကာ ကင်ဆာဖြစ်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးက အဓိကတရားခံဖြစ်တယ်လို့ ဆိုပါတယ်။
“ ဗြိတိန်မှာ ပါးစပ်ကင်ဆာဖြစ်ပွားမှုရဲ့ ၆၅ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်နေပြီး ၈ ကနေ ၁၄ ရာခိုင်နှုန်းက HPV ဗိုင်းရပ်စ်နဲ့ ဆက်စပ်နေပါတယ်” လို့ ဗြိတိန်ကင်ဆာသုတေသနဌာနက ကျန်းမာရေးအရာရှိ Fiona Osgun က ပြောပါတယ်။
HPV ဟာ အကာအကွယ်မရှိတဲ့လိင်ဆက်ဆံခြင်း၊ စအိုလိင်ဆက်ဆံခြင်းနဲ့ ပါးစပ်နဲ့ လိင်အင်္ဂါကိုထိတွေ့ ဆက်ဆံ ခြင်းတို့ ကနေ ကူးစက်နိုင်ကာ လိင်အင်္ဂါ၊စအိုလမ်းကြောင်း၊ ပါးစပ်၊ သားအိမ်နဲ့ လည်ချောင်းတို့ မှာ အသားမာ ဖုတွေ ဖြစ်ပေါ်နိုင်ပါတယ်။
ဒါပေမယ့် HPV ပိုးအမျိုးရာကျော်ရှိနိုင်ပြီး၊ အများစုကတော့ ကင်ဆာမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ သို့ ပေမယ်လည့် ဒီရာကျော်ထဲမှာ ပိုး ၁၅ မျိုးကတော့ ကင်ဆာနဲ့ ဆက်စပ်နေတာမို့ သတိထားဖို့ လိုပါတယ်။
Oral sex ခေါ် ပါးစပ်နဲ့ ထိတွေ့ ဆက်ဆံခြင်းကနေ HPV မကူးစက်နိုင်အောင်လို့ ၊ ဗြိတိန်ကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) က အမျိုးသားတွေမှာဆိုရင် ကွန်ဒုံးဝတ်ဆင်သင့်ပြီး၊ အမျိုးသမီး တွေဆိုရင်တော့ ပါးစပ်ကိုဖုံးကာဝတ်ဆင်ရတဲ့ dental dam အဖုံးအကာပစ္စည်းကို တပ်ဆင်သင့်ကြောင်း အကြံပေးထားပါတယ်။
Ye Wint – သစ်ထူးလွင်
Ref : Metro

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...