သွေးလွန်တုပ်ကွေး H1 N1 ရန်ကုန်မှာဖြစ်နေပါပြီ..လို့သတိပေးလိုက်တဲ့ ပြေတီဦး
မနေ့ညက ထွက်ပေါ်လာသည့် တရားဝင်မီဒီယာ သတင်းများအရ ရန်ကုန်တွင် H1 N1 သံသယရှိသူ လူနာနှစ်ဦး ဆေးရုံတွင်ရောက်ရှိနေကြာင်းသိရသည်။ သတင်းသည် ချက်ချင်းအလျင်အမြန် ပြန့်နှံ့သွားပြီး။ အချို့ကလည်း သို့လော သို့လောဖြစ်ကာ အချို့ကလည်း စိုးရိမ်ကြီးနေကြသည်။ 7 day သတင်းမှာလည်း ပါပြီးဖြစ်ကာ ဆေးရုံတာဝန်ရှိသူနှင့် မေးမြန်းထားသဖြင့် သတင်းသည် အတည်ဖြစ်သည်။ သို့သော် လူသေဆုံးခြင်း။ ဖြစ်ပွားသူဦးရော ၁၈ ဦး ၁၆ ဦးဆိုခြင်းတို့မှာ မှန်ကန်မှု မရှိဟုသိရသည်။
သည်အဖြစ်အပျက်အတွက် အနုပညာရှင် အသိုင်းအဝိုင်းမှအချို့ကလည်း စိုးရိမ်နေကြသည်။ ခင်ဝင့်ဝါ၊ မအေးသောင်းတို့လို ဖေ့ဘုတ်အကောင့်တို့မှလည်း H1 N1 သတိထားကြဖို့ ပို့စ်များတင်ကြသည်။ ဒီမနက် နာမည်ကျော်သရုပ်ဆောင် ပြေတီဦးကလည်း ၎င်း၏အကောင့်မှ ကားပေါ်တွင် မက်စ်တပ်ထားသော ဓာတ်ပုံတစ်ပုံ တင်လိုက်ပြီး ရောဂါကို သတိထားကြဖို့ ရေးသားထားသည်။
သွေးလွန်တုပ်ကွေး H1 N1 ရန်ကုန်မှာဖြစ်နေပါပြီ..
အပြင်သွားတိုင်း MASK အုပ်ပြီးသွားကြပါ...
ဖြစ်နိုင်ရင် လူထူထပ်တဲ့နေရာတွေ မသွားကြပါနဲ့...
သတိလေးနဲ့ နေကြပါ အမျိုးတို့ရေ...
ကျွန်တော်တို့လည်း MASK လေးနဲ့ နေပါကြောင်း
သိစေအပ်ပါတယ် ချစ်သောအမျိုးတို့ရေ..
အချိန် ၁၅ မိနစ်အတွင်း Like လုပ်သူ ၃၀၀၀ ကျော်နှင့်၊ Share လုပ်သူ ၃၀၀ ခန့်ရှိခဲ့သည်။
ရောဂါသည် အမှန်တကယ်ဖြစ်ပွားသည် မှန်သော်လည်း နိုင်ငံတော်အစိုးရမှ ကြေငြာချက် တစ်စုံတစ်ရာ ထွက်မလာသေးပေး။
PannPwint
Sorece-Pyi Ti Oo
Zawgyi Version
PannPwint
Sorece-Pyi Ti Oo
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...