တောင်သမန်အင်း ကန်ပေါင်ပေါ်မှ ပြုတ်ကျ၍ ရေနစ်သေဆုံး


မိုးဆက်တိုက်ရွာသွန်း မှုကြောင့် ရေတိုးနေသော တောင် သမန်အင်း၏ ကန်ပေါင်ပေါ်တွင် လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦး အင်းအတွင်း သို့ ပြုတ်ကျ၍ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့ အမရပူရမြို့ နယ်ရှိ တောင်သမန်အင်းကန် ပေါင်ပေါ်တွင် ဇူလိုင် ၂၂ ရက် မွန်းလွဲ ၃ နာရီက အသက် (၂၀)အရွယ် အမျိုးသား တစ်ဦးသည် အရက်မူးပြီး ရေအနက် ၁၃ ပေခန့်ရှိ အင်းအတွင်း သို့ ပြုတ်ကျ ရာမှ ရေနစ်သေဆုံးခဲ့ကြောင်း တောင်သမန်ငှက်လှေအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။
‘‘ဒီအချိန်က ရေတိုးနေတယ်။ ကောင်လေးကလည်း အရက် သောက် ထားတယ်။ ဘေးမှာလူ တွေရှိပေမယ့် ကူးတတ်တယ်ထင်ပြီး ကြည့်နေရင်း ပေါ်မလာမှ ရေ နစ်သွားတယ်လို့ သိကြတာ’’ဟု ဦးစိုးဝင်းက ပြောသည်။

မိုးရွာသွန်းမှုကြောင့် တောင် သမန်အင်းရေ မြင့်တက်လာပြီး ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းတွင် ရေအနည်းငယ်ပြန်ကျကာ ဦးပိန် တံတားအောက် ၆ ပေနှင့် ၈ ပေတို့၌သာ ရေရှိတော့ကြောင်း ငှက်လှေအသင်းဥက္ကဋ္ဌက ပြော သည်။

ရေနစ်သေဆုံးသည့် အမျိုးသားကို အမရပူရမြို့နယ် ဆေးရုံသို့ပို့ဆောင် ပြီး ရင်ခွဲစစ်ဆေးခဲ့ရာ အဆုတ်ထဲရေ၀င်၍ ရေနစ်သေဆုံးခြင်းဖြစ်ကာ ရဲစခန်းတွင် သေမှုသေခင်းဖွင့်၍ အမှုဖွင့်စစ်ဆေး နေသည်။

အဆိုပါနေ့တွင် အောင်မြေ သာစံမြို့နယ်ရှိ အသက် (၁၇)နှစ် လူငယ် နှစ်ဦးနှင့် (၁၅)နှစ်အရွယ် လူငယ်တစ်ဦးတို့ ဧရာဝတီမြစ်အ တွင်းသို့ ရေဆင်းကူးခဲ့ရာ (၁၇) နှစ် အရွယ်လူငယ်နှစ်ဦး ရေနစ် ခဲ့သည်။
မြစ်အတွင်း ရေနစ်ပျောက်ဆုံး၍ ရေငုပ်ကျွမ်းကျင်သူများဖြင့် ၀ိုင်းဝန်း ရှာဖွေခဲ့ရာ မြစ်ကမ်းစပ် ပေ ၂၀ နှင့် ၃၀ အကွာတွင် ၎င်းတို့ကို ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း အမှတ် (၇) နယ်မြေရဲ တပ်ဖွဲ့စခန်းမှ သိရသည်။

Credit: 7Day News Journal

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...