ငှက်တွေကို ကျောက်ရုပ်ဖြစ်သွားစေတဲ့ ရေကန်


ဒီကန်ဟာ ငှက်တွေ ကို ထိတ်လန့်စရာ ကျောက်ရုပ်တွေ ဖြစ်သွားစေပါတယ်။ ပုံမှာဖော်ပြထားတဲ့ ငှက်တွေကို ကန်ရဲ့ ဘေးပတ်ပတ်လည်မှာ တွေ့ရှိနိုင်ပါတယ်။ ဒီအကောင်လေးတွေဟာ ကျောက်တုံးလိုမာကျောနေတဲ့အတွက် လက်ရာမြောက်ထုလုပ်ထားတဲ့ ပန်းပုရုပ်တွေလို့ တောင်ထင်ရပါတယ်။
ဒီရေကန်အမည်က Lake Natron ဖြစ်ပြီး အာဖရိကတိုက်၊ တန်ဇေးနီးယားနိုင်ငံမှာ တည်ရှိပါတယ်။ ကန်ဆိုပေမဲ့ ရေက တိမ်တိမ်လေး ဖြစ်ပါတယ်။ ရေကန်ထဲက ရေဟာ ဆားငန်ရေ ရေပူစမ်းဖြစ်ပြီး တစ်ခါတစ်ရံမှာ 140 ဒီဂရီဖာရင်ဟိုက်လောက်ထိ ပူပါတယ်။ ကန်ဟာ အနီရောင် ဖြစ်နေတဲ့ အပြင် ရေထဲမှာ ဆိုဒီယမ်ကာဘွန်နိတ် (ဆော်ဒါ) တွေအဆမတန်ပျော်ဝင်နေပါတယ်။ ဒါကြောင့် ဒီရေကန်ထဲက အရမ်းပူလောင်နေတဲ့ ရေနဲ့ ထိတွေ့လိုက်မိတဲ့ သတ္တဝါတွေဟာ အပေူလောင်ပြီး သေရုံတင်မက ပဲ ကျောက်ရုပ်တွေလို မာတောင့်တောင့် ဖြစ်သွားရတာ ဖြစ်ပါတယ်။

Credit : Ayesay

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...