အထာကျတဲ့ မင်းသား နဲ့ ဇာတ်ကား ရိုက်ဖို့ စာချူပ်ချူပ်လိုက်တဲ့ ပိုပို






အထာကျတဲ့ မင်းသား နဲ့ ဇာတ်ကား ရိုက်ဖို့ စာချူပ်ချူပ်လိုက်တဲ့ ပိုပို
ပရိသတ် အားပေးမူရရှိထားတဲ့ အဆိုတော် ပိုပို က အခုဆို သရုပ်ဆောင် ဘက်မှာလည်း ဇာတ်ကား တွေ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ပထမဆုံး ရုပ်ရှင် အနေနဲ့ ကြောက် ကြောက် ကြောက် ရုပ်ရှင် ဇာတ်ကားကြီး မှာပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ နောက်ထပ် သရုပ်ဆောင် မူနဲ့ပတ်သတ်တဲ့ ခြေလှမ်းတွေကိုလည်း အခုလိုပြောပြထားပါတယ် ။
“အထာကျကျ သရုပ်ဆောင် တတ်တဲ့ မင်းသား ကိုထူးခြားနဲ့ ဗီဒီယို ဇာတ်ကား ၂ ကား ရိုက်ဖို့ ဆောင်းနှင်းရည် ဗီဒီယို ထုတ်လုပ်ဖြန့်ချီရေး နဲ့ စာချုပ်ချုပ်ဖြစ်ခဲ့ပါတယ်။ ပိုပို ရဲ့ ပရိတ်သတ် အတွက် ပိုပိုအကောင်းဆုံး ကြိုးစား သရုပ်ဆောင်သွားမှာပါ။ ပရိတ်သတ်ကြီးလဲ အားပေးကြပါဦးနော် ဘယ်လိုတွေ သရုပ်ဆောင် မလဲဆိုတာ စောင့်ကြည့်ကြပါနော် ” လို့ပြောပြထားပါတယ်။
သရုပ်ဆောင် အတွေ့အကြုံ အနည်းငယ်သာရှိတဲ့ ပိုပို က ဇာတ်ကား ရိုက်ကူးမူနဲ့ ပတ်သတ်ပြီးတော့လည်း ” ဇာတ်ကား ရိုက်ကူး ဖို့အတွေ့အကြုံက အရမ်းကြီးမရှိပါဘူ။း ရှေ့မှာဆိုရင်လည်း ကိုယ့် MTV မှာ ကိုယ်ပြန်ပြီး သရုပ်ဆောင် ရတာမျိုးတွေပဲရှိတယ် ရုပ်ရှင်ဆိုရင်တော့ ကြောက် ကြောက် ကြောက်ပဲ ရိုက်ရသေးတာ ဆိုတော့ သရုပ်ဆောင် ပိုင်းနဲ့ ပတ်သတ်ပြီးတော့ လိုအပ်တာတွေရှိပါသေးတယ်” လို့ပြောပါတယ်။

Credit : Myanmar Celebrities

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...