အိမ္အကူ အမ်ဳိးသမီးအား ရက္ ၂၀ ၾကာ တံခါးပိတ္ အဓမၼျပဳက်င့္သူကုိ ဖမ္းမိၿပီ


အိမ္အကူ အမ်ဳိးသမီးအား ရက္ ၂၀ ၾကာ တံခါးပိတ္ အဓမၼျပဳက်င့္သူကုိ ဖမ္းမိၿပီ
အိမ္ရွင္ရဲ႕ ႏွိပ္စက္မႈခံရလုိ႔ တရား႐ုံးကုိတုိင္တန္းၿပီး သက္ေသခံဖုိ႔ ျမစ္သားၿမိဳကေန ရန္ကုန္ကုိလာတဲ့ အိမ္အကူ မနန္းမုိးမုိးေအးအား ၿခိမ္းေျခာက္ဖမ္းဆီးေခၚေဆာင္ၿပီး ရက္ ၂၀ ၾကာ သားမယားျပဳက်င့္သူကုိ ဖမ္းဆီးရမိၿပီလုိ႔ ရန္ကုန္ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ပါတယ္။

ျဖစ္စဥ္မွာ ရန္ကုန္ မရမ္းကုန္းၿမိဳ႕နယ္၊ ၃ ရပ္ကြက္ရွိ ေဒၚခင္နန္းတင့္အိမ္မွာ အိမ္အကူ လုပ္ကုိင္ေနတဲ့ မနန္းမုိ႔မုိ႔ေအးကုိ အိမ္ရွင္က ႏွိပ္စက္ညႇဥ္းပန္းလုိ႔ တုိင္တန္းခဲ့ပါတယ္။

တရား႐ုံးကုိ သက္ေသခံဖုိ႔ ေအာင္မဂၤလာအေ၀းေျပးကား၀င္းေရာက္ရွိစဥ္ သူ႔ကုိ ၿခိမ္းေျခာက္ေခၚေဆာင္ၿပီး သားမယားျပဳက်င့္ခဲ့တဲ့ ရဲထြဋ္ (ခ) ေအာင္ဆန္းလင္း (ခ) ကုလားေလးအား အခ်ိန္တုိအတြင္း ဖမ္းဆီးရမိေၾကာင္း ရန္ကုန္ရဲတပ္ဖြဲ႔က သတင္းျပန္ထားတာပါ။

ၿပီးခဲ့တဲ့ ဇန္န၀ါရီလ ၃ ရက္ေန႔က မရမ္းကုန္းၿမိဳ႕နယ္၊ ၃ ရပ္ကြက္ရွိ ေဒၚခင္နန္းတင့္ေနအိမ္မွာ အိမ္အကူအျဖစ္လုပ္ကိုင္ေနတဲ့ မနန္းမို႔မို႔ေအး အသက္ ၁၄ ႏွစ္နဲ႔ မႏွင္းေ၀ေက်ာ္တို႔ကုိ အိမ္ရွင္က ႐ုိက္ႏွက္ ညႇဥ္းပန္းႏွိပ္စက္ ေသာ့ခတ္ေလွာင္ပိတ္ထားခဲ့ပါတယ္။

ဒါ့အျပင္ အိမ္ရွင္ ေဒၚခင္နန္းတင့္ရဲ့ ခုိင္းေစမႈနဲ႔ မႏွင္းေ၀ေက်ာ္ဟာ မနန္းမို႔မိ႔ုေအးကုိ င႐ုပ္က်ည္ေပြ႔ နဲ႔ ထုလုိ႔ အေပၚသြားနဲ႔ ေအာက္သြားေတြ က်ဳိးပဲ့ခဲ့ပါတယ္။

ဒီျဖစ္စဥ္န႔ပတ္သက္ၿပီး မနန္းမုိ႔မုိ႔ေအးရဲ႕ အဖြားျဖစ္သူ ေဒၚခင္၀င္းက တရားလုိလုပ္ တုိင္ၾကားခ်က္အရ မရမ္းကုန္းၿမိဳ႕နယ္၊ ဘုရင့္ေနာင္နယ္ေျမရဲစခန္းမွာ (ပ)၈၂/၂၀၁၇၊ ရာဇသတ္ ႀကီးပုဒ္မ ၃၂၅/၃၄၂/၁၁၄ နဲ႔ အမႈဖြင့္ၿပီး တရား႐ံုးသုိ႔ တရားစဲြဆိုတင္ပို႔ခဲ့ပါတယ္။

မနန္းမုိ႔မုိ႔ေအးဟာ မႏၱေလးတုိင္း ျမစ္သားၿမိဳနယ္မွာ ေနထုိင္သူျဖစ္ၿပီး ဒီအမႈနဲ႔ပတ္သက္ၿပီး တရား႐ုံးသက္ေသခံဖုိ႔ အဖြားျဖစ္သူေဒၚခင္၀င္း၊ တရပ္ကြက္တည္းေန ေဒၚခင္အုန္းၾကည္၊ မႏွင္းေ၀ေက်ာ္တို႔နဲ႔အတူ ဇူလိုင္ ၄ ရက္ေန႔ မနက္ ၅ နာရီအခ်ိန္မွာ မဂၤလာဒံုၿမိဳ႕နယ္၊ ေအာင္မဂၤလာအေ၀းေျပး၀င္းကုိ ေရာက္ရွိခဲ့ပါတယ္။

ေခတၱနားေနစဥ္ မနန္းမုိ႔မုိ႔ေအးဟာ ေပ်ာက္ဆံုးသြားခဲ့တဲ့အတြက္ အဖြားျဖစ္သူ လူေပ်ာက္တုိင္ၾကားခဲ့ရာ မဂၤလာဒံုၿမိဳ႕မရဲစခန္း လူေပ်ာက္ အမွတ္စဥ္(၄၇/၂၀၁၇) နဲ႔ စုံစမ္းေဆာင္ရြက္ခဲ့ပါတယ္။

ဇူလုိင္ ၂၆ ရက္ေန႔မွာေတာ့ မနန္းမုိ႔မုိ႔ေအးဟာ သူ႔အဖြားေနတဲ့ ျမစ္သားၿမိဳ႕ကုိ ျပန္လည္ေရာက္ရွိခဲ့ၿပီး “ဇူလုိင္လ ၄ ရက္ေန႔က အမႈသက္ေသခံရန္အတြက္ ေအာင္မဂၤလာ အေ၀းေျပး၀င္းသုိ႔ ေရာက္ရွိၿပီး ေခတၱနားေနစဥ္ ေဇကမၻာဘုရား၀င္းအတြင္း သြားေရာက္ခဲ့ရာ ရဲထြဋ္(ခ)ကုလားေလးနဲ႔အမည္မသိ အသက္ ၂၀ ႏွစ္အရြယ္ လူငယ္ ၂ ဦးတုိ႔က သူ႔ကုိ ၿခိမ္းေျခာက္ၿပီး ရဲထြဋ္ငွားရမ္းေနထုိင္တဲ့ မဂၤလာဒံုၿမိဳ႕နယ္ရွိ အေဆာင္တခုကုိ ေခၚေဆာင္လာခဲ့ေၾကာင္း၊ ဒီေနာက္ ရဲထြဋ္က တံခါးပိတ္ထားၿပီး သားမယားအျဖစ္ ရက္ ၂၀ ေလာက္ ျပဳက်င့္ခဲ့ေၾကာင္း အဖြားျဖစ္သူကုိ ေျပာျပခဲ့တယ္။

ဇူလုိင္ ၂၇ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ကုိ ျပန္လည္လုိက္ပါလာကာ သူကုိယ္တုိင္ တရားလုိလုပ္ၿပီး အေရးယူေပးဖုိ႔ တုိင္တန္းခ့တဲ့အတြက မဂၤလာဒံုၿမိဳ႕မရဲစခန္းက (ပ)၉၇၂/၂၀၁၇၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ-၃၇၆/၃၆၃/၁၁၄ နဲ႔ အမႈဖြင့္ေဆာင္ရြက္ခဲ့ပါတယ္။

ဒီအမႈနဲ႔ပတ္သက္ၿပီး က်ဴးလြန္သူက ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႔မႉး႐ုံးက တပ္ဖြဲ၀င္ေတြနဲ႔ မဂၤလာဒံုၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႔၀င္ေတြ ပူးေပါင္းၿပီး စံုစမ္းေဆာင္ရြက္ခဲ့ရာ ဇူလုိင္ ၂၇ ရက္ေန႔ ည ၁၀ နာရီအခ်ိ္န္ေလာက္မွာ ျပစ္မႈက်ဴးလြန္သူ ရဲထြဋ္(ခ)ေအာင္ဆန္းလင္း(ခ)ကုလားေလးကုိ သူေနထုိင္ရာ ျမသုခအေဆာင္မွာ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ပါတယ္။

ျပစ္မႈက်ဴးလြန္သူ ရဲထြဋ္(ခ)ေအာင္ဆန္းလင္း(ခ)ကုလားေလးကုိ ဆက္လက္စစ္ေဆး ေဆာင္ရြက္ေနၿပီး တရားလိုကုိ အေသးစိတ္ ထပ္မံစစ္ေဆးကာ ျပစ္မႈမွာ ပူးေပါင္းပါ၀င္ က်ဴးလြန္သူေတြရွိပါက ဆက္လက္ဖမ္းဆီးအေရးယူသြားမယ္လုိ႔ ထုတ္ျပန္ထားပါတယ္။

Credit; DVB
====
အိမ်အကူ အမျိုးသမီးအား ရက် ၂၀ ကြာ တံခါးပိတ် အဓမ္မပြုကျင့်သူကို ဖမ်းမိပြီ
အိမ်ရှင်ရဲ့ နှိပ်စက်မှုခံရလို့ တရားရုံးကိုတိုင်တန်းပြီး သက်သေခံဖို့ မြစ်သားမြိုကနေ ရန်ကုန်ကိုလာတဲ့ အိမ်အကူ မနန်းမိုးမိုးအေးအား ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်ပြီး ရက် ၂၀ ကြာ သားမယားပြုကျင့်သူကို ဖမ်းဆီးရမိပြီလို့ ရန်ကုန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန် မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်ရှိ ဒေါ်ခင်နန်းတင့်အိမ်မှာ အိမ်အကူ လုပ်ကိုင်နေတဲ့ မနန်းမို့မို့အေးကို အိမ်ရှင်က နှိပ်စက်ညှဉ်းပန်းလို့ တိုင်တန်းခဲ့ပါတယ်။

တရားရုံးကို သက်သေခံဖို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းရောက်ရှိစဉ် သူ့ကို ခြိမ်းခြောက်ခေါ်ဆောင်ပြီး သားမယားပြုကျင့်ခဲ့တဲ့ ရဲထွဋ် (ခ) အောင်ဆန်းလင်း (ခ) ကုလားလေးအား အချိန်တိုအတွင်း ဖမ်းဆီးရမိကြောင်း ရန်ကုန်ရဲတပ်ဖွဲ့က သတင်းပြန်ထားတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်ရှိ ဒေါ်ခင်နန်းတင့်နေအိမ်မှာ အိမ်အကူအဖြစ်လုပ်ကိုင်နေတဲ့ မနန်းမို့မို့အေး အသက် ၁၄ နှစ်နဲ့ မနှင်းဝေကျော်တို့ကို အိမ်ရှင်က ရိုက်နှက် ညှဉ်းပန်းနှိပ်စက် သော့ခတ်လှောင်ပိတ်ထားခဲ့ပါတယ်။

ဒါ့အပြင် အိမ်ရှင် ဒေါ်ခင်နန်းတင့်ရဲ့ ခိုင်းစေမှုနဲ့ မနှင်းဝေကျော်ဟာ မနန်းမို့မို့အေးကို ငရုပ်ကျည်ပွေ့ နဲ့ ထုလို့ အပေါ်သွားနဲ့ အောက်သွားတွေ ကျိုးပဲ့ခဲ့ပါတယ်။

ဒီဖြစ်စဉ်န့ပတ်သက်ပြီး မနန်းမို့မို့အေးရဲ့ အဖွားဖြစ်သူ ဒေါ်ခင်ဝင်းက တရားလိုလုပ် တိုင်ကြားချက်အရ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှာ (ပ)၈၂/၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃၂၅/၃၄၂/၁၁၄ နဲ့ အမှုဖွင့်ပြီး တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ပါတယ်။

မနန်းမို့မို့အေးဟာ မန္တလေးတိုင်း မြစ်သားမြိုနယ်မှာ နေထိုင်သူဖြစ်ပြီး ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးသက်သေခံဖို့ အဖွားဖြစ်သူဒေါ်ခင်ဝင်း၊ တရပ်ကွက်တည်းနေ ဒေါ်ခင်အုန်းကြည်၊ မနှင်းဝေကျော်တို့နဲ့အတူ ဇူလိုင် ၄ ရက်နေ့ မနက် ၅ နာရီအချိန်မှာ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းကို ရောက်ရှိခဲ့ပါတယ်။

ခေတ္တနားနေစဉ် မနန်းမို့မို့အေးဟာ ပျောက်ဆုံးသွားခဲ့တဲ့အတွက် အဖွားဖြစ်သူ လူပျောက်တိုင်ကြားခဲ့ရာ မင်္ဂလာဒုံမြို့မရဲစခန်း လူပျောက် အမှတ်စဉ်(၄၇/၂၀၁၇) နဲ့ စုံစမ်းဆောင်ရွက်ခဲ့ပါတယ်။

ဇူလိုင် ၂၆ ရက်နေ့မှာတော့ မနန်းမို့မို့အေးဟာ သူ့အဖွားနေတဲ့ မြစ်သားမြို့ကို ပြန်လည်ရောက်ရှိခဲ့ပြီး “ဇူလိုင်လ ၄ ရက်နေ့က အမှုသက်သေခံရန်အတွက် အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ ရောက်ရှိပြီး ခေတ္တနားနေစဉ် ဇေကမ္ဘာဘုရားဝင်းအတွင်း သွားရောက်ခဲ့ရာ ရဲထွဋ်(ခ)ကုလားလေးနဲ့အမည်မသိ အသက် ၂၀ နှစ်အရွယ် လူငယ် ၂ ဦးတို့က သူ့ကို ခြိမ်းခြောက်ပြီး ရဲထွဋ်ငှားရမ်းနေထိုင်တဲ့ မင်္ဂလာဒုံမြို့နယ်ရှိ အဆောင်တခုကို ခေါ်ဆောင်လာခဲ့ကြောင်း၊ ဒီနောက် ရဲထွဋ်က တံခါးပိတ်ထားပြီး သားမယားအဖြစ် ရက် ၂၀ လောက် ပြုကျင့်ခဲ့ကြောင်း အဖွားဖြစ်သူကို ပြောပြခဲ့တယ်။

ဇူလိုင် ၂၇ ရက်နေ့မှာ ရန်ကုန်မြို့ကို ပြန်လည်လိုက်ပါလာကာ သူကိုယ်တိုင် တရားလိုလုပ်ပြီး အရေးယူပေးဖို့ တိုင်တန်းခ့တဲ့အတွက မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၉၇၂/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆/၃၆၃/၁၁၄ နဲ့ အမှုဖွင့်ဆောင်ရွက်ခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက တပ်ဖွဲဝင်တွေနဲ့ မင်္ဂလာဒုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး စုံစမ်းဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၇ ရက်နေ့ ည ၁၀ နာရီအချိ်န်လောက်မှာ ပြစ်မှုကျူးလွန်သူ ရဲထွဋ်(ခ)အောင်ဆန်းလင်း(ခ)ကုလားလေးကို သူနေထိုင်ရာ မြသုခအဆောင်မှာ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ပြစ်မှုကျူးလွန်သူ ရဲထွဋ်(ခ)အောင်ဆန်းလင်း(ခ)ကုလားလေးကို ဆက်လက်စစ်ဆေး ဆောင်ရွက်နေပြီး တရားလိုကို အသေးစိတ် ထပ်မံစစ်ဆေးကာ ပြစ်မှုမှာ ပူးပေါင်းပါဝင် ကျူးလွန်သူတွေရှိပါက ဆက်လက်ဖမ်းဆီးအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Credit; DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...