ကေလးအေလာင္းခ်င္းလြဲၿပီး မွားယြင္းမီးသၿဂႋဳဟ္မႈျဖစ္ပြား


ကေလးအေလာင္းခ်င္းလြဲၿပီး မွားယြင္းမီးသၿဂႋဳဟ္မႈျဖစ္ပြား
ရန္ကင္းကေလးေဆး႐ံု ႀကီးတြင္ ကေလးအေလာင္းတစ္ ေလာင္းကုိ ပိုင္ရွင္မဲ့ကေလးအ ေလာင္းႏွင့္ မွားယြင္းမီးသၿဂႋဳဟ္ သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း ရဲ တပ္ဖဲြ႕မွ သတင္းရရွိသည္။
ဇူလိုင္ ၂၇ ရက္တြင္ မွား ယြင္းမီးသၿဂႋဳဟ္မိခ့ဲၿပီး ရန္ကင္း  ကေလးေဆး႐ံုႀကီး ေရခဲတိုက္၌ ပိုင္ရွင္မဲ့ ကေလးငါးေလာင္းႏွင့္ ပိုင္ရွင္ရွိ ကေလးတစ္ေလာင္း ထားရွိရာမွ ပိုင္ရွင္မဲ့အေလာင္း ကို မီးသၿဂႋဳဟ္ရန္ ဒဂံုၿမိဳ႕သစ္ဆိပ္ ကမ္းၿမိဳ႕နယ္ က်ည္စုသုသာန္သို႔ ပို႔ေဆာင္စဥ္ ပိုင္ရွင္ရွိ ကေလးအေလာင္းကို မွားယြင္းမီးသၿဂႋဳဟ္ မိခဲ့သည္။

မူဆယ္ၿမိဳ႕မွ ေသြးေရာဂါျဖင့္ ေဆးကုသမႈ လာေရာက္ခံယူရင္း ကေလးငယ္သည္ ရန္ကင္းေဆး႐ံု ႀကီးတြင္ ဇူလိုင္ ၂၅ ရက္က ေသ ဆံုးခဲ့ၿပီး ပိုင္ရွင္က သြားထုတ္ေသာအခါမွ မွားယြင္းပါသြား ေၾကာင္း သိရျခင္းျဖစ္သည္။ ထို ျဖစ္စဥ္ႏွင့္ပတ္သက္၍ ရန္ကင္း ေဆး႐ံုအုပ္ႀကီးကုိ ဇူလိုင္ ၂၈ ရက္ က ေမးျမန္းရန္ ဆက္သြယ္ေသာ္ လည္း မရခဲ့ေပ။

Unicode

ရန်ကင်းကလေးဆေးရုံ ကြီးတွင် ကလေးအလောင်းတစ် လောင်းကို ပိုင်ရှင်မဲ့ကလေးအ လောင်းနှင့် မှားယွင်းမီးသင်္ဂြိုဟ် သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။
ဇူလိုင် ၂၇ ရက်တွင် မှား ယွင်းမီးသင်္ဂြိုဟ်မိခဲ့ပြီး ရန်ကင်း  ကလေးဆေးရုံကြီး ရေခဲတိုက်၌ ပိုင်ရှင်မဲ့ ကလေးငါးလောင်းနှင့် ပိုင်ရှင်ရှိ ကလေးတစ်လောင်း ထားရှိရာမှ ပိုင်ရှင်မဲ့အလောင်း ကို မီးသင်္ဂြိုဟ်ရန် ဒဂုံမြို့သစ်ဆိပ် ကမ်းမြို့နယ် ကျည်စုသုသာန်သို့ ပို့ဆောင်စဉ် ပိုင်ရှင်ရှိ ကလေးအလောင်းကို မှားယွင်းမီးသင်္ဂြိုဟ် မိခဲ့သည်။
မူဆယ်မြို့မှ သွေးရောဂါဖြင့် ဆေးကုသမှု လာရောက်ခံယူရင်း ကလေးငယ်သည် ရန်ကင်းဆေးရုံ ကြီးတွင် ဇူလိုင် ၂၅ ရက်က သေ ဆုံးခဲ့ပြီး ပိုင်ရှင်က သွားထုတ်သောအခါမှ မှားယွင်းပါသွား ကြောင်း သိရခြင်းဖြစ်သည်။ ထို ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကင်း ဆေးရုံအုပ်ကြီးကို ဇူလိုင် ၂၈ ရက် က မေးမြန်းရန် ဆက်သွယ်သော် လည်း မရခဲ့ပေ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...