ဒူဘိုင္းကို စိုးသူနဲ႔ခရီးထြက္ခဲ့တဲ့ စိုးျမတ္နႏၵာ

စိုးျမတ္သူဇာရဲ့ ညီမအရင္းျဖစ္သူ ႐ုပ္ရွင္သ႐ုပ္ေဆာင္ စိုးျမတ္နႏၵာ ဟာ လက္တေလာမွာ ဒူဘိုင္းကို ခရီးေရာက္ေနတယ္လို႔ သိရပါတယ္။

ဒါဒါလို႔ ခ်စ္စနိုးေခၚၾကတဲ့ မင္းသမီးေခ်ာ စိုးျမတ္နႏၵာ ဟာ အႏုပညာလွုပ္ရွားမွုေတြစိပ္ေနေပမယ့္ သူမရဲ့ တစ္ေန႔တာလွုပ္ရွားမွုေလးေတြကိုေတာ့ ေဖ့ဘုတ္မွာ မၽွေဝေလ့ရွိပါတယ္။

အဆိုေတာ္တစ္ဦးနဲ႔ကြာရွင္းထားၿပီး သားေလးတစ္ေယာက္ရဲ့ ေမေမစိုးျမတ္နႏၵာ ဟာ လက္ရွိသူမရဲ့အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြၾကားဂယက္ထေဝဖန္မွုေတြၾကဳံခဲ့ရပါတယ္။

သူမ လက္ရွိသြားေနတဲ့ ဒူဘိုင္းခရီးစဥ္မွာ တစ္ခ်ိန္က နာမည္ေက်ာ္အဆိုေတာ္ ႐ုပ္ရွင္မင္းသား စိုးသူလည္း ပါဝင္ၿပီး သူတို႔ခ်စ္သူႏွစ္ဦးရဲ့ ပုံရိပ္ေတြကိုလည္း လူမွုကြန္ရက္မွာ တင္ထားပါတယ္။

ဇြန္လ(၁၆)ရက္ေန႔ကလည္း သူမအကိုအရင္းရွိရာၿမိဳ႕ေလးဆီအလည္သြားၿပီး အမွတ္တရဓာတ္ပုံေလးေတြရိုက္ခဲ့ပါတယ္။

ေဝဖန္တဲ့ပရိသတ္ေတြရွိသလို စိုးသူနဲ ဒါဒါတို႔ စုံတြဲကို လိုက္ဖက္ညီတဲ့စုံတြဲလို႔လည္း ပရိသတ္အခ်ိဳ႕က ခ်စ္ခင္အားေပးၾကပါတယ္။

Credit – Myanmarload
=========

စိုးမြတ်သူဇာရဲ့ ညီမအရင်းဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်နန္ဒာ ဟာ လက်တလောမှာ ဒူဘိုင်းကို ခရီးရောက်နေတယ်လို့ သိရပါတယ်။

ဒါဒါလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချော စိုးမြတ်နန္ဒာ ဟာ အနုပညာလှုပ်ရှားမှုတွေစိပ်နေပေမယ့် သူမရဲ့ တစ်နေ့တာလှုပ်ရှားမှုလေးတွေကိုတော့ ဖေ့ဘုတ်မှာ မျှဝေလေ့ရှိပါတယ်။

အဆိုတော်တစ်ဦးနဲ့ကွာရှင်းထားပြီး သားလေးတစ်ယောက်ရဲ့ မေမေစိုးမြတ်နန္ဒာ ဟာ လက်ရှိသူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားဂယက်ထဝေဖန်မှုတွေကြုံခဲ့ရပါတယ်။

သူမ လက်ရှိသွားနေတဲ့ ဒူဘိုင်းခရီးစဉ်မှာ တစ်ချိန်က နာမည်ကျော်အဆိုတော် ရုပ်ရှင်မင်းသား စိုးသူလည်း ပါဝင်ပြီး သူတို့ချစ်သူနှစ်ဦးရဲ့ ပုံရိပ်တွေကိုလည်း လူမှုကွန်ရက်မှာ တင်ထားပါတယ်။

ဇွန်လ(၁၆)ရက်နေ့ကလည်း သူမအကိုအရင်းရှိရာမြို့လေးဆီအလည်သွားပြီး အမှတ်တရဓာတ်ပုံလေးတွေရိုက်ခဲ့ပါတယ်။

ဝေဖန်တဲ့ပရိသတ်တွေရှိသလို စိုးသူနဲ ဒါဒါတို့ စုံတွဲကို လိုက်ဖက်ညီတဲ့စုံတွဲလို့လည်း ပရိသတ်အချို့က ချစ်ခင်အားပေးကြပါတယ်။

Credit – Myanmarload





Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...