မိန်းမလျှာဆိုပြီး စနောက်လိုက်မိရာကနေ ခံလိုက်ရတဲ့ဖြစ်ရပ်..။

ပဲခူးမြို့၊မြို့မရဲစခန်းအပိုင်၊ဈေးပိုင်းရပ်ကွက်၊ပဲခူးတံတားပေါ်တွင်(၂.၇.၂၀၁၇)နေ့ ည(၁၁)နာရီအချိန်ခန့်က ခြိမ်းခြောက်ပြောဆိုပြီး ဆိုင်ကယ်တစ်စီးယူမှုတစ်ခုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ မောင်ရန်လင်းထက်(၁၈)နှစ်၊(ဘ)ဦးဝင်းခိုင်၊ပရိဘောဂလုပ်၊နယ်မြေ(၃)၊ကမာနတ်ကျေးရွာ၊ပဲခူးမြိုကနယ်နေသူသည် လူငယ်သဘာဝအရ ဆိုင်ကယ်ပတ်စီးပြီး ပဲခူးလိပ်ပြာကန်ဘက်မှ ပဲခူးတံတားဘက်သို့မောင်းနှင်လာစဉ် မိန်းမလျှာနှစ်ဦးအား ဘယ်သွားမလို့လဲဟုစနောက်ခဲ့ရာ ပဲခူးတံတားပေါ်လိုက်ပို့ပေးဟုပြောဆိုသဖြင့် မောင်ရန်လင်းထက်မှ လိုက်ပို့ပေးခဲ့ပြီး နေအိမ်သို့ပြန်ရန်ဆိုင်ကယ်အားလှည့်စဉ် အမည်မသိအမျိုးသား(၂)ဦး၊လူမြင်လျှင်မှတ်မိမှ မငိးဆိုင်ကယ်ပေါ်ကဆင်းပေး မဆင်းရင်တွေ့လား ငါ့ခါးထဲမှဓားဟုပေါ်ဆိုသဖြင့် ဆိုင်ကယ်ပေါ်မှဆင်းသဖြင့် အမည်မသိအမျိုးသား(၂)ဦးနှင့်မိန်းမလျှာ(၁)ဦးတို့သည် ၄င်းဆိုင်ကယ်အားပဲခူးတံပေါ်မှမောင်းပြီးထွက်သွားခဲ့သဖြင့်ရန်လင်းထက်ဆိုင်ကယ်အား ခြိမ်းခြောက်ကာလုယူသွားသူ ကျော်ဝင်းသန့်(ခ)မေသစ်၊(မိန်းမလျှာ)နှင့်အမည်မသိအမျိုးသား(၂)ဦးတို့အားဥပဒေအရအရေးယူပေးပါရန်တိုင်
ကြားသဖြင့် စခန်းမှ(ပ)၈၅၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ အရအမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။
Ko Thant Zin
Image may contain: one or more people and people standing

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...