၉ နှစ်အရွယ် မွေးစားမြေးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်သည့် အဖိုးဖြစ်သူအား ဖမ်းဆီး


Credit:DVB
ထိုင်းနိုင်ငံမှာ အသက် ၉ နှစ်အရွယ် မွေးစားမြေး မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့တဲ့ အသက် ၆၀ အရွယ် အဖိုးဖြစ်သူကို ရဲတွေက ဇူလိုင် ၁၆ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
ပွန်အမည်ရတဲ့ အဲဒီအဖိုးအိုကို ဇနီးဖြစ်သူရဲ့ တိုင်ကြားမှုနဲ့ ရာယောင်းခရိုင်တွင်း ယာခင်းတခုထဲက တဲတလုံးအတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ထိုင်းရတ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
သူတို့ကို ရဲစခန်းခေါ်ပြီး စစ်မေးခဲ့ချိန်မှာတော့ ဘိုအမည်ရတဲ့ ကလေးငယ်က ဒါဟာ ပထမအကြိမ်မဟုတ်ဘဲ အဖိုးအိုဟာ သူ့ကို ဘတ် ၂၀ စီပေးပြီး ဘယ်သူ့ကိုမှမပြောဖို့ နှုတ်ပိတ်ကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ထွက်ဆိုခဲ့တာပါ။
အဖိုးအို ပွန်ကတော့ သူဟာ အဲဒီအချိန်မှာ ဂျင်းအရက်သောက်ထားခဲ့ပြီး စိတ်ထွေပြား မှားယွင်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ရဲစခန်းကို တိုင်ကြားခဲ့တဲ့ ဇနီးဖြစ်သူကတော့ သူတို့ဟာ ၁၀ နှစ်နီးပါးလောက် အတူနေထိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်နိုင်ဖို့ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...