အၾကမ္းဖက္ေဖာက္ခြဲေရးသမားႏွစ္ဦး ျမန္မာႏိုင္ငံအတြင္း ေရာက္ရွိဟုဆို

ျပည္ပအေျခစိုက္ အၾကမ္းဖက္ အဖြဲ႔အစည္းမ်ားႏွင့္ ခ်ိတ္ဆက္၍ ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္ေဖာက္ခြဲမႈမ်ား ျပဳလုပ္ရန္ ျပန္လည္ဝင္ေရာက္လာေသာ ျမန္မာႏိုင္ငံသားႏွစ္ဦး၏ ဓာတ္ပုံမ်ားကို ျဖန္႔ေဝ၍ ဖမ္းဆီးစစ္ေဆးႏိုင္ရန္ လိုက္လံစုံစမ္းေဆာင္႐ြက္ေနေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔မွ အႀကီးတန္း ရဲအရာရွိႀကီးတစ္ဦးက ေျပာၾကားသည္။

“ေဖာက္ခြဲေရးသမားႏွစ္ေယာက္ ျမန္မာႏိုင္ငံထဲ ေရာက္ရွိေနတာကို အင္တာပိုနဲ႔ ခ်ိတ္ဆက္ၿပီး သတင္းရခဲ့တယ္။ လက္ရွိ သူတို႔ႏွစ္ေယာက္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ရွိေနတယ္ သတင္းရလို႔ ေျမလွန္ရွာေနတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ဓာတ္ပုံကိုလည္း ရွမ္းေျမာက္ပိုင္းမွာရွိတဲ့ လူစည္ကားရာ ေနရာေတြမွာ ခ်ိတ္ဆြဲေပးထားတယ္။ ေတြ႔ရင္ ျပည္သူေတြ သတင္းေပးႏိုင္ေအာင္လို႔ပါ” ဟု ၎က ဆိုသည္။

အဆိုပါ ေဖာက္ခြဲေရးသမားႏွစ္ဦးမွာ အသက္ ၂၀ ႏွစ္ဝန္းက်င္ ရွိၿပီး ၎တို႔ မည္သည့္အဖြဲ႔အစည္းႏွင့္ ပတ္သက္ေနသည္ကိုမူ လတ္တေလာ သတင္းထုတ္ျပန္ေပးႏိုင္ျခင္း မရွိေသးေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

လာမည့္ ဇူလိုင္လ ၁၉ ရက္ေန႔တြင္ က်ေရာက္မည့္ အာဇာနည္ေန႔မတိုင္မီ ျမန္မာႏိုင္ငံတစ္ဝန္း၌ မလိုလားအပ္သည့္ ပဋိပကၡမ်ားႏွင့္ အၾကမ္းဖက္မႈမ်ား မျဖစ္ပြားေစရန္ ရဲတပ္ဖြဲ႔က လုံၿခံဳေရး အထူးတိုးျမႇင့္ ေဆာင္႐ြက္ထားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ ဌာနခ်ဳပ္ထံမွ စုံစမ္းသိရွိရသည္။

Credit:thevoicemyanmar

Unicode

ပြည်ပအခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ဖောက်ခွဲမှုများ ပြုလုပ်ရန် ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားနှစ်ဦး၏ ဓာတ်ပုံများကို ဖြန့်ဝေ၍ ဖမ်းဆီးစစ်ဆေးနိုင်ရန် လိုက်လံစုံစမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။

“ဖောက်ခွဲရေးသမားနှစ်ယောက် မြန်မာနိုင်ငံထဲ ရောက်ရှိနေတာကို အင်တာပိုနဲ့ ချိတ်ဆက်ပြီး သတင်းရခဲ့တယ်။ လက်ရှိ သူတို့နှစ်ယောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိနေတယ် သတင်းရလို့ မြေလှန်ရှာနေတယ်။ သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံကိုလည်း ရှမ်းမြောက်ပိုင်းမှာရှိတဲ့ လူစည်ကားရာ နေရာတွေမှာ ချိတ်ဆွဲပေးထားတယ်။ တွေ့ရင် ပြည်သူတွေ သတင်းပေးနိုင်အောင်လို့ပါ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဖောက်ခွဲရေးသမားနှစ်ဦးမှာ အသက် ၂၀ နှစ်ဝန်းကျင် ရှိပြီး ၎င်းတို့ မည်သည့်အဖွဲ့အစည်းနှင့် ပတ်သက်နေသည်ကိုမူ လတ်တလော သတင်းထုတ်ပြန်ပေးနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့မတိုင်မီ မြန်မာနိုင်ငံတစ်ဝန်း၌ မလိုလားအပ်သည့် ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့က လုံခြုံရေး အထူးတိုးမြှင့် ဆောင်ရွက်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ထံမှ စုံစမ်းသိရှိရသည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...