အသက္အႏၲရာယ္ကေန အဆိုေတာ္ေတြကို ကယ္တင္ေပးခဲ့တဲ့ ေမခလာ


အဆိုေတာ္ေမခလာက ဘုရားဂုဏ္ေတာ္တန္ခိုးေၾကာင့္ အဆိုေတာ္ေတြအားလုံး အသက္ေဘးကေန လႊတ္ေျမာက္ခဲ့ပံုကို အမွတ္တရအေနနဲ႔ Myanmar Celebrities ကို အခုလို ေျပာျပခဲ့ပါတယ္။ " ခ်စ္ငယ္တို႔ ေရးၿမိဳ႕ကိုသြားတုန္း အဆိုေတာ္ၿဖဴျဖဴေက်ာ္သိန္း၊ ရဲေလး ၊ ၿဖိဳးႀကီး ၊ သားစိုး ၊ ယုဇနဲ႔ အဆိုေတာ္ေတ္ေတာ္မ်ားမ်ားပါတယ္ ခ်စ္ငယ္ကခရီးသြားရင္ ဘယ္ေတာ့မွ မအိပ္တက္ဘူး။ ကားစီးလည္း Driver ေနာက္နားက ေန စီးတယ္ ၿပီးေတာ့ ဘယ္သြားသြားဘုရားဂုဏ္ေတာ္ေတြ ရြတ္တက္တယ္ သြားတဲ့ေနရာတိုင္း ကားေပၚမွာ ပုတီးစိပ္တက္တယ္။ ဒီဘာသာေရးက ကိုယ့္ကိုယ္အကာအကြယ္ေပးခ်င္တာေလးကို ေျပာခ်င္တာပါ။ အရင္တုန္းကဆိုရင္ လမ္းေတြက ေတာ္ေတာ္က်ဥ္းတယ္ေလ။


အဲ့တုန္းကအျပန္မွာ ကားဆရာႀကီးက ထမင္းစားတယ္ ၿပီးေတာ့ၿပန္ေမာင္းထြက္တဲ့အခ်ိန္မွာ ကားဆရာႀကီးရဲ႕ ပုံစံက normal မဟုတ္ေတာ့ဘူး။ သူက ကားကို အရမ္းေမာင္းတယ္။ လတ္တလုံးၾကားေလးေတြတင္ ႏြားကိုတိုက္ေတာ့မလိုလို လူကိုတိုက္ေတာ့မလိုလို ကားခ်င္းတိုက္ေတာ့မလိုေတြ ျဖစ္တယ္။ အဲ့ဒီအခ်ိန္မွာ ခ်စ္ငယ္ကဘုရားစာေတြ အရမ္းရြတ္တယ္ ၿပီးေတာ့ သူ႔ကိုၾကည့္ၿပီး ေဇာေခၽြးေတြေတာင္ ျပန္ေနၿပီ။ ကားဆရာကလည္းကားေမာင္းရင္းနဲ႔ေခါင္းငိုက္ငိုက္သြားတယ္။ အဲ့ဒါေၾကာင့္ ကၽြန္မကားဆရာႀကီးကို " ကၽြန္မ ကၽြဲ ေကာသီး ဝယ္ခ်င္လို႔ပါ " ဆိုၿပီး ကားရပ္ေအာင္ေျပာလဲ မရဘူးအရွိန္နဲ႔ပဲ ေမာင္းေနတာေလ။

ကားထဲမွာရွိတဲ့ အဆိုေတာ္ေတြကလည္း အားလုံး အိပ္ေပ်ာ္ေနၾကၿပီ ေနာက္ေတာ့ ကားဆရာေဘးနားကပ္ၿပီး အေပါ့သြားခ်င္လို႔ဆိုၿပီးေျပာေတာ့မွ ကားကိုရက္ခ်လိုက္တယ္။ ေရွ႕မွာလည္း ေခ်ာက္ကမ္းပါးေပၚကေနက်ဖို႔ နည္းနည္းပဲလိုေတာ့တယ္။ အဆိုေတာ္ေတြအားလုံးကို ကားေပၚကေန ဆင္းခိုင္းေတာ့ အကုန္လုံးက အိပ္ခ်င္မူးတူးနဲ႔ ဆင္းလာၾကတယ္။ ကားလည္းရပ္ၿပီးစကၠန္႔ ၾကာေတာ့ ကားဆရာႀကီးက အရိုေပ်ာ့။ၿပီးေတာ့ ပုံၾကသြားတယ္။ ေနာက္ထပ္သာဆက္ေမာင္းရင္ တစ္ကားလုံးေသမွာေလ ကံေကာင္းလို႔ေလ။ ကားဆရာႀကီးက ေသြးေဆာင့္တက္ၿပီးေတာ့ ေလျဖတ္သြားတာတဲ့ေလ။ အားလုံးလည္းသိေတာ့မွ သားစိုးတို႔ ၿဖိဳးႀကီးတို႔က သူတို႔ရဲ႕အသက္ကိုကယ္တာ ခ်စ္ငယ္ဆိုၿပီး ေက်းဇူးတင္ၾကတယ္ " လို႔ အမွတ္တရ ေျပာျပခဲ့ပါတယ္။

Yanpaing Soe ( Myanmar Celebrities )myanmarcelewiki

Unicode
အဆိုတော်မေခလာက ဘုရားဂုဏ်တော်တန်ခိုးကြောင့် အဆိုတော်တွေအားလုံး အသက်ဘေးကနေ လွှတ်မြောက်ခဲ့ပုံကို အမှတ်တရအနေနဲ့ Myanmar Celebrities ကို အခုလို ပြောပြခဲ့ပါတယ်။ " ချစ်ငယ်တို့ ရေးမြို့ကိုသွားတုန်း အဆိုတော်ဖြူဖြူကျော်သိန်း၊ ရဲလေး ၊ ဖြိုးကြီး ၊ သားစိုး ၊ ယုဇနဲ့ အဆိုတော်တေ်တော်များများပါတယ် ချစ်ငယ်ကခရီးသွားရင် ဘယ်တော့မှ မအိပ်တက်ဘူး။ ကားစီးလည်း Driver နောက်နားက နေ စီးတယ် ပြီးတော့ ဘယ်သွားသွားဘုရားဂုဏ်တော်တွေ ရွတ်တက်တယ် သွားတဲ့နေရာတိုင်း ကားပေါ်မှာ ပုတီးစိပ်တက်တယ်။ ဒီဘာသာရေးက ကိုယ့်ကိုယ်အကာအကွယ်ပေးချင်တာလေးကို ပြောချင်တာပါ။ အရင်တုန်းကဆိုရင် လမ်းတွေက တော်တော်ကျဉ်းတယ်လေ။

အဲ့တုန်းကအပြန်မှာ ကားဆရာကြီးက ထမင်းစားတယ် ပြီးတော့ပြန်မောင်းထွက်တဲ့အချိန်မှာ ကားဆရာကြီးရဲ့ ပုံစံက normal မဟုတ်တော့ဘူး။ သူက ကားကို အရမ်းမောင်းတယ်။ လတ်တလုံးကြားလေးတွေတင် နွားကိုတိုက်တော့မလိုလို လူကိုတိုက်တော့မလိုလို ကားချင်းတိုက်တော့မလိုတွေ ဖြစ်တယ်။ အဲ့ဒီအချိန်မှာ ချစ်ငယ်ကဘုရားစာတွေ အရမ်းရွတ်တယ် ပြီးတော့ သူ့ကိုကြည့်ပြီး ဇောချွေးတွေတောင် ပြန်နေပြီ။ ကားဆရာကလည်းကားမောင်းရင်းနဲ့ခေါင်းငိုက်ငိုက်သွားတယ်။ အဲ့ဒါကြောင့် ကျွန်မကားဆရာကြီးကို " ကျွန်မ ကျွဲ ကောသီး ဝယ်ချင်လို့ပါ " ဆိုပြီး ကားရပ်အောင်ပြောလဲ မရဘူးအရှိန်နဲ့ပဲ မောင်းနေတာလေ။

ကားထဲမှာရှိတဲ့ အဆိုတော်တွေကလည်း အားလုံး အိပ်ပျော်နေကြပြီ နောက်တော့ ကားဆရာဘေးနားကပ်ပြီး အပေါ့သွားချင်လို့ဆိုပြီးပြောတော့မှ ကားကိုရက်ချလိုက်တယ်။ ရှေ့မှာလည်း ချောက်ကမ်းပါးပေါ်ကနေကျဖို့ နည်းနည်းပဲလိုတော့တယ်။ အဆိုတော်တွေအားလုံးကို ကားပေါ်ကနေ ဆင်းခိုင်းတော့ အကုန်လုံးက အိပ်ချင်မူးတူးနဲ့ ဆင်းလာကြတယ်။ ကားလည်းရပ်ပြီးစက္ကန့် ကြာတော့ ကားဆရာကြီးက အရိုပျော့။ပြီးတော့ ပုံကြသွားတယ်။ နောက်ထပ်သာဆက်မောင်းရင် တစ်ကားလုံးသေမှာလေ ကံကောင်းလို့လေ။ ကားဆရာကြီးက သွေးဆောင့်တက်ပြီးတော့ လေဖြတ်သွားတာတဲ့လေ။ အားလုံးလည်းသိတော့မှ သားစိုးတို့ ဖြိုးကြီးတို့က သူတို့ရဲ့အသက်ကိုကယ်တာ ချစ်ငယ်ဆိုပြီး ကျေးဇူးတင်ကြတယ် " လို့ အမှတ်တရ ပြောပြခဲ့ပါတယ်။

Yanpaing Soe ( Myanmar Celebrities )

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...