ပဲဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ကုန္းအင္းေက်းရြာအုပ္စု၊ ၾကံခင္းေက်းရြာမွာ ဇူလိုင္လ ၆ ရက္ ည ၇ နာရီေလာက္က လင္မယားခ်င္္း စကားမ်ား ရန္ျဖစ္ရာက မိန္းမျဖစ္သူကို ဓာတ္ဆီေလာင္းမီး႐ိႈ႕မႈ ျဖစ္ခဲ့တယ္လို႔ ၿမိဳ႕မရဲစခန္းမႉးက ေျပာပါတယ္။
လင္မယားခ်င္း စကားမ်ား ရန္ျဖစ္ရာက ေဒၚတင္တင္ညိဳကို ခင္ပြန္းျဖစ္သူ ေဇာ္ႀကီးက ေမာင္းႏွင္လာတဲ့ LOUJIA (ေလာ့ဂ်ာ) ဆိုင္ကယ္အတြင္းက ဓာတ္ဆီကို ခြက္နဲ႔ထည့္ယူၿပီး ပက္ဖ်န္းခဲ့ၿပီး အသင့္ပါလာတဲ့ ဂက္စ္မီးျခစ္နဲ႔ မီး႐ိႈ႕ခဲ့တာလုိ႔ ေညာင္ေလးပင္ ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးေဇာ္မိုးက ဒီဗြီဘီကို ေျပာပါတယ္။
မီး႐ိႈ႕မႈေၾကာင့္ ေဒၚတင္တင္ညိဳဟာ မ်က္ႏွာနဲ႔ ခႏၶာကိုယ္တခုလံုး မီးေလာင္ဒဏ္ရာေတြ ရရွိခဲ့ၿပီး ေညာင္ေလးပင္ၿမိဳ႕ေဆး႐ံုမွာ အတြင္းလူနာအျဖစ္ ေဆးကုသမႈ ခံယူေနရတယ္လို႔ ဆုိပါတယ္။
မီး႐ိႈ႕မႈနဲ႔ပတ္သက္ၿပီး ဇနီးကို ဓာတ္ဆီနဲ႔ ပက္၊ မီး႐ိႈ႕သူ ေဇာ္ႀကီးကို ေညာင္ေလးပင္ၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၂၆ နဲ႔ အမႈဖြင့္ ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။
Credit:DVB
Unicode
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ကုန်းအင်းကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာမှာ ဇူလိုင်လ ၆ ရက် ည ၇ နာရီလောက်က လင်မယားချင်း စကားများ ရန်ဖြစ်ရာက မိန်းမဖြစ်သူကို ဓာတ်ဆီလောင်းမီးရှို့မှု ဖြစ်ခဲ့တယ်လို့ မြို့မရဲစခန်းမှူးက ပြောပါတယ်။
လင်မယားချင်း စကားများ ရန်ဖြစ်ရာက ဒေါ်တင်တင်ညိုကို ခင်ပွန်းဖြစ်သူ ဇော်ကြီးက မောင်းနှင်လာတဲ့ LOUJIA (လော့ဂျာ) ဆိုင်ကယ်အတွင်းက ဓာတ်ဆီကို ခွက်နဲ့ထည့်ယူပြီး ပက်ဖျန်းခဲ့ပြီး အသင့်ပါလာတဲ့ ဂက်စ်မီးခြစ်နဲ့ မီးရှို့ခဲ့တာလို့ ညောင်လေးပင် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မိုးက ဒီဗွီဘီကို ပြောပါတယ်။
မီးရှို့မှုကြောင့် ဒေါ်တင်တင်ညိုဟာ မျက်နှာနဲ့ ခန္ဓာကိုယ်တခုလုံး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ညောင်လေးပင်မြို့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
မီးရှို့မှုနဲ့ပတ်သက်ပြီး ဇနီးကို ဓာတ်ဆီနဲ့ ပက်၊ မီးရှို့သူ ဇော်ကြီးကို ညောင်လေးပင်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
0 comments :
Post a Comment