မဟန အဖြဲ႕၀င္ေတြကို သံဃာထုက ေ႐ြးေကာက္တာ မဟုတ္ဘူးလို႔ ဦးဝီရသူေျပာ


မဟန ဆိုပြီး အတိုကောက် ခေါ်ကြတဲ့ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ဝင် ဆရာတော်တွေဟာ သံဃထု တစ်ရပ်လုံးက ရွေးကောက်တင်မြှောက် ထားတာ မဟုတ်ပဲ၊ အလွမ်းသင့်ရာ သူတွေကိုသာ ရွေးချယ် ထားတာ ဖြစ်တယ် ဆိုပြီး အမျိုးသားရေး ပြင်းထန်သူ အဖြစ် ရှုမြင် ခံရတဲ့ မန္တလေးက ဆရာတော် ဦးဝီရသူက ဝေဖန် လိုက်ပါတယ်။
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုတဲ့ မဘသ သံဃာတွေ အနေနဲ့ မဟန ဖြစ်ချင်ရင် ရွေးကောက်ပွဲ ဝင်ပြိုင်ပါ ဆိုပြီး မဟန ဥက္ကဌ ဗန်းမော်ဆရာတော်ကြီး မိန့်ထားတဲ့ ဗီဒီယိုဖိုင် ပေါ်ထွက် လာခဲ့တဲ့နောက် ဦးဝီရသူက အခုလို တုံ့ပြန်တာ ဖြစ်ပါတယ်။
လက်ရှိ မဟန ဆရာတော်တွေကိုယ်တိုင် တရားမဝင် ဘူး ဆိုပြီး ဦးဝီရသူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။
မဘသ အဖွဲ့ ဆိုတာ မဟနနဲ့ စင်ပြိုင် ဖွဲ့ထားတာ မဟုတ်သလို၊ ဦးတည်ချက် ရည်ရွယ်ချက်ခြင်း မတူတဲ့ အတွက် မဘသ သံဃာတွေ အနေနဲ့ မဟနထဲ ဝင်ရောက်ဖို့ မလိုအပ်ဘူး ဆိုပြီး ဦးဝီရသူက ဘီဘီစီကို မိန့်ပါတယ်။
မဘသ အဖွဲ့တွေ ဖျက်သိမ်းရမယ်၊ ဆိုင်းဘုဒ်တွေ ဖြုတ်ချ ရမယ် ဆိုပြီး မဟန အဖွဲ့က ဆုံးဖြတ်ချက် ညွှန်ကြားလွှာ ထုတ်ထားပြီး အဲဒီ ညွှန်ကြားလွှာကို အစိုးရဘက်ကလည်း အာဏာစက်သုံး ပြီး တည်စေမယ် ဆိုတဲ့ သဘောထားမျိုး ထုတ်ပြန် ထားပါတယ်။
ဒီလို မဟနနဲ့ အစိုးရ သာသာနာရေး ဌာနတို့ရဲ့ ထုတ်ပြန်ချက်တွေကို ဆရာတော် ဦးဝီရသူ အပါအဝင် မဘသ ဆရာတော် တချို့က မလိုက်နာ နိုင်ဘူး ဆိုပြီး ပြန်လည် တုံ့ပြန် ထားကြ ပါတယ်။

BBC BURMESE

Zawgyi 

မဟန ဆိုၿပီး အတိုေကာက္ ေခၚၾကတဲ့ ႏိုင္ငံေတာ္ သံဃ မဟာနာယက အဖြဲ႕ဝင္ ဆရာေတာ္ေတြဟာ သံဃထု တစ္ရပ္လုံးက ေ႐ြးေကာက္တင္ေျမႇာက္ ထားတာ မဟုတ္ပဲ၊ အလြမ္းသင့္ရာ သူေတြကိုသာ ေ႐ြးခ်ယ္ ထားတာ ျဖစ္တယ္ ဆိုၿပီး အမ်ိဳးသားေရး ျပင္းထန္သူ အျဖစ္ ရႈျမင္ ခံရတဲ့ မႏၲေလးက ဆရာေတာ္ ဦးဝီရသူက ေဝဖန္ လိုက္ပါတယ္။
အမ်ိဳး ဘာသာ သာသနာ ေစာင့္ေရွာက္ေရး ဆိုတဲ့ မဘသ သံဃာေတြ အေနနဲ႔ မဟန ျဖစ္ခ်င္ရင္ ေ႐ြးေကာက္ပြဲ ဝင္ၿပိဳင္ပါ ဆိုၿပီး မဟန ဥကၠဌ ဗန္းေမာ္ဆရာေတာ္ႀကီး မိန္႔ထားတဲ့ ဗီဒီယိုဖိုင္ ေပၚထြက္ လာခဲ့တဲ့ေနာက္ ဦးဝီရသူက အခုလို တုံ႔ျပန္တာ ျဖစ္ပါတယ္။
လက္ရွိ မဟန ဆရာေတာ္ေတြကိုယ္တိုင္ တရားမဝင္ ဘူး ဆိုၿပီး ဦးဝီရသူက ျပင္းျပင္းထန္ထန္ ေဝဖန္ပါတယ္။
မဘသ အဖြဲ႕ ဆိုတာ မဟနနဲ႔ စင္ၿပိဳင္ ဖြဲ႕ထားတာ မဟုတ္သလို၊ ဦးတည္ခ်က္ ရည္႐ြယ္ခ်က္ျခင္း မတူတဲ့ အတြက္ မဘသ သံဃာေတြ အေနနဲ႔ မဟနထဲ ဝင္ေရာက္ဖို႔ မလိုအပ္ဘူး ဆိုၿပီး ဦးဝီရသူက ဘီဘီစီကို မိန္႔ပါတယ္။
မဘသ အဖြဲ႕ေတြ ဖ်က္သိမ္းရမယ္၊ ဆိုင္းဘုဒ္ေတြ ျဖဳတ္ခ် ရမယ္ ဆိုၿပီး မဟန အဖြဲ႕က ဆုံးျဖတ္ခ်က္ ၫႊန္ၾကားလႊာ ထုတ္ထားၿပီး အဲဒီ ၫႊန္ၾကားလႊာကို အစိုးရဘက္ကလည္း အာဏာစက္သုံး ၿပီး တည္ေစမယ္ ဆိုတဲ့ သေဘာထားမ်ိဳး ထုတ္ျပန္ ထားပါတယ္။
ဒီလို မဟနနဲ႔ အစိုးရ သာသာနာေရး ဌာနတို႔ရဲ႕ ထုတ္ျပန္ခ်က္ေတြကို ဆရာေတာ္ ဦးဝီရသူ အပါအဝင္ မဘသ ဆရာေတာ္ တခ်ိဳ႕က မလိုက္နာ ႏိုင္ဘူး ဆိုၿပီး ျပန္လည္ တုံ႔ျပန္ ထားၾက ပါတယ္။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...