အသက္ ၁၃ ႏွစ္အရြယ္ႏွင့္ လက္ထပ္ၾကသည့္ ကိုယ္၀န္ရၿပီးသား စံုတဲြ


တရုတ်နိုင်ငံတွင် အသက် ၁၃ နှစ်သာရှိကြတဲ့ စုံတွဲတစ်တွဲ လက်ထပ်ပွဲကျင်းပနေတဲ့ ဗွီဒီယိုဖိုင်တစ်ခု အွန်လိုင်းပေါ်ထွက်ပေါ်လာပါတယ်။ ကျေးရွာတစ်ရွာတွင် ပြုလုပ်ခဲ့တာဖြစ်ပြီး လူအများကြား အငြင်းပွားမှုများ ဖြစ်ပေါ်လာသည်။

တရုတ်နိုင်ငံ မီဒီယာများတွင် ဖော်ပြချက်အရ ဟိုင်နန်ပြည်နယ် ဒင်းယန်အရပ်တွင် နေထိုင်သော ထိုစုံတွဲသည် လက်မထပ်မီတည်းက အမျိုးသမီးငယ်တွင် ၅ လ ကိုယ်ဝန်ဆောင်ထားလျှက်ရှိသည်။ 

နာမည်ကြီးနေတဲ့ ဒီဗွီဒီယိုဖိုင် မှတ်တမ်းကိုကြည့်ရင်း သူတို့ဟာ တစ်ယောက်ကိုယ်တစ်ယောက် စောင့်ရှောက်ဖို့ ငယ်လွန်းသေးကြောင်း လူများက ဝေဖန်ကြသည်။

ဒီမင်္ဂလာဆောင်ကို ပြီးခဲ့တဲ့လက ကျင်းပခဲ့သည်ဟူ ဒင်းယန်အရပ် အရာရှိတစ်ဦးက ဘေဂျင်းသတင်းဌာနကို ပြောသည်။


မျိုးရိုးကိုစောင့်ထိန်းဖို့ ဆွေမျိုးတွေက စီစဉ်ကြခြင်းဖြစ်ပြီး အသက်မပြည့်သေးတဲ့အတွက် ဒါဟာ အစိုးရတရားဝင် အသိမှတ်ပြုမှုတော့ မရှိပါဘူး ဟု အရာရှိက ပြောသည်။

ဗွီဒီယိုဖိုင်ထဲတွင် စုံတွဲဟာ ရိုးရာဝတ်စုံများကို ဝတ်ဆင်လျှက် တရုတ်ရိုးရာအတိုင်း မင်္ဂလာပွဲ ပြုလုပ်ခဲ့ကြသည်။ သူတို့ရဲ့ ဆွေမျိုးတွေကလည်း ပျော်ရွှင်နေခဲ့ကြသည်။ ဒါပေမယ့် အွန်လိုင်းအသုံးပြုသူများကတော့ သတို့သမီးနဲ့ သတို့သားတို့ဟာ ငယ်လွန်းနေကြောင်း ပြောကြသည်။

ချယ်ရီဟန်ဘို ဆိုသူ အင်တာနက်အသုံးပြုသူတစ်ယောက်က စိနဝေဘို ခေါ်သော တရုတ်လူမှုကွန်ယက်တွင် 
''သူတို့ဟာ ကလေးပဲရှိသေးတယ်။ လက်ထပ်ပြီးတဲ့အခါ တစ်ယောက်ရဲ့ ဝတ္တရားတွေကို တစ်ယောက်က ဘယ်လို ထမ်းဆောင်မလဲ'' ဟုရေးသားသည်။

ဂျင်ဘို ဘေဘီ လို့အမည်ပေးထားတဲ့ အွန်လိုင်းအသုံးပြုသူကလည်း ''စုံတွဲငယ်ဟာ ဘဝအကြောင်းပိုသိလာတဲ့အခါ နောင်တရကြလိမ့်မယ်'' ဟု မှတ်ချက်ပြုသည်။

PannPwint

ref-Dailymail






Zawgyi Version

တရုတ္ႏိုင္ငံတြင္ အသက္ ၁၃ ႏွစ္သာရွိၾကတဲ့ စံုတဲြတစ္တဲြ လက္ထပ္ပဲြက်င္းပေနတဲ့ ဗီြဒီယိုဖိုင္တစ္ခု အြန္လိုင္းေပၚထြက္ေပၚလာပါတယ္။ ေက်းရြာတစ္ရြာတြင္ ျပဳလုပ္ခဲ့တာျဖစ္ၿပီး လူအမ်ားၾကား အျငင္းပြားမႈမ်ား ျဖစ္ေပၚလာသည္။

တရုတ္ႏိုင္ငံ မီဒီယာမ်ားတြင္ ေဖာ္ျပခ်က္အရ ဟိုင္နန္ျပည္နယ္ ဒင္းယန္အရပ္တြင္ ေနထိုင္ေသာ ထိုစံုတဲြသည္ လက္မထပ္မီတည္းက အမ်ိဳးသမီးငယ္တြင္ ၅ လ ကိုယ္၀န္ေဆာင္ထားလ်ွက္ရွိသည္။ 

နာမည္ႀကီးေနတဲ့ ဒီဗီြဒီယိုဖိုင္ မွတ္တမ္းကိုၾကည့္ရင္း သူတို႔ဟာ တစ္ေယာက္ကိုယ္တစ္ေယာက္ ေစာင့္ေရွာက္ဖို႔ ငယ္လြန္းေသးေၾကာင္း လူမ်ားက ေ၀ဖန္ၾကသည္။

ဒီမဂၤလာေဆာင္ကို ၿပီးခဲ့တဲ့လက က်င္းပခဲ့သည္ဟူ ဒင္းယန္အရပ္ အရာရိွတစ္ဦးက ေဘဂ်င္းသတင္းဌာနကို ေျပာသည္။

မ်ိဳးရိုးကိုေစာင့္ထိန္းဖို႔ ေဆြမ်ိဳးေတြက စီစဥ္ၾကျခင္းျဖစ္ျပီး အသက္မျပည့္ေသးတဲ့အတြက္ ဒါဟာ အစိုးရတရား၀င္ အသိမွတ္ျပဳမႈေတာ့ မရွိပါဘူး ဟု အရာရွိက ေျပာသည္။

ဗီြဒီယိုဖိုင္ထဲတြင္ စံုတဲြဟာ ရိုးရာ၀တ္စံုမ်ားကို ၀တ္ဆင္လွ်က္ တရုတ္ရိုးရာအတိုင္း မဂၤလာပဲြ ျပဳလုပ္ခဲ့ၾကသည္။ သူတို႔ရဲ့ ေဆြမ်ိဳးေတြကလည္း ေပ်ာ္ရႊင္ေနခဲ့ၾကသည္။ ဒါေပမယ့္ အြန္လိုင္းအသံုးျပဳသူမ်ားကေတာ့ သတို႔သမီးနဲ႔ သတို႔သားတို႔ဟာ ငယ္လြန္းေနေၾကာင္း ေျပာၾကသည္။

ခ်ယ္ရီဟန္ဘို ဆိုသူ အင္တာနက္အသံုးျပဳသူတစ္ေယာက္က စိနေ၀ဘို ေခၚေသာ တရုတ္လူမႈကြန္ယက္တြင္ 
''သူတို႔ဟာ ကေလးပဲရွိေသးတယ္။ လက္ထပ္ၿပီးတ့ဲအခါ တစ္ေယာက္ရဲ့ ၀တၱရားေတြကို တစ္ေယာက္က ဘယ္လို ထမ္းေဆာင္မလဲ'' ဟုေရးသားသည္။

ဂ်င္ဘို ေဘဘီ လို႔အမည္ေပးထားတဲ့ အြန္လိုင္းအသံုးျပဳသူကလည္း ''စံုတဲြငယ္ဟာ ဘ၀အေၾကာင္းပိုသိလာတဲ့အခါ ေနာင္တရၾကလိမ့္မယ္'' ဟု မွတ္ခ်က္ျပဳသည္။

PannPwint

ref-Dailymail

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...