ရန်ကုန်မှာ ကြပ်တယ်ထင်ရင် သူတို့ဘ၀တွေကိုကြည့်လိုက်ပါ



လူဦးရေ ၇.၅ သန်းထိ ရှိနေပြီး မဖွံ့ဖြိုးသေးသော နေရာ အနည်းငယ်သာ ကျန်တော့သည့် ဟောင်ကောင်ဟာ အိမ်ခြံမြေဈေးက ကြီးမားသည်။ Coffin Cubivles လို့ခေါ်တဲ့ ခေါင်းတလားအခန်းလေးများကို ပြုလုပ်နေထိုင်ကြရသူ များစွာရှိသည်။

ကုလသမဂ္ဂက ဒီမြင်ကွင်းဆိုး အခြေအနေဆိုးများကို ရှုတ်ချထားသည်။ လှောင်အိမ်အခန်းငယ်များလို့လည်း ပြောကြတဲ့ ဒီထိတ်လန့်ဖွယ် အခန်းငယ်လေးများဟာ ဆင်းရဲသူ လူပေါင်း ၂၀၀ ၀၀၀ ခန့်အတွက်တော့ မဖြစ်မနေ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

နီရွန်မီးရောင်တွေအောက်က လှပတဲ့ ဟောင်ကောင်မြို့ကြီမှာနေတဲ့ ဘန်နီလမ်း တစ်ယောက်ကတော့ ''ဒီနေ့ ကျွန်တော် အိမ်ပြန်လာတယ်။ အိမ်ရောက်တော့ ငိုမိတယ် '' ဟု ရုပ်သံရိုက်ကူးသူတစ်ယောက်ကို ပြောသည်။

ကဲ ခုတော့ ဟောင်ကောင်က ခေါင်းတလားဘ၀များကို ကြည်လိုက်ရအောင် -

 ပြတင်းပေါက် ဘယ်မှာလဲ၊ ဒါဟာ ဟောင်ကောင်က အောက်ခြေတန်း လူတစ်ယောက် အမြဲနေရတဲ့ တိုက်ခန်းပါ။ မချိမဆန့်ဆိုတဲ့ ဝေဒနာဟာ ဒီနေရာအတွက်ပါပဲ။
 ဒီအခန်းလေးကိုယ်ကြည့်ပြီး ကိုယ့်ဘ၀ကိုတောင် အတော်ကြီးကျယ်ပါလား လို့ထင်မိတယ်
 ခရီးသွားရင်တောင် ကားတွေ၊ ရထားတွေဒီလောက် မဆိုးပါဘူး
ဘုရားရေ .. ဒါဟာ တကယ့်ကို ခေါင်းတလားထဲမှာ အိပ်စက်ရခြင်းပါ 
နှလုံးမကောင်းတဲ့သူဆို တွေးကြည့်ရင် မူးမေ့သွားနိုင်ပါတယ်။ 
ကျွန်တော်ဆို claustrophobia ဆိုတဲ့ ပိတ်လှောင်ကြောက် ရောဂါနဲ့ မိနစ်ပိုင်းတွင်း သေနိုင်တယ်။ 
 ဒီဗွီယိုထဲက လူကြီး ခုလိုဘ၀တွေအတွက် ငဲကြည့်သင့်ပါတယ်
အ၀တ်ပုံထဲမှာ နေထိုင်ရသည် (အိပ်ဖို့တင်မက တနေကုန်နေရသည်) 
ဘ၀ကိုပြောပြနေတဲ့ ခြေထောက်များ 
ဒီလိုနေရာတွေကြောင့် ဘ၀ဟာ သိမ်ငယ်ခြင်း စိတ်တိုခြင်း စိတ်ရောဂါတွေ ရနိုင်ပါတယ်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...