ေရခဲေတာင္ေပၚ ေလယာဥ္ပ်က္က်ခဲ့ရာမွ ႏွစ္ေပါင္း ၅၀ေက်ာ္ထိ အေကာင္းတိုင္းရွိခဲ့တဲ့လက္







ဒန္နီယယ္ ရိုခ်ီလို႔ေခၚတဲ့သူဟာ အယ္ပက္စ္ေတာင္တန္းက ဘလန္စေရခဲေတာင္ေပၚသို႔ လြန္ခဲ့ေသာ ႏွစ္မ်ားစြာမွ က်န္ရစ္ေသာ လူအေလာင္းမ်ားကို ရွာေဖြေရး လုပ္ေနခဲ့သည္။ သူဟာ ပံုစံမပ်က္ရွိေနခဲ့တဲ့ လက္တစ္ေခ်ာင္းတစ္ေခ်ာင္းႏွင့္ အျခားခႏၶာကိုယ္ အပိုင္းအစမ်ားကို ၾကာသာပေတးေန႔က ေတြ႔ရွိခဲ့သည္။

ႏွစ္ေပါင္းမ်ားစြာ ရွာေဖြလာေသာ္လည္း ဒီလိုပံုစံမ်ား တခါမွ မေတြ႔ဖူးေသးေၾကာင္း သူကေျပာသည္။ လက္အျပတ္ႏွင့္ ေျခေထာက္တစ္ေခ်ာင္းကို ေတြ႔ရွိခဲ့ျခင္းျဖစ္သည္။

ဒီခႏၶာကိုယ္အၾကြင္းအက်န္ေတြဟာ ေရခဲေတာင္ေပၚတြင္ အိႏၵိယေလေၾကာင္းလိုုင္း ပ်က္က်စဥ္က လူမ်ား၏ အေလာင္းျဖစ္သည္။

ပထမဆံုးအၾကိမ္အျဖစ္ ၁၉၅၀ ခုႏွစ္က အိႏၵိယေလေၾကာင္းလိုင္းမွ ေလယာဥ္တစ္စင္း ပ်က္က်ခဲ့ၿပီး ခရီးသည္ ၄၈ ဦးေသဆံုးခဲ့သည္။

ဒုတိယအႀကိမ္ျဖစ္ အိႏၵိယေလေၾကာင္းလိုင္းမွ ဘိုးရင္း ၇၀၇ ဟာ ဘလန္႔စ္ေတာင္ထိပ္အနီးတြင္ပဲ ၁၉၆၆ ခုႏွစ္၊ ဇန္န၀ါရီလက မြန္ဘိုင္းၿမိဳ႕မွ နယူးေယာက္သို႔ ပ်ံသန္းစဥ္ ခရီးသည္ ၁၁၇ ဦး လိုက္ပါလွ်က္ ပ်က္က်ခဲ့ကာ အားလံုးေသဆံုးခဲ့သည္။

ရိုခ်ီဟာ သူမေတြ႔ရွိတဲ့ ရုပ္အေလာင္း အပိုင္းအစဟာ ၁၉၆၆ ခုႏွစ္ ေလယာဥ္ပ်က္က်မွုမွ အမ်ိဳးသမီး ျဖစ္ႏုိင္ေၾကာင္း ေျပာသည္။ ထို႔အျပင္ ေလယာဥ္ အင္ဂ်င္ေလးလံုးမွ တစ္လံုးလည္း ေတြ႔ရွိခဲ့သည္။

သူမဟာ ခ်န္မိုနစ္ ေဒသ အေရးေပၚဆားဗစ္သို႔ ဖုန္းဆက္ခဲ့ၿပီး ရုပ္အေလာင္းအပိုင္းအစမ်ားကို ေတာင္ေအာက္သို႔ ရဟတ္ယာဥ္ျဖင့္ ခ်ခဲ့သည္။ ကြၽမ္းက်င္သူမ်ား စစ္ေဆးႏုိင္ၾကမည္ျဖစ္သည္။

''ဒီရုပ္အေလာင္း အပိုင္အစေတြဟာ လူတစ္ေယာက္တည္းမွ မျဖစ္ႏိုင္ဘူး'' ဟု ေဒသရဲထပ္ဖြဲ႔မွ စတီဗင္ ဘိုဇြန္က ေျပာသည္။

''ေလယာဥ္ခရီးသည္ေတြျဖစ္ႏုိင္တယ္၊ ဒါေပမယ့္ ဘယ္ေလယာဥ္က ခရီးသည္လည္းဆိုတာ ေျပာဖို႔ခက္တယ္''ဟုဆိုသည္။

PannPwint

ref-Dialymail

ဒန်နီယယ် ရိုချီလို့ခေါ်တဲ့သူဟာ အယ်ပက်စ်တောင်တန်းက ဘလန်စရေခဲတောင်ပေါ်သို့ လွန်ခဲ့သော နှစ်များစွာမှ ကျန်ရစ်သော လူအလောင်းများကို ရှာဖွေရေး လုပ်နေခဲ့သည်။ သူဟာ ပုံစံမပျက်ရှိနေခဲ့တဲ့ လက်တစ်ချောင်းတစ်ချောင်းနှင့် အခြားခန္ဓာကိုယ် အပိုင်းအစများကို ကြာသာပတေးနေ့က တွေ့ရှိခဲ့သည်။

နှစ်ပေါင်းများစွာ ရှာဖွေလာသော်လည်း ဒီလိုပုံစံများ တခါမှ မတွေ့ဖူးသေးကြောင်း သူကပြောသည်။ လက်အပြတ်နှင့် ခြေထောက်တစ်ချောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဒီခန္ဓာကိုယ်အကြွင်းအကျန်တွေဟာ ရေခဲတောင်ပေါ်တွင် အိန္ဒိယလေကြောင်းလိုုင်း ပျက်ကျစဉ်က လူများ၏ အလောင်းဖြစ်သည်။

ပထမဆုံးအကြိမ်အဖြစ် ၁၉၅၀ ခုနှစ်က အိန္ဒိယလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ခရီးသည် ၄၈ ဦးသေဆုံးခဲ့သည်။

ဒုတိယအကြိမ်ဖြစ် အိန္ဒိယလေကြောင်းလိုင်းမှ ဘိုးရင်း ၇၀၇ ဟာ ဘလန့်စ်တောင်ထိပ်အနီးတွင်ပဲ ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလက မွန်ဘိုင်းမြို့မှ နယူးယောက်သို့ ပျံသန်းစဉ် ခရီးသည် ၁၁၇ ဦး လိုက်ပါလျှက် ပျက်ကျခဲ့ကာ အားလုံးသေဆုံးခဲ့သည်။

ရိုချီဟာ သူမတွေ့ရှိတဲ့ ရုပ်အလောင်း အပိုင်းအစဟာ ၁၉၆၆ ခုနှစ် လေယာဉ်ပျက်ကျမှုမှ အမျိုးသမီး ဖြစ်နိုင်ကြောင်း ပြောသည်။ ထို့အပြင် လေယာဉ် အင်ဂျင်လေးလုံးမှ တစ်လုံးလည်း တွေ့ရှိခဲ့သည်။

သူမဟာ ချန်မိုနစ် ဒေသ အရေးပေါ်ဆားဗစ်သို့ ဖုန်းဆက်ခဲ့ပြီး ရုပ်အလောင်းအပိုင်းအစများကို တောင်အောက်သို့ ရဟတ်ယာဉ်ဖြင့် ချခဲ့သည်။ ကျွမ်းကျင်သူများ စစ်ဆေးနိုင်ကြမည်ဖြစ်သည်။

''ဒီရုပ်အလောင်း အပိုင်အစတွေဟာ လူတစ်ယောက်တည်းမှ မဖြစ်နိုင်ဘူး'' ဟု ဒေသရဲထပ်ဖွဲ့မှ စတီဗင် ဘိုဇွန်က ပြောသည်။

''လေယာဉ်ခရီးသည်တွေဖြစ်နိုင်တယ်၊ ဒါပေမယ့် ဘယ်လေယာဉ်က ခရီးသည်လည်းဆိုတာ ပြောဖို့ခက်တယ်''ဟုဆိုသည်။

PannPwint

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...