သရဲအေျခာက္ၾကမ္းလွတဲ႔ ခ်ိဳင္းေက်းရြာေတာင္ဘက္ ေတာင္ကုန္းေပၚက ဆက္သြယ္ေရးတာဝါတုိင္ပါ။
ယခုအခါထုိဆက္သြယ္ေရးတာဝါတုိင္ကုိ မည္သူမွညအိပ္ေစာင့္ေလ်ွာက္အိပ္မည့္သူမရွိဟု သိရပါသည္။ ယခင္ညေစာင့္မ်ားဟာ တစ္ေယာက္ထဲမအိပ္ဝင့္ၾက၍ နွစ္ေယာက္အိပ္ေစာင့္ခဲ႔ရသည္။
သရဲသည္ ညနက္အခ်ိန္မ်ားတြင္ အနံဆုိးအပုတ္ဆုိးမ်ားေပးျခင္း/ ေခြးနက္ႀကီးမ်ားေယာင္ေဆာင္ၿပီး ကုိက္မည့္ဟန္ေဆာင္ျခင္း/ စက္ခန္းအတြင္းမွအသံဆုိးႀကီးမ်ားျဖင့္ ေျခာက္လွန္႔ျခင္း ထြက္သြား/မအိပ္နဲ႔ေျပာျခင္း/ လူမ်ားကဘုရားစာဆုိျခင္း ပရိတ္ရြတ္ဆုိျခင္းမ်ားကုိလည္း ျပန္လည္ရြတ္ဆုိျခင္း အမ်ိဳးမ်ိဳးေသာအသံဆုိးႀကီးမ်ားျဖင့္ မအိပ္ဝင့္ေအာင္ေျခာက္လွန္႔ေနသည္ဟု ၾကားသိရေပသည္။ ယခင္က ညေစာင့္တစ္ေယာက္ကုိေငြ(60000)ေျခာက္ေသာင္း က်ပ္ေပးရသည္။
ယခုအခါမွာ ညေစာင့္အိပ္ခကုိေငြ(150000) တသိန္းငါးေသာင္းက်ပ္ေပးေသာ္လည္း မည္သူတစ္ဦးတစ္ေယာက္မ်ွ အိပ္ေစာင့္ဝင့္သူမရွိသည္ဟု ၾကားသိရေပသည္။ ထုိသတင္းေၾကာင့္ ညေစာင့္အိပ္ဝင့္သူမ်ားကုိ ေလ်ွာက္လႊာေခၚလုိပါသည္။ အလုပ္ေလ်ွာက္ထားလုိသူမ်ား သရဲမေၾကာက္သူမ်ား ေရႊခ်ိဳင္းရြာသုိ႔ သြားေရာက္ေလ်ွာက္ထားနုိင္ပါသည္။
Credit to သုတေက်ာ္
============
သရဲအခြောက်ကြမ်းလှတဲ့ ချိုင်းကျေးရွာတောင်ဘက် တောင်ကုန်းပေါ်က ဆက်သွယ်ရေးတာဝါတိုင်ပါ။
ယခုအခါထိုဆက်သွယ်ရေးတာဝါတိုင်ကို မည်သူမှညအိပ်စောင့်လျှောက်အိပ်မည့်သူမရှိဟု သိရပါသည်။ ယခင်ညစောင့်များဟာ တစ်ယောက်ထဲမအိပ်ဝင့်ကြ၍ နှစ်ယောက်အိပ်စောင့်ခဲ့ရသည်။
သရဲသည် ညနက်အချိန်များတွင် အနံဆိုးအပုတ်ဆိုးများပေးခြင်း/ ခွေးနက်ကြီးများယောင်ဆောင်ပြီး ကိုက်မည့်ဟန်ဆောင်ခြင်း/ စက်ခန်းအတွင်းမှအသံဆိုးကြီးများဖြင့် ခြောက်လှန့်ခြင်း ထွက်သွား/မအိပ်နဲ့ပြောခြင်း/ လူများကဘုရားစာဆိုခြင်း ပရိတ်ရွတ်ဆိုခြင်းများကိုလည်း ပြန်လည်ရွတ်ဆိုခြင်း အမျိုးမျိုးသောအသံဆိုးကြီးများဖြင့် မအိပ်ဝင့်အောင်ခြောက်လှန့်နေသည်ဟု ကြားသိရပေသည်။ ယခင်က ညစောင့်တစ်ယောက်ကိုငွေ(60000)ခြောက်သောင်း ကျပ်ပေးရသည်။
ယခုအခါမှာ ညစောင့်အိပ်ခကိုငွေ(150000) တသိန်းငါးသောင်းကျပ်ပေးသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အိပ်စောင့်ဝင့်သူမရှိသည်ဟု ကြားသိရပေသည်။ ထိုသတင်းကြောင့် ညစောင့်အိပ်ဝင့်သူများကို လျှောက်လွှာခေါ်လိုပါသည်။ အလုပ်လျှောက်ထားလိုသူများ သရဲမကြောက်သူများ ရွှေချိုင်းရွာသို့ သွားရောက်လျှောက်ထားနိုင်ပါသည်။
Credit to သုတကျော်
0 comments :
Post a Comment