ယနေ့ တောင်ဥက္ကလာက နေ့ခင်းကြောင်တောင် လုယက်မှု
ပါတယ်။
Posted-Aye Chan Moe FB.
ယနေ့ မွန်းလွဲ ၂နာရီခန့်တွင် တောင်ဥက္ကလာ ၁၂ရက် ကွက် ဘရဏီ ၁လမ်းအောက်လမ်းအိမ်အမှတ် ၄၁/က တွင်နေထိုင်သူအဖွားဒေါနွယ်နွယ်အေးအား လည်ပင်းညှစ်လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ ပါတယ်။
အိမ်တွင်အဖွားဒေါ်နွယ်နွယ်အေးတစ်ယောက်တည်းရှိနေ စဉ် စည်ပင်ဝတ်စုံ နဲ့ အမျိူးသမီးတစ်ယောက်သည် ရေကန်ထဲသို့ပိုးသတ်ဆေးလာခတ်တာပါ ဆိုပြီးအော်ပြောပါတယ်။ ဒေါ်နွယ်နွယ်အေးကြားသဖြင့် အထဲဝင်ဖို့ခွင့်ပြုလိုက်ပြီး အိမ်ထဲဝင်တာနဲ့ တပြိုင်နက် အိမ်သာထဲကိုခေါ်သွားပြီး အဖွားဒေါ နွယ်နွယ်အေးမှာရှိတဲ့ လက်ကောက် ၁၄ ကွင်းကို အကုန်ချွတ်ယူ
ပါတယ်။
ဒါ့အပြင် တစ်ဖက်ကလည်းဘောပင် နဲ့ လည်ပင်းကိုစောင့်ထိုးထားပါတယ်။လက်ကောက်အားလုံးချွတ်ပြီးတော့ အဖွားကြီး ကျွန်မလက်ကောက်တွေလည်းရပြီ ရှင့်ကိုသတ်ပစ်ရမလားလို့ အဖွားကြီးကိုမေးတော့ အဖွားကြီးက ကယ်ကြပါဦး ကယ်ကြပါဦး ဆိုပြီးအော်ခေါ်ရာမှ ဘေးအိမ်မှ အန်တီတစ်ယောက်နဲ့ ဦး လေးကြီးတို့ နှစ်ယောက် ထွက်လာပြီး အိမ်ထဲ သိုဝင်လာကာ သူ၏လက်ထဲတွင် အဖွားဒေါ်နွယ်နွယ်အေး၏ လက်ကောက်များနှင့် အဖွားအား လည်ပင်းကိုဘောပင်နဲ့စောင့်ထိုးနေတာကို မြင်ရသဖြင့် အတင်းဆွဲကြပြီးအော်ခေါ်ပြီး ဝိုင်းဖမ်းလိုက်ကြရာတာ ၄င်းမိန်းမကို မိသွားပါပြီ။ရဲလက်ထဲလည်းအပ်လိုက်ပါပြီ။
Posted-Aye Chan Moe FB.
Image may contain: one or more people, people sitting and indoor
Image may contain: 1 person, sitting
Image may contain: one or more people and people sitting
Image may contain: 4 people, outdoor
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...