သရုပ်ဆောင်ကျော်ဟိန်းရဲ့ မွေးနေ့အလှူကို ကျင်းပပြုလုပ်ပေးတဲ့ သူ့ရဲ့ ဇနီးနဲ့သား






အရှင်ကိတ္တိသာရ (ခ) သရုပ်ဆောင်ကျော်ဟိန်းရဲ့ အသက်(၇၀)ပြည့်မွေးနေ့မှာတော့ သူကျင်လည်ခဲ့ရတဲ့အနုပညာရပ်ဝန်းထဲကမှ ဇာတ်ပို့ ဇာတ်ရံအလွှာနဲ့ စက်မှုအလွှာတို့ကို ငွေကျပ်(၁၀)သိန်းစီ၊ ဆန်အိတ်ပေါင်း(၉၀)အိတ်တို့ကို လှူဒါန်းခဲ့ပြီး အသက်(၅၀)ကျော်ပြီ ဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရံ အသက်ကြီးရွယ်အိုတွေ အတွက် တစ်ယောက်ကိုငွေကျပ်(၁)သိန်းစီ လှူဒါန်းခဲ့တယ်လို့ ဦးကျော်ဟိန်းရဲ့ ဇနီး ဖြစ်သူ မမီး(ခ)မသန်းနွယ်အေးက Duwun Media ကိုပြောပြခဲ့ပါတယ်။
"ဒီနေ့လုပ်ဖြစ်တဲ့အလှူလေးကတော့ ဥူးဇင်းရဲ့ ဆန္ဒလေးပါ။ အဲ့ဒီလို လုပ်ပေးခွင့်ရလို့လည်းဝမ်းသာပီတိဖြစ်ပါတယ်။ ဥူးဇင်းနဲ့ ငယ်ငယ် ကတည်းက လက်တွဲလာတဲ့လုပ်ဖော်ကိုင်ဖက် တွေလည်းဖြစ်တယ်၊ ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ မပါလို့မဖြစ်တဲ့လူတွေ လည်း အများကြီးရှိတာကြောင့် ကျွန်မတို့တက်နိုင်တာလေး လှူပေးရတာ ဝမ်းသာပါတယ်။ဥူးဇင်းကတော့ ပြီးခဲ့တဲ့မတ်လဆန်းကနေ မေလဆန်းလောက်အထိက ဆေးရုံတင်ခဲ့ရတာပါ နှလုံးသွေးကြောပိတ်တာပေါ့'' လို့ ဆိုပါတယ်။
သရုပ်ဆောင်ကျော်ဟိန်းရဲ့ သားဖြစ်သူ ကိုနေဝင်းကလည်း '' အဖေ့ရဲ့ မွေးနေ့အလှူလေးကလည်းကျွန်တော့်ရဲ့ဒုတိယ မိသားစု လို့ဆို လို့ရတယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း ဦးလေး လိုခင်တဲ့သူတွေကို ပြန်လှူရတဲ့အတွက် ဝမ်းသာပါတယ်၊ ဥူးဇင်းရဲ့ အခုလက်ရှိ ကျန်းမာရေး ကတော့ အသက်လည်း(၇၀)ဆိုတော့ အရင်လို သွက်သွက်လက်လက်မရှိဘူးပေါ့၊ငယ်ငယ်တုန်းက ဆေးလိပ်သောက်ခဲ့ တဲ့ အရှိန်တွေကြောင့် ကျန်းမာရေးမကောင်းတာလေးတော့ နည်းနည်းဖြစ်သွားပါတယ်။မြန်မာပြည်ကို ပြန်လည်ပင့်ဆောင်ဖို့ဆိုတာ ကလည်း ဥူးဇင်းရဲ့ ဆန္ဒပါပဲ။ သြစတေးလျမှာ နေတာဆိုတော့ လေယာဉ်စီးတဲ့အချိန်ကလည်း ၁ရက်လောက်ကြာတော့ သူ့ရဲ့ ဒဏ်ခံ နိုင်ပါ့မလားပဲ စိုးရိမ်မိပါတယ်'' လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။
အရှင်ကိတ္တိသာရ(ခ) သရုပ်ဆောင်ကျော်ဟိန်းကတော့ အခုလက်ရှိမှာ သြစတေးလျနိုင်ငံ ကမ်ပါရာမြို့မှာ သီတင်းသုံးနေတယ် လို့ သိရပါ တယ်။အဲ့ဒီမှာလည်း သမီးနှစ်ယောက်ရှိတဲ့ တာကြောင့် ဥူးဇင်းရဲ့ စားသောက်နေထိုင်မှုနဲ့ ကျန်းမာရေးတို့ကို သမီးနှစ်ယောက် က အနီးကပ်ပြုစုနေတာဖြစ်ပြီး ဥူးဇင်းရဲ့ သမီး နှစ်ယောက်ကတော့ ၂၀၀၀ခုနှစ်ကတည်းကရောက်ရှိနေတာဖြစ်တယ်လို့ သိရပါ တယ်။
Photo: Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...