မိခင္ေသဆံုးသြား၍ စိတ္ထိခိုက္ေနသည့္ ၉တန္းေက်ာင္းသူတစ္ဦး အဆိပ္ေသာက္ ေသဆံုးမွဳျဖစ္ပြား ...!




ကရင္ျပည္နယ္၊ ေကာ့ကရ​ိတ္ေဆးရုံတြင္​ ဇူလိုင္၁၂ရက္ေန႔ ၁နာရီ ၄၅ခ်ိန္​ခန္ ့က မိခင္ေသဆံုးသြား၍ စိတ္ထိခိုက္ေနသည့္ ၉တန္းေက်ာင္းသူ အဆိပ္ေသာက္ လူနာတစ္ဦး ေသဆံုးမွဳျဖစ္ပြား ခဲ့ေၾကာင္း သတင္​းအရ ေကာ့ကရိတ္ၿမိဳ႕မရဲစခန္းမွဴးႏွင့္ တပ္ဖြဲ႕ဝင္မ်ားက သြား​ေရာက္ ​စစ္​​ေဆးခဲ့ေၾကာင္း သိရပါသည္။
ျဖစ္စဥ္မွာ​ ေကာ့ကရိတ္ၿမိဳ႕ အမွတ္​(၁)ရပ္​​ေန ဦးရင္​ျမ​ေ႐ႊ​ေနအိမ္​တြင္ ​​ေျမးျဖစ္​သူ မ​ေနာ္​မုသူး (၁၆)နွစ္​၊ (၉)တန္​း၊ ​ေခ်ာင္​း​ေတာင္​ အ-ထ-က တက္​​ေနသူမွာ လြန္​ခဲ့​ေသာ ၄ရက္​ခန္ ့က မိခင္​ျဖစ္​သူ​ ေနာ္​ပန္​းလွမွာ မိဖလိုင္​း​ေက်း႐ြာတြင္​​ ေသဆုံးသြားခဲ့ပါသည္။

မေနာ္မုသူးမွာ ​စိတ္​ထိခိုက္​ၿပီး မိခင္​ျဖစ္​သူ​ေနာက္​လိုက္​မည္​ဟု ​ေျပာဆုိ​ေနသျဖင့္ ေစာင္​့ၾကည္​့​ေနစဥ္​​ ဇူလိုင္လ ၁၁ရက္ေန႔ ၂နာရီအခ်ိန္​ခန္႕က မေနာ္​မုသူးမွာ ​ေနအိမ္​အိပ္​ခန္​းအတြင္​း ပလပ္​စတစ္​ဘူးျဖင့္ ထည့္ထား​ေသာ ျမက္​သတ္​​ေဆး​ေသာက္​၍ ​ေအာ့အန္​​ေနသျဖင့္ ေကာ့ကရိတ္ျပည္သူ႕ေဆးရုံသို႔ ပို႔​ေဆာင္​ၿပီး ေဆးကုသခဲ့ပါသည္။

ေဆးကုသုေနစဥ္ ဇူလိုင္လ ၁၂ရက္ေန႔ ၂နာရီ၃၀ မိနစ္အခ်ိန္​ ​ေသဆုံးသြားခဲ့​သျဖင့္ ကရိတ္ၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္​း ဖြင့္လွစ္ စစ္ေဆးလွ်က္ရွိေၾကာင္း ကရင္ျပည္နယ္ရဲတပ္ဖြဲ ့၏ သတင္း ထုတ္ျပန္ခ်က္အရ သိရပါသည္။

Credit: Thit Htoo Lwin

Unicode 
ကရင်ပြည်နယ်၊ ကော့ကရိတ်ဆေးရုံတွင် ဇူလိုင်၁၂ရက်နေ့ ၁နာရီ ၄၅ချိန်ခန့်က မိခင်သေဆုံးသွား၍ စိတ်ထိခိုက်နေသည့် ၉တန်းကျောင်းသူ အဆိပ်သောက် လူနာတစ်ဦး သေဆုံးမှုဖြစ်ပွား ခဲ့ကြောင်း သတင်းအရ ကော့ကရိတ်မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ကော့ကရိတ်မြို့ အမှတ်(၁)ရပ်နေ ဦးရင်မြရွှေနေအိမ်တွင် မြေးဖြစ်သူ မနော်မုသူး (၁၆)နှစ်၊ (၉)တန်း၊ ချောင်းတောင် အ-ထ-က တက်နေသူမှာ လွန်ခဲ့သော ၄ရက်ခန့်က မိခင်ဖြစ်သူ နော်ပန်းလှမှာ မိဖလိုင်းကျေးရွာတွင် သေဆုံးသွားခဲ့ပါသည်။

မနော်မုသူးမှာ စိတ်ထိခိုက်ပြီး မိခင်ဖြစ်သူနောက်လိုက်မည်ဟု ပြောဆိုနေသဖြင့် စောင့်ကြည့်နေစဉ် ဇူလိုင်လ ၁၁ရက်နေ့ ၂နာရီအချိန်ခန့်က မနော်မုသူးမှာ နေအိမ်အိပ်ခန်းအတွင်း ပလပ်စတစ်ဘူးဖြင့် ထည့်ထားသော မြက်သတ်ဆေးသောက်၍ အော့အန်နေသဖြင့် ကော့ကရိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသခဲ့ပါသည်။

ဆေးကုသုနေစဉ် ဇူလိုင်လ ၁၂ရက်နေ့ ၂နာရီ၃၀ မိနစ်အချိန် သေဆုံးသွားခဲ့သဖြင့် ကရိတ်မြို့မရဲစခန်းမှ သေမှုသေခင်း ဖွင့်လှစ် စစ်ဆေးလျှက်ရှိကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရပါသည်။

Credit: Thit Htoo Lwin

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...