ဒီကားနဲ့လည်း အကယ်ဒမီမမျှော်လင့်ရဲပါဘူးဗျာဆိုတဲ့ မြင့်မြတ်


မကြာခင် ရုံတင်တော့မယ် ရာဇဝင်ရိုင်းသူများ ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်က ပြေတီဦးနဲ့အပြိုင် သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ အဲ့ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့လည်း မြင့်မြတ်က Myanmar Celebrities (Myanmar Cele Wiki ) ကို အခုလိုပြောပြခဲ့ပါတယ်။ " ကျွန်တော်တို့ အဓိက သရုပ်ဆောင်တွေအားလုံး လုပ်ကွက်ရတဲ့ ဇာတ်ကားလေးပ။ါ ကိုပြေတီဦးနဲ့ရိုတ်တဲ့ အဆုံခန်းလေးတွေဆိုလည်း သေချာအားစိုက်ရတယ်။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သတ်ပြီးတော့ ကျေနပ်တဲ့ဇာတ်ကားတစ်ကားလည်းဖြစ်တယ် " လို့ပြောပါတယ် ။

Myint Myat

ပါဝင်ကြတဲ့ သရုပ်ဆောင်တွေက မြင့်မြတ်ကို အကယ်ဒမီမှန်းပေးတဲ့ အပေါ်ကိုလည်း " ဒီကားနဲ့လည်း မမှန်းရဲပါဘူးဗျာ လွဲလွဲသွားတတ်တယ် အကောင်းဆုံးတော့ကြိုးစားထားပါတယ် " လို့ပြောပါတယ် ။ ပါဝင်ထားတဲ့သရုပ်ဆောင်တွေနဲ့ ပတ်သတ်ပြီးတော့လည်း "ကိုပြေတီဦးဆိုလည်း သူ့ပရိသတ်နဲ့ သူလေ၊ ပတ်ထရစ်ရှာမှာလည်း သူ့ပရိသတ်နဲ့သူ၊ လိုင်လာခမ်းကိုအားပေးတဲ့ ပရိသတ်တွေလည်းရှိတာပဲလေ။ အဲ့ဒီတော့ ဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့ အားပေးကြမယ့် ပရိသတ်အသီးသီးရှိကြတော့ စိုးရိမ်စိတ်မရှိပါဘူး အောင်မြင်မယ်လို့တော့ယုံကြည်ပါတယ် " လို့ပြောပါတယ်။ လက်ရှိမှာတော့ မြင့်မြတ် သရုပ်ဆောင်ထားတဲ့ အော်ရဂျင်နယ် ဂန်းစတာ ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်အားပေးမူရရှိနေတာကိုတွေ့ရပါတယ်။

ရန်ပိုင်စိုး( Myanmar Celebrities )

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...