မင်းသား တစ်ယောက်နဲ့ ချစ်သူ ဖြစ် နေတယ်ဆိုတဲ့ မကြီးစန်း... ဘယ်သူဖြစ်မလဲနော်...။

မကြီးစန်း လို့ အများက သိကြတဲ့ မိတ်ကပ်ခင်စန်းဝင်းကတော့ လတ်တလောမှာ မင်းသား တစ်ယောက်နဲ့ ချစ်သူ ဖြစ် နေတယ်လို့ အင်တာဗျူး တော်တော်များများမှာ ဖြေဆိုပေးထားပါတယ်။
ချစ်သူ က မင်းသား ဖြစ်ပေမယ့် ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ပြောပြထားခြင်း မရှိပါဘူး။ ပရိသတ် တွေကတော့ ချစ်သူ က မင်းသား ဖြစ်တဲ့အတွက် ဘယ်သူလဲဆိုတာကိုလည်း သိချင်နေကြပါတယ်

အခုလက်ရှိတွဲနေတဲ့ ချစ်သူ နဲ့က တစ်ဦးပေါ် တစ်ဦး မေတ္တာ ရှိနေတယ်လို့လည်းပေါ်ပြူလာဂျာနယ်မှာဖြေဆိုထားပါတယ်။
မကြီးစန်း နဲ့သူ၏ ချစ်သူ များ ဆိုတဲ့ ဗီဒီယို ဇာတ်ကားထွက်ရှိပြီးနောက် ပရိသတ်မျိုးစုံရဲ့ အားပေးမှု၊ ဝေဖန်မှုတွေကို ရရှိခဲ့တဲ့ ခင်စန်းဝင်း(မိတ်ကပ်)ကတော့ ဇူလိုင်လ အတွင်းမှာလည်း ဇာတ်ကားတစ်ကားရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။
ဇာတ်ကား ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး လည်း ယခုလို ဖြေဆိုပေးထားပါတယ်။
” ဇူလိုင်လ နောက်ဆုံးအပတ်မှာတော့ မကြီးစန်း ရဲ့ ဒုတိယဇာတ်ကားထပ်ရိုက်ဖြစ်မှာပါ။ ဇာတ်ကား က တော့ သေချာမသိသေး ပါဘူး။ ဒါရိုက်တာပေးထားတဲ့ နာမည်က ရှည်လို့ ဒါရိုက်တာနဲ့ပြန်ပြောရဦးပါမယ်။ ဇာတ်လမ်းပုံစံလေး ကတော့ မေတ္တာရေးအကြောင်းပါပဲ။ မကြီးစန်း နဲ့သူ၏ ချစ်သူ များ ဆိုတဲ့ ဇာတ်ကားတုန်းကတော့ ပရိသတ်တော် တော်များများ က ကြိုက်တယ်လို့ပြောကြတယ်။ ဗီဒီယို ဈေး ကွက်မှာလည်း အမြင့်ဆုံးရောင်းအားစံချိန် တင်သွားတယ် လို့လည်း ပြောပါတယ်။ မကြီးစန်းကတော့ သေချာမသိပါဘူး။အခုလည်း ပရိသတ်တွေရဲ့ တောင်းဆိုချက်၊ ဈေးကွက်ရဲ့ တောင်းဆိုချက်အရ နောက်တစ်ကား ထပ်ရိုက်ဖို့အကြောင်းဖြစ်လာတာပါ။” လို့ သူကဆိုပါတယ်။
မကြီးစန်း ကတော့ မိတ်ကပ် ပိုင်းမှာ နာမည်ကြီးရုံတင် သာမက သရုပ်ဆောင် ပိုင်းမှာလည်း သဘာဝကျကျ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ် များရဲ့ အာရုံစိုက်ခြင်းကို ခံနေရသူလည်း ဖြစ်ပါတယ်။
Credit: Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...