ဧရာဝတီတိုင္းထဲ ေရေၾကာင္း အသြားအလာ ရပ္ထားရၿပီ

ဘဂၤလား ပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ မုန္တိုင္းငယ္ဟာ ျမန္မာနိုင္ငံဘက္ ဦးတည္ ေရြ႕လ်ားလာေနတဲ့ အတြက္ ျမန္မာနိုင္ငံ တဝန္းမွာ လာမယ့္ ဧၿပီလ ၁၇ ရက္ အထိ မိုးရြာတာ၊ ေလျပင္းတိုက္တာေတြ ျဖစ္နိုင္တယ္ ဆိုၿပီး အစိုးရက သတိေပးထားပါတယ္။
ဧရာဝတီ တိုင္းေဒသႀကီး ထဲမွာေတာ့ မုန္တိုင္း ဝင္လာမွာကို ႀကိဳတင္ ျပင္ဆင္တဲ့ အေနနဲ႔ ေရေၾကာင္း သြားလာမွုေတြ ပိတ္ထားတယ္ လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။
ေလျပင္းဒဏ္ကေန ေရယာဥ္ေတြ အကာအကြယ္ ျဖစ္နိုင္တဲ့ လုံျခဳံရာ ေနရာေတြလည္း သတ္မွတ္ၿပီး ေဒသတြင္း ခရိုင္၊ ၿမိဳ႕နယ္ အားလုံးကို အသိေပး ထားတယ္လို႔ တိုင္းအစိုးရ လၽွပ္စစ္၊ လမ္းပမ္း နဲ႔ ဆက္သြယ္ေရးဝန္ႀကီး ဦးဝင္းေဌးက ဘီဘီစီကို ေျပာပါတယ္။
လိေမၼာ္ေရာင္ အဆင့္ သတ္မွတ္ထာတဲ့ အဲဒီ မုန္တိုင္းငယ္ေၾကာင့္ ျမန္မာ့ ကမ္းရိုးတန္း တေလၽွာက္နဲ႔ ကမ္းလြန္ျပင္ေတြမွာ မိုးသက္ေလျပင္း က်ၿပီး၊ လွိုင္းႀကီး နိုင္တဲ့ အတြက္ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းယာဥ္ေတြ၊ ခရီးသည္တင္ယာဥ္ေတြ သတိထားၾကပါ ဆိုၿပီး မိုးေလဝသနဲ႔ ဇလေဗဒ ဦးစီးဌာနက သတိေပးခ်က္ ထုတ္ျပန္ ထားပါတယ္။
BBC Burmese
==========
ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံဘက် ဦးတည် ရွေ့လျားလာနေတဲ့ အတွက် မြန်မာနိုင်ငံ တဝန်းမှာ လာမယ့် ဧပြီလ ၁၇ ရက် အထိ မိုးရွာတာ၊ လေပြင်းတိုက်တာတွေ ဖြစ်နိုင်တယ် ဆိုပြီး အစိုးရက သတိပေးထားပါတယ်။

ဧရာဝတီ တိုင်းဒေသကြီး ထဲမှာတော့ မုန်တိုင်း ဝင်လာမှာကို ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ရေကြောင်း သွားလာမှုတွေ ပိတ်ထားတယ် လို့ အာဏာပိုင်တွေက ပြောပါတယ်။

လေပြင်းဒဏ်ကနေ ရေယာဉ်တွေ အကာအကွယ် ဖြစ်နိုင်တဲ့ လုံခြုံရာ နေရာတွေလည်း သတ်မှတ်ပြီး ဒေသတွင်း ခရိုင်၊ မြို့နယ် အားလုံးကို အသိပေး ထားတယ်လို့ တိုင်းအစိုးရ လျှပ်စစ်၊ လမ်းပမ်း နဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဘီဘီစီကို ပြောပါတယ်။

လိမ္မော်ရောင် အဆင့် သတ်မှတ်ထာတဲ့ အဲဒီ မုန်တိုင်းငယ်ကြောင့် မြန်မာ့ ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပြင်တွေမှာ မိုးသက်လေပြင်း ကျပြီး၊ လှိုင်းကြီး နိုင်တဲ့ အတွက် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေ သတိထားကြပါ ဆိုပြီး မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတိပေးချက် ထုတ်ပြန် ထားပါတယ်။

BBC Burmese

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...