အသက္ ၇ ႏွစ္ အရြယ္ ၊ ႏွစ္တန္းေက်ာင္းသူတစ္ဦး အသတ္ခံရ


ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕နယ္၊ ဘီးလင္းေက်းရြာ၊ အေျခခံပညာမူလတန္းေက်ာင္းမွ အသက္ ၇ ႏွစ္အရြယ္ ႏွစ္တန္းေက်ာင္းသူတစ္ဦး ယေန႔ ဇူလိုင္လ ၂၀ရက္ေန႔ နံနက္ ၉နာရီေက်ာ္အခ်ိန္ခန္႔တြင္ အသတ္ခံခဲ့ရေၾကာင္း အဆုိပါေက်ာင္းသူေလး ပညာသင္ယူေနသည့္ ဘီးလင္းေက်းရြာ၊ အေျခခံပညာမူလတန္းေက်ာင္းမွ ေက်ာင္းဆရာတစ္ဦးက AHNသို႔ေျပာသည္။
“ကြၽန္ေတာ့္ကိုရြာသူ၊ ရြာသားေတြက ေက်ာင္းသူအေလာင္းေတြ႕လို႔ လာေခၚတယ္။ အဲဒါနဲ႔ ကြၽန္ေတာ္လိုက္သြားေတာ့ ကြၽန္ေတာ္တို႔ေက်ာင္းက ႏွစ္တန္းတက္ေရာက္ေနတဲ့ ေက်ာင္းသူ ေလးျဖစ္ေနတာကုိေတြ႕ရတယ္။ သူကမနက္ကေတာင္ေက်ာင္းကို လာေသးတယ္။ လြယ္အိတ္ေလးထားၿပီး ရြာထဲမွာရိွတဲ့ မုန္႔ဆိုင္ကို မုန္႔သြားဝယ္စားတာလမ္းမွာရိွတဲ့ၿခံအက်ယ္ႀကီးရဲ႕ အေနာက္ဘက္အစပ္ လယ္ကြင္းထဲမွာအသတ္ခံရတာ။ သူ႕အိမ္ကေျပာတာေတာ့ ကေလးမွာနားကြင္းတစ္စံုဝတ္ဆင္ထားတယ္လို႔ေျပာတယ္။ ဒါေပမယ့္ ေသဆံုးေနခ်ိန္မွာေတာ့ နားကြင္းမရိွဘူး။ လည္ပင္းမွာေတာ့ ပြန္းပဲ့ဒါဏ္ရာေတာ့ေတြ႕တယ္။ ေနာက္ၿပီး ကေလးေသဆံုးတဲ့နားမွာ အေအးပုလင္း(အဆီပုလင္း)အခြံနဲ႔ ထည့္ထားတဲ့ အရက္ပုလင္းလည္းေတြ႕ရတယ္။ ေက်ာင္းနဲ႔ ေသဆံုးတဲ့ေနရာနဲ႔ေတာ့ ေပ၄၀၀ေလာက္ကြာပါတယ္”ဟု ၄င္းကေျပာသည္။

ေက်ာင္းသူေလးမွာ ေသဆံုးခ်ိန္တြင္ ေက်ာင္း၀တ္စံု အျဖဴ၊ အစိမ္းကုိ ၀တ္ဆင္ထားေၾကာင္းလည္း ၄င္းကဆုိသည္။

လူသတ္တရားခံကုိ အခ်ိန္ႏွင့္တေျပးညီဖမ္းဆီးႏိုင္ေရးအတြက္ေဆာင္ရြက္လ်က္ရွိေၾကာင္း မအူပင္ၿမိဳ႕နယ္ကြၽဲဒံုးနယ္ေျမရဲစခန္းမွ စခန္းမႉး ရဲအုပ္ ျမင့္ေဇာ္ကေျပာသည္။

“ကြၽန္ေတာ္တို႔ကို ရြာက တာဝန္ရိွ သူေတြမေၾကာင္းၾကားၿပီးခ်က္ခ်င္းပဲ အခင္းျဖစ္တဲ့ေနရာကိုသြားၿပီး မွတ္တမ္းယူခဲ့ပါတယ္။ၿပီးေတာ့မအူပင္ျပည္သူေဆး႐ံုႀကီးကို ပို႔ခဲ့ပါတယ္။အခုခ်ိန္ထိေတာ့ တရားခံမမိေသးပါဘူး။တရားခံကိုအခ်ိန္ႏွင့္တေျပးညီဖမ္းဆီးရမိဖို႔ေဆာင္ရြက္ေနပါတယ္။ေသဆံုးသူရဲ႕ဖခင္က တရားလုိျပဳလုပ္တုိင္တန္းထားလုိ႔ ပုဒ္မ ၃၀၂/၃၉၂နဲ႔အမႈဖြင့္ထားပါတယ္ “ဟုစခန္းမႉး ရဲအုပ္ ျမင့္ေဇာ္က ယေန႔ေန႕လယ္ပိုင္းတြင္ေျပာသည္။

ျပည့္ၿဖိဳးပိုင္( AHN – MUB)
The Asia Heart News

Unicode
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ဘီးလင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ အသက် ၇ နှစ်အရွယ် နှစ်တန်းကျောင်းသူတစ်ဦး ယနေ့ ဇူလိုင်လ ၂၀ရက်နေ့ နံနက် ၉နာရီကျော်အချိန်ခန့်တွင် အသတ်ခံခဲ့ရကြောင်း အဆိုပါကျောင်းသူလေး ပညာသင်ယူနေသည့် ဘီးလင်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းဆရာတစ်ဦးက AHNသို့ပြောသည်။

“ကျွန်တော့်ကိုရွာသူ၊ ရွာသားတွေက ကျောင်းသူအလောင်းတွေ့လို့ လာခေါ်တယ်။ အဲဒါနဲ့ ကျွန်တော်လိုက်သွားတော့ ကျွန်တော်တို့ကျောင်းက နှစ်တန်းတက်ရောက်နေတဲ့ ကျောင်းသူ လေးဖြစ်နေတာကိုတွေ့ရတယ်။ သူကမနက်ကတောင်ကျောင်းကို လာသေးတယ်။ လွယ်အိတ်လေးထားပြီး ရွာထဲမှာရှိတဲ့ မုန့်ဆိုင်ကို မုန့်သွားဝယ်စားတာလမ်းမှာရှိတဲ့ခြံအကျယ်ကြီးရဲ့ အနောက်ဘက်အစပ် လယ်ကွင်းထဲမှာအသတ်ခံရတာ။ သူ့အိမ်ကပြောတာတော့ ကလေးမှာနားကွင်းတစ်စုံဝတ်ဆင်ထားတယ်လို့ပြောတယ်။ ဒါပေမယ့် သေဆုံးနေချိန်မှာတော့ နားကွင်းမရှိဘူး။ လည်ပင်းမှာတော့ ပွန်းပဲ့ဒါဏ်ရာတော့တွေ့တယ်။ နောက်ပြီး ကလေးသေဆုံးတဲ့နားမှာ အအေးပုလင်း(အဆီပုလင်း)အခွံနဲ့ ထည့်ထားတဲ့ အရက်ပုလင်းလည်းတွေ့ရတယ်။ ကျောင်းနဲ့ သေဆုံးတဲ့နေရာနဲ့တော့ ပေ၄၀ဝလောက်ကွာပါတယ်”ဟု ၄င်းကပြောသည်။

ကျောင်းသူလေးမှာ သေဆုံးချိန်တွင် ကျောင်းဝတ်စုံ အဖြူ၊ အစိမ်းကို ဝတ်ဆင်ထားကြောင်းလည်း ၄င်းကဆိုသည်။

လူသတ်တရားခံကို အချိန်နှင့်တပြေးညီဖမ်းဆီးနိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း မအူပင်မြို့နယ်ကျွဲဒုံးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် မြင့်ဇော်ကပြောသည်။

“ကျွန်တော်တို့ကို ရွာက တာဝန်ရှိ သူတွေမကြောင်းကြားပြီးချက်ချင်းပဲ အခင်းဖြစ်တဲ့နေရာကိုသွားပြီး မှတ်တမ်းယူခဲ့ပါတယ်။ပြီးတော့မအူပင်ပြည်သူဆေးရုံကြီးကို ပို့ခဲ့ပါတယ်။အခုချိန်ထိတော့ တရားခံမမိသေးပါဘူး။တရားခံကိုအချိန်နှင့်တပြေးညီဖမ်းဆီးရမိဖို့ဆောင်ရွက်နေပါတယ်။သေဆုံးသူရဲ့ဖခင်က တရားလိုပြုလုပ်တိုင်တန်းထားလို့ ပုဒ်မ ၃၀၂/၃၉၂နဲ့အမှုဖွင့်ထားပါတယ် “ဟုစခန်းမှူး ရဲအုပ် မြင့်ဇော်က ယနေ့နေ့လယ်ပိုင်းတွင်ပြောသည်။

ပြည့်ဖြိုးပိုင်( AHN – MUB)

The Asia Heart News

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...