လီဆူတုိင္းရင္းသူ Miss Universe Naypyitaw 2017 အလွမယ္ Sarah Fish ၏ ဖုန္းကုိ ပြဲတစ္ခုတြင္ စေနာက္သည့္ သ ေဘာျဖင့္ ခိုးယူခဲ့မိေၾကာင္း အ လွမယ္ျခဴးသက္လြင္က ဝန္ခံ ေတာင္းပန္သည့္ ဗီဒီယုိုဖုိင္ကို ဇြန္ လ ၇ ရက္က ၎အသံုးျပဳသည့္ ေဖ့စ္ဘြတ္ခ္အေကာင့္တြင္ Live လႊင့္၍ ေျပာၾကားခဲ့သည္။
‘‘ဆာရာ့ဖုန္းကုိ စခ်င္ေနာက္ ခ်င္တဲ့ စိတ္တစ္ခုတည္းနဲ႔ ယူ သြားမိပါတယ္။ ဝန္ခံပါတယ္။ အ ရင္ဆာ့ရာအေကာင့္ထဲက သူငယ္ခ်င္းေတြ၊ ေကာင္ေလးေတြ၊ ေကာင္မေလးေတြကုိလည္း ဆဲ လိုက္တယ္။ အဲဒါေတာင္းပန္ပါ တယ္။ သူတို႔ကလည္း ၾကားထဲက ေန ဝင္ေျပာတဲ့အတြက္ ဆဲလုိက္ မိတာပါ။ ေနာက္ပါတဲ့ Miss ညီမ အေယာက္ ၂၀ ကိုလည္း ေတာင္း ပန္ပါတယ္။ သူတုိ႔ေရးတာနည္း ေပမယ့္ ကုိယ္ဆဲတာမ်ားသြားတဲ့ အတြက္ ေတာင္းပန္ပါတယ္။ ဆာရာ့ကို အက္စစ္နဲ႔ ပက္မယ္ ေျပာလိုက္တာလည္း သူငယ္ခ်င္း အခ်င္းခ်င္းကို Live တင္ၿပီးေျပာခဲ့ တဲ့အတြက္ ကုိယ့္အရွက္ေၾကာင့္ ေျပာခဲ့မိတာပါ။ ဆာရာပရိသတ္ ေတြကိုလည္း ေတာင္းပန္ပါ တယ္’’ဟု Live တြင္ ျခဴးသက္လြင္က ေျပာၾကားခဲ့သည္။
ဖုန္းကိစၥႏွင့္ ပတ္သက္၍ ယင္းစီစီတီဗီဗီဒီယိုဖုိင္သည္ ဇြန္ လ ၆ ရက္က ထြက္ေပၚခဲ့ၿပီးေနာက္ လူမႈကြန္ရက္တြင္ ေဝဖန္မႈမ်ား ျမင့္တက္ခဲ့သည္။ ယင္းဗီဒီယုိဖုိင္ ထြက္ေပၚၿပီးေနာက္ ဝန္မခံဘဲ ျငင္းဆန္ခဲ့သည့္ ျခဴးသက္လြင္ သည္ ဇြန္လ ၆ ရက္ ညေနက လႊင့္ခဲ့သည့္ Live တြင္ မွတ္ခ်က္ ျပဳေရးသားသည့္ အေကာင့္ပုိင္ရွင္မ်ားကုိ ဆဲဆုိခဲ့ေသးသည္။ အ ထက္ပါကိစၥႏွင့္ ပတ္သက္၍ အ ခုိးခံရသည့္ Miss Sarah Fish က ခြင့္လႊတ္ေၾကာင္းႏွင့္ ျခဴးသက္ လြင္၏ အႏုပညာလႈပ္ရွားမႈမ်ား ကုိ ဆက္လက္အားေပးရန္ ၎၏ ေဖ့စ္ဘြတ္ခ္အေကာင့္သစ္မွ Live လႊင့္ၿပီး ေတာင္းပန္ေျပာၾကားခဲ့ သည္။‘‘အားလံုးနားလည္ေပးၾက ပါ။ အခုျခဴးသက္လြင္ကိုယ္တုိင္ လည္း ဆာရာ့ကို ဝန္ခံေတာင္းပန္ ၿပီးပါၿပီ။ သူ႔ဘက္ကေနာင္တရလို႔ ဝန္ခံသည္ျဖစ္ေစ၊ အျဖစ္သေဘာ အရ ဝန္ခံသည္ျဖစ္ေစ ဆာရာ ခြင့္လႊတ္ပါတယ္။ ဆာသူ႔နာမည္ ကုိ ဖ်က္တာမဟုတ္ဘူးေနာ္။ ဆာ အႏုပညာလမ္းေၾကာင္းထဲမွာ ခုမွ ဝင္ခါစျဖစ္တဲ့အတြက္ ဆာသာ အဲဒီအရာကုိ ခ်မျပရင္ အေကာင္း မျမင္ေပးၾကတဲ့ သူေတြမ်ားလာ ပါလိမ့္မယ္။ ဆာဖုန္းေပ်ာက္သြား ကတည္းက ဆာသူ႔ကုိ ခ်ိန္းတယ္။ဆာရာအေကာင့္ကို ဝင္သံုးေနတဲ့ အတြက္ ညီမေရ မသံုးပါနဲ႔။ ဖုန္း လိုခ်င္ရင္ ယူသြားပါလို႔ ေျပာပါ တယ္။ ဒါေပမဲ့ သူကအေကာင့္ကုိ ဆက္ၿပီးသံုးတဲ့အျပင္ ပါဆင္နယ္ ကိစၥေတြကိုပါ ထိပါတယ္။ ဆာ အေနနဲ႔ ေျပာျပလို႔ရေပမယ့္ သူ႔ထိ ခိုက္မွာစိုးလို႔ မေျပာေတာ့ပါဘူး။ သူ႔ဘက္ကေနလည္း ဆာတစ္ခု ေလာက္ ေတာင္းဆိုခ်င္တယ္။ အခုသူကလည္း ဆက္လက္ၿပီး သူ႔လမ္းေၾကာင္းနဲ႔ သူသြားရမွာျဖစ္ တဲ့အတြက္ သူပံုတင္သမွ် သူ႕ရဲ႕ လုပ္ငန္းမွန္သမွ်ကုိ ဆက္လက္ၿပီးအေကာင္းဘက္ျမင္ေပးၾကပါလို႔၊ ဖုန္းသူခိုးဆိုတဲ့ နာမည္ကုိလည္း မေျပာမိေအာင္ ထိန္းေပးၾကပါလို႔ သူ႔အစား ဆာေတာင္းပန္လိုပါ တယ္’’ဟု ဆုိသည္။
၆ ရက္ နံနက္က တင္ခဲ့ေသာျခဴးသက္လြင္၏ ဖုန္းမခိုးေၾကာင္း ျငင္းဆန္သည့္ ဗီဒီယုိဖုိင္ကုိ ၾကည့္ ႐ႈသူ ေလးသိန္းေက်ာ္ရိွၿပီး Live လုပ္သူ ၁,၀၀၀ ေက်ာ္၊မွတ္ခ်က္ျပဳေရးသားသူ ၆၀၀ ေက်ာ္ႏွင့္ ျပန္ လည္ေဝမွ်သူ ၄၀၀ ေက်ာ္ခဲ့သည္။
Credit: 7Day Daily
===========
Unicode
လီဆူတိုင်းရင်းသူ Miss Universe Naypyitaw 2017 အလှမယ် Sarah Fish ၏ ဖုန်းကို ပွဲတစ်ခုတွင် စနောက်သည့် သ ဘောဖြင့် ခိုးယူခဲ့မိကြောင်း အ လှမယ်ခြူးသက်လွင်က ဝန်ခံ တောင်းပန်သည့် ဗီဒီယိုဖိုင်ကို ဇွန် လ ၇ ရက်က ၎င်းအသုံးပြုသည့် ဖေ့စ်ဘွတ်ခ်အကောင့်တွင် Live လွှင့်၍ ပြောကြားခဲ့သည်။
‘‘ဆာရာ့ဖုန်းကို စချင်နောက် ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ယူ သွားမိပါတယ်။ ဝန်ခံပါတယ်။ အ ရင်ဆာ့ရာအကောင့်ထဲက သူငယ်ချင်းတွေ၊ ကောင်လေးတွေ၊ ကောင်မလေးတွေကိုလည်း ဆဲ လိုက်တယ်။ အဲဒါတောင်းပန်ပါ တယ်။ သူတို့ကလည်း ကြားထဲက နေ ဝင်ပြောတဲ့အတွက် ဆဲလိုက် မိတာပါ။ နောက်ပါတဲ့ Miss ညီမ အယောက် ၂၀ ကိုလည်း တောင်း ပန်ပါတယ်။ သူတို့ရေးတာနည်း ပေမယ့် ကိုယ်ဆဲတာများသွားတဲ့ အတွက် တောင်းပန်ပါတယ်။ ဆာရာ့ကို အက်စစ်နဲ့ ပက်မယ် ပြောလိုက်တာလည်း သူငယ်ချင်း အချင်းချင်းကို Live တင်ပြီးပြောခဲ့ တဲ့အတွက် ကိုယ့်အရှက်ကြောင့် ပြောခဲ့မိတာပါ။ ဆာရာပရိသတ် တွေကိုလည်း တောင်းပန်ပါ တယ်’’ဟု Live တွင် ခြူးသက်လွင်က ပြောကြားခဲ့သည်။
ဖုန်းကိစ္စနှင့် ပတ်သက်၍ ယင်းစီစီတီဗီဗီဒီယိုဖိုင်သည် ဇွန် လ ၆ ရက်က ထွက်ပေါ်ခဲ့ပြီးနောက် လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ ယင်းဗီဒီယိုဖိုင် ထွက်ပေါ်ပြီးနောက် ဝန်မခံဘဲ ငြင်းဆန်ခဲ့သည့် ခြူးသက်လွင် သည် ဇွန်လ ၆ ရက် ညနေက လွှင့်ခဲ့သည့် Live တွင် မှတ်ချက် ပြုရေးသားသည့် အကောင့်ပိုင်ရှင်များကို ဆဲဆိုခဲ့သေးသည်။ အ ထက်ပါကိစ္စနှင့် ပတ်သက်၍ အ ခိုးခံရသည့် Miss Sarah Fish က ခွင့်လွှတ်ကြောင်းနှင့် ခြူးသက် လွင်၏ အနုပညာလှုပ်ရှားမှုများ ကို ဆက်လက်အားပေးရန် ၎င်း၏ ဖေ့စ်ဘွတ်ခ်အကောင့်သစ်မှ Live လွှင့်ပြီး တောင်းပန်ပြောကြားခဲ့ သည်။‘‘အားလုံးနားလည်ပေးကြ ပါ။ အခုခြူးသက်လွင်ကိုယ်တိုင် လည်း ဆာရာ့ကို ဝန်ခံတောင်းပန် ပြီးပါပြီ။ သူ့ဘက်ကနောင်တရလို့ ဝန်ခံသည်ဖြစ်စေ၊ အဖြစ်သဘော အရ ဝန်ခံသည်ဖြစ်စေ ဆာရာ ခွင့်လွှတ်ပါတယ်။ ဆာသူ့နာမည် ကို ဖျက်တာမဟုတ်ဘူးနော်။ ဆာ အနုပညာလမ်းကြောင်းထဲမှာ ခုမှ ဝင်ခါစဖြစ်တဲ့အတွက် ဆာသာ အဲဒီအရာကို ချမပြရင် အကောင်း မမြင်ပေးကြတဲ့ သူတွေများလာ ပါလိမ့်မယ်။ ဆာဖုန်းပျောက်သွား ကတည်းက ဆာသူ့ကို ချိန်းတယ်။ဆာရာအကောင့်ကို ဝင်သုံးနေတဲ့ အတွက် ညီမရေ မသုံးပါနဲ့။ ဖုန်း လိုချင်ရင် ယူသွားပါလို့ ပြောပါ တယ်။ ဒါပေမဲ့ သူကအကောင့်ကို ဆက်ပြီးသုံးတဲ့အပြင် ပါဆင်နယ် ကိစ္စတွေကိုပါ ထိပါတယ်။ ဆာ အနေနဲ့ ပြောပြလို့ရပေမယ့် သူ့ထိ ခိုက်မှာစိုးလို့ မပြောတော့ပါဘူး။ သူ့ဘက်ကနေလည်း ဆာတစ်ခု လောက် တောင်းဆိုချင်တယ်။ အခုသူကလည်း ဆက်လက်ပြီး သူ့လမ်းကြောင်းနဲ့ သူသွားရမှာဖြစ် တဲ့အတွက် သူပုံတင်သမျှ သူ့ရဲ့ လုပ်ငန်းမှန်သမျှကို ဆက်လက်ပြီးအကောင်းဘက်မြင်ပေးကြပါလို့၊ ဖုန်းသူခိုးဆိုတဲ့ နာမည်ကိုလည်း မပြောမိအောင် ထိန်းပေးကြပါလို့ သူ့အစား ဆာတောင်းပန်လိုပါ တယ်’’ဟု ဆိုသည်။
၆ ရက် နံနက်က တင်ခဲ့သောခြူးသက်လွင်၏ ဖုန်းမခိုးကြောင်း ငြင်းဆန်သည့် ဗီဒီယိုဖိုင်ကို ကြည့် ရှုသူ လေးသိန်းကျော်ရှိပြီး Live လုပ်သူ ၁,၀၀၀ ကျော်၊မှတ်ချက်ပြုရေးသားသူ ၆၀၀ ကျော်နှင့် ပြန် လည်ဝေမျှသူ ၄၀၀ ကျော်ခဲ့သည်။
Credit: 7Day Daily
Home
/
ျဖစ္ရပ္မွန္
/
ျမန္မာေမာ္ဒယ္မ်ား
/
အလွမယ္ Sarah Fish ရဲ႕ ဖုန္းကုိ စေနာက္ၿပီး ခိုးယူခဲ့ေၾကာင္း အလွမယ္ ျခဴးသက္လြင္ဝန္ခံ ..!
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment