ေန႔ခ်င္းညခ်င္းစီးပြားတက္ေစမယ့္ ဆရာဇင္ေယာ္နီရဲ့ ယၾတာလက္ေဆာင္မြန္မ်ား


ေရွးဆရာတို႔သည္ ေငြကိစၥ၊ အလုပ္ကိစၥ၊ အေရာင္းအ၀ယ္ကိစၥ … စသည္ စသည္တို႔တြင္ အလ်င္အျမန္ ေအာင္ျမင္ ၿပီးေျမာက္လိုေသာအခါ ေန႔ ခ်င္းညခ်င္းဟူေသာ အစီအရင္ကုိ စီရင္ေလ့ရွိၾကရာ တြင္ စီရင္ပံုစီရင္နည္းမွာ ေႂကြပန္း ကန္ျပားတစ္ခ်ပ္ ေပၚ၌ ခ်င္းတက္တစ္တက္ကုိ တင္ၿပီးသကာလ ထုိ ခ်င္းတက္ေပၚတြင္ မီးထြန္း၍ ဘုရားတြင္လွဴဒါန္းရ မည္ျဖစ္ၿပီး ထုိခ်င္းတက္ေပၚတြင္ပင္ ေန႔ပုိင္း၌တစ္ ႀကိမ္၊ ညပုိင္း၌တစ္ႀကိမ္ မီးထြန္းလွဴဒါန္းကာ မိမိ၏ အလ်င္အျမန္ ၿပီးေျမာက္ေအာင္ျမင္လုိေသာကိစၥကုိ ေန႔ခ်င္းညခ်င္း ေအာင္ျမင္ပါေစသားဟု ဆုေတာင္း ရမည္ျဖစ္ေလ၏။ မိမိ၏ကိစၥမွာ အေရးႀကီးလွ်င္ ႀကီး သလို ၃ ရက္၊ ၅ ရက္၊ ၇ ရက္၊ ၉ ရက္ စသည္ ျဖင့္ မီးထြန္းႏိုင္ေပသည္။
ထုိအစီအရင္ႏွင့္ ခပ္ဆင္ဆင္ ေနာက္ထပ္ တစ္နည္း ေဆာင္ရြက္ႏိုင္သည္မွာ စိန္တစ္တင္း၊ ခ်င္းတစ္တက္ဟူေသာ အစီ အရင္ျဖစ္၍ ေငြမွား ပစၥည္းမွား၊ အ၀ယ္မွား၊ အေရာင္းမွား၊ ကတိမွား၊ စာခ်ဳပ္မွား ႀကံဳေသာအခါတြင္ ထုိသို႔လွ်င္ ေႂကြပန္း ကန္ျပားေပၚ၌ ခ်င္းတက္ကုိတင္၍ ခ်င္းတက္ေပၚ တြင္ မီးထြန္းကာ ဆုေတာင္းရန္ ျဖစ္ၿပီးလွ်င္ ထုိသုိ႔ တစ္စံုတရာ အမွား အယြင္း အတိမ္းအေစာင္း အခၽြတ္ အေခ်ာ္ ေျပေပ်ာက္လိုေသာကိစၥ၌ မီးထြန္းရာတြင္ မူ ေန႔ညအခ်ိန္ပုိင္းျခားစရာမလုိဘဲ မိမိ၏ကိစၥ အ ေရးႀကီးလွ်င္ႀကီးသလို စဥ္တုိက္ဆက္တုိက္ မီးထြန္း ရန္သာ ျဖစ္ပါေလေတာ့၏။
ခ်င္းတက္ဆုိသည္မွာ တနလၤာနံႏွင့္ စေနနံ ျဖစ္ေသာေၾကာင့္ နံသင့္ဂဏန္းခ်င္းကုိ ေပါင္းလိုက္ လွ်င္ ကုိးန၀င္းျဖစ္ေနေ သာ ပစၥည္းတစ္ခုလည္း ျဖစ္ ေလသည္။
ေဖာ္ျပပါပံုကုိ ဓာတ္ပံုကူးယူ၍ မိမိတို႔၏ ဆုိင္ မ်ား၊ အလုပ္ခန္းမ်ား၊ အိမ္မ်ားတြင္ ခ်ိတ္ဆြဲထား ျခင္းအားျဖင့္လည္း ေန႔ခ် င္းညခ်င္း စီးပြားတုိးတက္ေသာ နိမိတ္ေကာင္းကုိ ရရွိၾကပါေစကုန္သတည္း။
သေဗၺဓမၼာ
ဇင္ေယာ္နီ
Unicode
ရှေးဆရာတို့သည် ငွေကိစ္စ၊ အလုပ်ကိစ္စ၊ အရောင်းအဝယ်ကိစ္စ … စသည် စသည်တို့တွင် အလျင်အမြန် အောင်မြင် ပြီးမြောက်လိုသောအခါ နေ့ ချင်းညချင်းဟူသော အစီအရင်ကို စီရင်လေ့ရှိကြရာ တွင် စီရင်ပုံစီရင်နည်းမှာ ကြွေပန်း ကန်ပြားတစ်ချပ် ပေါ်၌ ချင်းတက်တစ်တက်ကို တင်ပြီးသကာလ ထို ချင်းတက်ပေါ်တွင် မီးထွန်း၍ ဘုရားတွင်လှူဒါန်းရ မည်ဖြစ်ပြီး ထိုချင်းတက်ပေါ်တွင်ပင် နေ့ပိုင်း၌တစ် ကြိမ်၊ ညပိုင်း၌တစ်ကြိမ် မီးထွန်းလှူဒါန်းကာ မိမိ၏ အလျင်အမြန် ပြီးမြောက်အောင်မြင်လိုသောကိစ္စကို နေ့ချင်းညချင်း အောင်မြင်ပါစေသားဟု ဆုတောင်း ရမည်ဖြစ်လေ၏။ မိမိ၏ကိစ္စမှာ အရေးကြီးလျှင် ကြီး သလို ၃ ရက်၊ ၅ ရက်၊ ၇ ရက်၊ ၉ ရက် စသည် ဖြင့် မီးထွန်းနိုင်ပေသည်။
ထိုအစီအရင်နှင့် ခပ်ဆင်ဆင် နောက်ထပ် တစ်နည်း ဆောင်ရွက်နိုင်သည်မှာ စိန်တစ်တင်း၊ ချင်းတစ်တက်ဟူသော အစီ အရင်ဖြစ်၍ ငွေမှား ပစ္စည်းမှား၊ အဝယ်မှား၊ အရောင်းမှား၊ ကတိမှား၊ စာချုပ်မှား ကြုံသောအခါတွင် ထိုသို့လျှင် ကြွေပန်း ကန်ပြားပေါ်၌ ချင်းတက်ကိုတင်၍ ချင်းတက်ပေါ် တွင် မီးထွန်းကာ ဆုတောင်းရန် ဖြစ်ပြီးလျှင် ထိုသို့ တစ်စုံတရာ အမှား အယွင်း အတိမ်းအစောင်း အချွတ် အချော် ပြေပျောက်လိုသောကိစ္စ၌ မီးထွန်းရာတွင် မူ နေ့ညအချိန်ပိုင်းခြားစရာမလိုဘဲ မိမိ၏ကိစ္စ အ ရေးကြီးလျှင်ကြီးသလို စဉ်တိုက်ဆက်တိုက် မီးထွန်း ရန်သာ ဖြစ်ပါလေတော့၏။
ချင်းတက်ဆိုသည်မှာ တနင်္လာနံနှင့် စနေနံ ဖြစ်သောကြောင့် နံသင့်ဂဏန်းချင်းကို ပေါင်းလိုက် လျှင် ကိုးနဝင်းဖြစ်နေေ သာ ပစ္စည်းတစ်ခုလည်း ဖြစ် လေသည်။
ဖော်ပြပါပုံကို ဓာတ်ပုံကူးယူ၍ မိမိတို့၏ ဆိုင် များ၊ အလုပ်ခန်းများ၊ အိမ်များတွင် ချိတ်ဆွဲထား ခြင်းအားဖြင့်လည်း နေ့ချ င်းညချင်း စီးပွားတိုးတက်သော နိမိတ်ကောင်းကို ရရှိကြပါစေကုန်သတည်း။
သဗ္ဗေဓမ္မာ
ဇင်ယော်နီ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...