အသတ်ခံရသည့် အိမ်ဖော်မိန်းကလေး၏ မိသားစုဝင်များက မော်တော်ကားများကို မီးရှို့ဖျက်ဆီး


အသတ်ခံရသည့် အိမ်ဖော်မိန်းကလေး၏ မိသားစုဝင်များက… by dvburma
အာဂျင်တီးနားနိုင်ငံ ဂလူးမြို့မှာ အသက် ၁၉ နှစ်အရွယ်ရှိ အိမ်ဖော်မိန်းကလေး အသတ်ခံရတာကို ရဲက ချက်ချင်းအရေးမယူတဲ့အတွက် မိသားစုဝင်တွေ စိတ်ဆိုးပြီး ဇူလိုင် ၅ ရက်နေ့က မော်တော်ကား အတော်များများကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ အိုင်လန်းရိုလ်ဒန်ဟာ လင်မယား ၂ ဦးရဲ့အိမ်မှာ အိမ်ဖော်လုပ်နေစဉ် ဇူလိုင် ၄ ရက်နေ့က ဆွဲကြိုးချ သတ်သေတာကို ရဲက တွေ့ရှိခဲ့ပါတယ်။
အဲ့ဒီမိန်းကလေးဟာ သေဆုံးချိန်မှာ ကိုယ်ဝန် ၆ လ ရှိနေပါတယ်။
ဒီ့အတွက် ရိုးရိုးသေဆုံးမှုမဟုတ်ဘဲ လူသတ်မှုဖြစ်ပြီး အိမ်ရှင်ဇနီးမောင်နှံ ပါဝင်ပတ်သက်နေတယ်လို့ သေဆုံးသူ အိုင်လန်းရဲ့မိသားစုက သံသယရှိနေကြောင်း ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...