သင့် ဖုန်း ရေစိုသွားရင် ဒါတွေလုပ်ပါ

ရုတ်တရက် မိုးရွာလာလို့ မိုးမိတဲ့အထဲမှာ သင့်ရဲ့ စမတ် ဖုန်း လေးရော အအေးမိသွားပါသလား။စမတ်ဖုန်းတွေထဲ ရေဝင်တဲ့ပြဿနာတွေ မကြာခဏ ကြားဖူးမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် သင့်ရဲ့ စမတ်ဖုန်း ရေစိုသွားခဲ့ရင်တော့ ဒီနည်းလမ်းအတိုင်း လိုက်လုပ်ကြည့်ရင် အဆင်ပြေပါလိမ့်မယ်။

၁။ ပါဝါပိတ်ပါ

ဖုန်းအခြေအနေကိုသိရဖို့ ပါဝါကို မဖွင့်ပါနဲ့တော့။ အရင်ဆုံး စက်ကိုပိတ်ထားလိုက်ပါ။ အားသွင်းကြိုးတွေလည်း တပ်မထားပါနဲ့။

၂။ ကတ်တွေထုတ်
ဖုန်းထဲက ဆင်းမ်ကတ်နဲ့ မန်မိုရီကတ်တွေကို ထုတ်ထားလိုက်ပါ။ ရေတွေ ထပ်ပြီး စိမ့်ဝင်သွားရင် ပျက်စီးသွားနိုင်လို့ ခပ်မြန်မြန်ထုတ်ပြီး အခြောက်ခံထားရပါမယ်။

၃။ တစ်ရှုးသုံးပါ

ဖုန်းထဲက ဘက်ထရီကိုလည်း ခပ်မြန်မြန်ထုတ်ပါ။ ဖုန်းကာဗာ၊ နောက်အခွံတို့လို့ ရေစိုနေတဲ့ အခြားအစိတ်အပိုင်းတွေကို တစ်ရှုးနဲ့ သုတ်ပေးရင် ရေတွေ စုပ်ယူနိုင်ပါတယ်။ ဒါတွေကိုလည်း ခြောက်အောင်သုတ်ပြီး တစ်ရှုးစက္ကူပေါ်မှာ အခြောက်ခံထားပေးပါ။

၎။ လေမှုတ်စက်

ဖုန်းထဲက ရေတွေ ခြောက်သွားအောင် လေမှုတ်စက်ရဲ့ အကူအညီကိုယူပါ။ ဆံပင်အခြောက်ခံစက် (hair dryer) ကို မသုံးပါနဲ့။ အပူချိန်ကြောင့် အထဲက ဆားကစ်တွေ ပျက်စီးသွားနိုင်ပါတယ်။

၅။ သိမ်းဆည်းပါ
အားလုံး ခြောက်သွေ့သွားပြီ ဆိုရင်တော့ ဆီလီကာဂျဲလ် (silica gel) လို့ ခေါ်တဲ့ ရေငွေ့စုပ်ယူနိုင်တဲ့ အိတ်ငယ်လေးတွေကြားမှာ ဖုန်းကို ၂၄ နာရီကျော် ထားပေးရပါမယ်။ ဆီလီကာဂျဲလ် မဟုတ်ဘူးဆိုရင် အိမ်က ဆန်ပုံးကို ရွေးချယ်နိုင်ပါတယ်။ ဆန်တွေက ဖုန်းထဲမှာရှိတဲ့ ရေငွေ့ကို စုပ်ယူပေးနိုင်တာကြောင့် ဆန်ပုံးထဲမှာ တစ်ရက်လောက် ထားလိုက်ပါ။
ဒါဆိုရင် ရေစိုသွားတဲ့ သင့်ဖုန်းလေး ပြန်ပြီး အိုကေသွားပါလိမ့်မယ်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...