ကလေးလိုချင်လွန်း၍ ကိုယ်ဝန်သည်ကို သတ်ပြီး ဗိုက်ခွဲကာသန္ဓေသားထုတ်ယူမှုဖြစ်ပွား








Credit: popolay


Unicode
ဇွန်လ ၂၇ ရက်နေ့က ဘရာဇီးနိုင်ငံတွင် ကလေးလိုချင်လွန်းအားကြီးသော အမျိုးသမီးတစ်ဦးက ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ကာ မမွေးသေးသည့် ဗိုက်ထဲကကလေးကို ထုတ်ယူမှုတစ်ခု ဖြစ်ပွားခဲ့သည်။

Suelen Coimbra အသက် ၂၇ နှစ်အရွယ်အမျိုးသမီးက ကိုယ်ဝန် ၈ လလွယ်ထားရသော Naiara Silva Costa ဆိုသူကို ကလေးအတွက်အဝတ်အစားများ၊ အသုံးအဆောင်များ ပေးမည်ဟုပြောဆိုသဖြင့် သွားယူခဲ့ရာမှ ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ခံရခြင်းဖြစ်သည်။


ကိုယ်ဝန်သည်အား ဆေးခပ်ကာ ကြိုးဆွဲချပြီးနောက် သွေးအေးစွာဖြင့် ဓားနှင့်ထိုးသတ်ခဲ့သည်။ ထို့နောက် ဗိုက်ကိုခွဲကာ ကလေးကို ထုတ်ယူခဲ့သည်။ သို့သော်ကလေးမှာလည်း ဒဏ်ရာများရကာ အသက်မရှင်နိုင်ခဲ့။

Suelen Coimbra do Carmo သည် လွန်ခဲ့သော နှစ်လခန့်က ကိုယ်ဝန်ပျက်ကျခဲ့ပြီး သားသမီးအလွန်လိုချင်နေသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သေဆုံးသူ အမျိုးသမီးနှင့် လူမှုကွန်ယက်ပေါ်တွင် မိတ်ဆွေဖြစ်ခဲ့ကြပြီး ကလေးအတွက် အဝတ်အစားအသုံးအဆောင်များ ပေးချင်တယ်ဟုဆိုကာ သူ့အိမ်သို့ လာခိုင်းစေခဲ့ပြီးနောက် ရက်စက်စွာ သတ်ခဲ့သည်။

အလောင်းကို သူမ၏ခြံနောက်ဖက်တွင် အသင့်တူးထားသော မြေကျင်းထဲသို့ မြုတ်နှံခဲ့သည်။ အဆိုပါမြေကျင်းကို သူ၏ အိမ်နီးချင်းတစ်ဦးအား အပင်စိုက်ရန်ဟု အကြောင်းပြပြီး ငှား၍တူခိုင်းခဲ့ခြင်းဖြစ်သည်။ ထိုသူမှ မသင်္ကာဖြစ်ပြီး ရဲထံသတင်းပေးခဲ့ရာမှ လူသတ်မှုပေါ်ပေါက်ခဲ့ရသည်။

ရဲများဝင်ရောက် ရှာဖွေရာ အမျိုးသမီး၏အလောင်းကို ခြံနောက်ဖက်တွင် တူးဖော်တွေ့ရှိပြီး ကလေး၏အလောင်းကို အဝတ်နှင့် ပတ်ထားလျှက် ရေချိုးခန်းထဲရှိ လက်ဆေးဘေဇင်ထဲတွင် တွေ့ရှိခဲ့ရသည်။
ဇနီးနှင့် ရင်သွေးရက်စက်စွာ သတ်ဖြတ်ခံလိုက်ရသည့်အတွက် ခင်ပွန်းဖြစ်သူအား စိတ်ငြိမ်အောင် ကုသနေရကြောင်းသိရှိရသည်။ Carmo ကို လူသတ်မှုနှစ်ခုနဲ့ တရားစွဲဆိုသွားမှာဖြစ်ပြီး လာမည့်သြဂုတ်လတွင် တရားရုံးတင် စစ်ဆေးမှာဖြစ်ပါတယ်။

Credit: popolay

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...