၁၈ ႏွစ္ေအာက္ ေယာက္်ားေလးမ်ား မဖတ္ပါႏွင့္

၁၈ ႏွစ္ေအာက္ ေယာက္်ားေလးမ်ား မဖတ္ပါႏွင့္
ေယာက္်ားတခ်ိဳ႕ကို အင္မတန္ စိတ္ဒုကၡေပးတဲ့ သုက္လႊတ္ျမန္ျခင္း အေၾကာင္းကေလး ေရးပါရေစ။ အသက္ ၁၈ ႏွစ္ ျပည့္မွဖတ္ပါ (၁) ကို ေရးျပီး၊ ဒီၾကားထဲ တျခားအေၾကာင္းေတြ ေရးခဲ့ပါတယ္။ (၂) ကို ဆက္ေရးရင္၊ ဒီေရာဂါ အထူးကု ထင္မွာစိုးလို႔ပါ။ မဟုတ္ရင္ေတာင္ အထူး စိတ္ဝင္စားသူလို႔ ျမင္ႏိုင္တယ္ေလ။ ဆရာဝန္ဆိုတာ သိသာ သိေစ၊ မျမင္ေစနဲ႔ ဆိုသူထဲမွာ ပါတယ္။ မဖတ္ေစနဲ႔ မဟုတ္လို႔ ေရးရပါမယ္။ နားလည္မႈ မလြဲၾကေစခ်င္ပါ။ “စိတ္ဝင္စားသူ” ဆိုတာေလး ခ်ဲ႕ေျပာရရင္ ဖို-မ ဆက္ဆံေရးကို စိတ္မဝင္စားပါဘူးလို႔ ေျပာလိုက္တာဟာ ဖံုးကြယ္ ေျပာတာပါ။ ဒီကိစၥမ်ိဳးက လူပ်ိဳေပါက္ မေရာက္ေသးတဲ့ အရြယ္ကစျပီး၊ ေသြးဆံုးခ်ိန္လို႔ ေျပာေလ့ရွိတဲ့ အသက္ ေက်ာ္တာေတာင္ စိတ္ထဲမယ္ ရွိေနတာမ်ိဳးပါ။ စိတ္ရွိတိုင္း ထုတ္ေျပာခ်င္မွ ေျပာမယ္။ ကာယကံ ေျမာက္လဲ လုပ္ခ်င္မွ လုပ္ပါလိမ့္မယ္။ လိမ္မာရင္ လိမ္မာသေလာက္ ထိန္းခ်ဳပ္မႈ ရွိၾကရတယ္ မဟုတ္လား။

ဆန္႔က်င္ဖက္လိင္ တေယာက္နဲ႔ တေယာက္ဟာ ဆြဲေဆာင္စြမ္းအား အင္မတန္ ၾကီးမားလွတာပါ။ ဇတ္ေတာ္ တခုထဲမယ္ “ဆိတ္ကြယ္ရာ ဆိုရင္ မေအမွန္း၊ သားမွန္း မသိရင္၊ ေဖါက္ျပန္ခ်စ္စိတ္ ဝင္တတ္ေၾကာင္း” မိခင္ျဖစ္သူက သားကို ပညာေပးဘူးတယ္။ ဆန္႔က်င္ဖက္ လိင္လို႔ ေျပာတာလဲ သိပ္ မတိက်ေသးျပန္ဘူး။ လိင္တူခ်င္း စိတ္ဝင္စားမႈ ဆိုတာလဲ ရွိတာကိုး။ မေန႔တေန႔ကေတာင္ Gay တေယာက္ကို Bishop ခန္႔လို႔ စကားေတြ မ်ားေနၾကတယ္ေလ။


“ဆြဲေဆာင္ႏိုင္စြမ္း” ဆိုတာ လိင္ဆိုင္ရာ-ေဟာ္မုန္း Sex hormones ေတြေၾကာင့္ပါ။ Estrogen နဲ႔ Androgen ေတြက မ်ိဳးပြါးျခင္းနဲ႔ ဆိုင္တဲ့ အဂၤါေတြ ၾကီးထြားလာေအာင္၊ အလုပ္လုပ္လာၾကေအာင္အျပင္ အမူအယာေတြပါ အံဝင္ဂြင္က် ျဖစ္ေအာင္ လုပ္ေပးၾကတယ္။ လိင္တူ-စိတ္ဝင္စားသူမ်ား ျဖစ္ရတာကလည္း ဒီေဟာ္မုန္းမ်ား တန္ခိုးပါဘဲ။ က်ားက်ား မမ၊ ဒီအမ်ိဳးတူ ေဟာ္မုန္းေတြရွိတယ္။ အနည္းနဲ႔ အမ်ားေတာ့ ကြာတယ္။ ေယာက္်ား တေယာက္က တေန႔ကို Testosterone ၆-၈ မီလီဂရမ္ ထုတ္ရင္ မိန္းမ တေယာက္က ဝ႕၅ မီလီဂရမ္သာ ထုတ္တယ္။ မိန္းမ-ေဟာ္မုန္းဆိုတာလဲ ေယာက္်ားေတြမွာလဲ ရွိလို႔ အသက္ ၅ဝ ေက်ာ္ရင္၊ အေတာင္ ၂ဝ ဝတ္မ်ားလဲ ရင္သား ထြက္လာၾကတာ ဒါ့ေၾကာင့္။ အခ်ိဳးအဆ ေျပာင္းသြားလို႔ပါ။

“ေျခဆင္း” ေလးျပီးေတာ့ ေရးမဲ့အေၾကာင္း ဆက္ပါမယ္။ လိင္ျပႆနာေတြထဲမွာ အေတြ႔ရဆံုးကေတာ့ လိင္ဆႏၵျပည့္ဝျခင္း ဆိုတဲ့ Orgasm ဟာ အမ်ိဳးသားေတြမွာ အခ်ိန္ေစာျပီး ျဖစ္တာနဲ႔ အမ်ိဳးသမီးမ်ားမွာ အျဖစ္နည္းတာပါ။ Orgasm စကားလံုးရဲ႕ အဓိပၸါယ္ မွန္ကေတာ့ ရုပ္ (အဂၤါအစိတ္အပိုင္း ရင့္ထြားျပည့္စံုျခင္း၊) နဲ႔ စိတ္ (လိုအင္ဆႏၵ ျပည့္ဝျခင္း) လို႔ ႏွစ္မ်ိဳးပါတယ္။ ေယာက္်ားေတြမွာ Orgasm အျဖစ္ နည္းတာနဲ႔ အသက္ရွည္မႈ ဆက္စပ္ေနတယ္လို႔ Vritish Medical Journal မွာ ၁၉၉၇ တံုးက ေရးဘူးတယ္။ ႏွလံုးေရာဂါနဲ႔လဲ ဆက္စပ္တယ္လို႔ ၂ဝဝ၁ မွာ ထပ္ေရးေသးတယ္။ ဒီစာက Orgasm အေၾကာင္းေရးတာ မဟုတ္လို႔ ဒီမွာဘဲ ရပ္ပါရေစ။

သုက္လႊတ္တာ ေစာတယ္၊ ျမန္တယ္ဆိုတာ အျဖစ္မ်ားဆံုးက လူပ်ိဳမ်ားနဲ႔ အိမ္ေထာင္က်ခါစ ေယာက္်ားမ်ား ျဖစ္တယ္။ အေတြ႔အၾကံဳ နည္းေသးသူေတြေပါ့။ အေတြ႔အၾကံဳဆိုတာကို တိတိက်က် ေျပာရရင္ လိင္ ဆက္ဆံဘူးတဲ့ အၾကိမ္ အေရအတြက္ ေျပာတာ။ ကာလသားမ်ား ေျပာၾကတာရွိတယ္ “အသက္ၾကီးေတာ့ တနည္းသာတယ္။” ဆိုတာ။ ဒီေတာ့ အားေပးခ်င္ပါတယ္၊ အေတြ႔အၾကံဳက သင္ေပးပါလိမ့္မယ္။

လိင္ဆက္ဆံတယ္ဆိုတာ စာသင္သလို အဆင့္ခြဲ ေျပာရရင္ Foreplay ဆိုတဲ့ အရွိန္ယူ၊ ျပင္ဆင္တဲ့ အဆင့္၊ ေနာက္မွ အဂၤါႏွစ္ခု ထိစပ္မႈ။ ျပီးမွ Orgasm ဆိုတဲ့ ေက်နပ္ျပည့္စံုမႈကို တေယာက္ျဖစ္ျဖစ္၊ ႏွစ္ေယာက္ လံုး ျဖစ္ျဖစ္ ရတဲ့အဆင့္။ ဒီေနာက္မွာလဲ ဖုတ္ဖက္ခါ ထသြားသလို မဟုတ္ဘဲ Relaxing experience အခ်ိန္ယူမွ ျပီးျပည့္စံုပါတယ္။

လိင္အဂၤါ ႏွစ္ခုမဟုတ္ဘဲ တခုထဲကို သံုးတာနဲ႔လဲ Orgasm ရေအာင္ လုပ္ႏိုင္တယ္။ Masturbation ဖါသာ-အာသာေျဖျခင္း ေခၚတာေပါ့။ အခ်ိန္ ပိုၾကာခ်င္ရင္ ၾကာေအာင္ေအာင္ လုပ္လို႔ရပါတယ္။ စျပီး ဆက္ဆံရာကေန အရွိန္တက္လာျပီး၊ ေနာက္ဆံုး Orgasm မရခင္၊ အတက္အက် သိပ္မရွိဘဲ တန္းေနတဲ့ Plateau အဆင့္မွာ ထိန္းျပီး၊ အခ်ိန္ဆြဲထားရမွာပါ။

က်ား လိင္အဂၤါ ေခါင္းပိုင္းအျပင္က ဖံုးေပးထားတာကို Foreskin (Prepuce) ေခၚတယ္။ ရွံဳ႕လို႔ ဆန္႔လို႔ရတဲ့ အေရျပား ၂ ထပ္ပါတယ္။ အျပင္က သာမန္ အေရျပားလိုျဖစ္ျပီး၊ အထဲကေတာ့ ပါးစပ္တို႔ မ်က္ခြံ အတြင္းပိုင္းတို႔မွာရွိတဲ့ အေရျပား အႏုစားမ်ိဳး ျဖစ္တယ္။ ငယ္တံုးမွာ အတြင္းက လိင္တံအဖ်ားပိုင္းကို ကပ္ေနတယ္။ ဖံုးခ်ီ-ဖြင့္ခ်ီ လုပ္လာႏိုင္တာက တေယာက္နဲ႔ တေယာက္၊ တခ်ိန္နဲ႔ တခ်ိန္ မတူၾကဘူး။ အရြယ္ေရာက္ခ်ိန္မွာ ဆြဲဖြင့္ရင္ ပြင့္လာမွ ေကာင္းတယ္။ မဟုတ္ရင္ အထဲမွာ အညစ္အေၾကး ေအာင္းေနမယ္။ ကေလးငယ္ငယ္ ဆိုရင္ အဆီဥေလးေတြ စျဖစ္တယ္။ အားသံုးျပီး ဆြဲလွန္ေပးတာ မလုပ္သင့္ဘူး။ နာက်င္မယ္။ ပိုးဝင္မယ္။ ထံုေဆးေလးနဲ႔ အသာအယာ သန္႔ရွင္း၊ ကပ္ေနတဲ့ အေပၚဖံုး အေရျပားကုိ ခြါေပးသင့္တယ္။

ဆြဲမလွန္လို႔ေတာ့ရျပီး အတိုင္းတိုင္းေနရင္ အေရျပားဟာ လံုးလံုးဖံုးေနတဲ့ ေယာက္်ား ၅ဝ%၊ တဝက္တပ်က္ ဖံုးေနသူ ၄၂% ရွိျပီး၊ ၈% ကေတာ့ ဖံုးမေနဘူး။ ကိုရီးယား လူမ်ိဳးေတြဟာ အေပၚယံအေရျပား ရွည္လွတယ္လို႔ ဆိုတယ္။ အေရျပားကို ဆြဲလွန္ေပးလို႔ မရတဲ့ ေမြးရာပါ Phimosis “ပန္းငံု” တာဆိုရင္ ခြဲစိတ္ျပဳျပင္ေပးမွ ေကာင္းတယ္။ Islam နဲ႔ Judaism ဘာသာဝင္ ေယာက္်ားတိုင္း လုပ္ၾကရတယ္။ Male circumcision ကို “ရွင္ျပဳေပးတယ္” လို႔ ေျပာင္ေခၚေလ့ရွိတယ္။ လုပ္တဲ့အခါ အေရျပားကို အကုန္ သြားျဖတ္မိရင္ ကာကြယ္မႈနဲ႔ စိုစြပ္ေစတဲ့ အလုပ္ကို အနည္းနဲ႔အမ်ား ထိခိုက္မယ္။ ပန္းငံုလို႔ေတာ့ သုက္လႊတ္ကိစၥ ေၾကာင့္ၾကဘို႔ မလိုပါ။

က်ားလိင္အဂၤါရဲ႕ ထိပ္ဆံုး (အဖ်ား)ပိုင္းက အာရံုခံစားမႈ Sensitivity အျဖစ္ဆံုးဘဲ။ က်န္ေနရာ (အတံ) က ရိုးရိုး အေရျပားနဲ႔ ဖံုးထားတာမို႔ သာမန္ အာရံုခံစားမႈသာ ရွိတယ္။ သုက္လႊတ္တာနဲ႔ အမ်ားၾကီး ဆိုင္တဲ့ ေယာက္်ား လိင္အဂၤါ အစိတ္အပိုင္း ၂ ေနရာ ရွိပါတယ္။

(၁) Glans penis (Glans) ေခၚတဲ့ ေခါင္း (ထိပ္-အဖ်ား) ပိုင္းဟာ Mucocutaneous (တစ္ရွဴး) နဲ႔ လုပ္ထားတယ္။ ဆိုလိုတာက ဖံုးေပးတဲ့ အလုပ္ေရာ စိုစြပ္ေအာင္ အရည္ထုတ္ေပးတာပါ လုပ္ေပးတယ္။ ပိုအေရးၾကီးတာက အာရံုခံစားမႈ သိပ္ေကာင္းတယ္။ က်ားလိင္အဂၤါ ေခါင္း နဲ႔ အမ်ိဳးသမီးမ်ားရဲ႕ (Clitoris) (မ-အစိ) ဟာ ဗီဇသဘာဝျခင္း အတူတူဘဲ။ ၂ ခုလံုးက အာရံုခံစြမ္း အရွိဆံုး ေနရာေတြ ျဖစ္ၾကတယ္။ အာရံုေၾကာ အေရအတြက္ေပါင္း က်ားမွာ ၄ဝဝဝ၊ မမွာ ၈ဝဝဝ ရွိတယ္လို႔ မ်က္စိေကာင္းေကာင္းနဲ႔ ေရတြက္ထားပါတယ္။ Corona glandis ဆိုတာက က်ားလိင္အဂၤါ ေခါင္းပိုင္းရဲ႕ အကားဆံုးေနရာပါ။ ဒီေနရာက Sensitivity အာရံုခံမႈ အကဲဆံုး ျဖစ္တယ္။ အဲဒီေနရာေတြကို ထိမိေအာင္လုပ္ေလ ျမန္ျမန္ ျပီးစီးေလျဖစ္တယ္။ ဒါ့ေၾကာင့္ သုက္လႊတ္ ေႏွးေစခ်င္ရင္ အဲဒီ ၂ ေနရာ Sources of distinct pleasure ေတြကို မထိမိေအာင္ လုပ္ပါေလ။ ဘယ္လို လုပ္ရမလဲ၊ ဆက္ဖတ္ပါ။

(၂) ေနာက္ထပ္ အေရးၾကီးတဲ့ေနရာ တခုကေတာ့ အေပၚဖံုးအေရျပား Foreskin ရဲ႕ေအာက္ပိုင္း။ အလယ္ တည့္တည့္မွာ လိင္တံရဲ႕ ေခါင္းကိုလာ ဆက္ထားတဲ့ေနရာ၊ Frenulum လို႔ေခၚတယ္။ ဒီေနရာမွာ Meissner’s corpuscles ေခၚတဲ့ စပါယ္ရွယ္ အာရံုေၾကာေတြ Thousands of fine touch receptors and other highly erogenous nerve endings ေထာင္နဲ႔ခ်ီ ရွိတယ္။ အေရျပား ျဖတ္ေပးတာ လုပ္လိုက္ရင္ ဒါမ်ိဳးေတြ အေတာ္ ပါသြားတတ္တယ္။ Frenulum ကို ဆြေပးရင္ ေျပာ့ေနတဲ့ က်ားအဂၤါက သန္မာလာေစသလို သုက္လႊတ္ တာလည္း ျမန္ေစတယ္။ အဲဒီခ်က္ေကာင္း ၂ ေနရာကုိ အထိအေတြ႔ နည္းေအာင္ သတိထားရင္ သုက္လႊတ္တာကို ေႏွးေစတယ္။ ဘယ္လို သတိထားရမလဲဆိုေတာ့ ႕႕႕။

ဖတ္ေနတဲ့သူကို အားေတာ့ နာပါတယ္။ ရွင္းကနဲေနေအာင္ ေရးမွ ရမွာမို႔ ေရးခြင့္ျပဳပါ။ အမ်ိဳးသမီးရဲ႕အဂၤါဆိုတာ အဝေနရာက အက်ဥ္းဆံုး ျဖစ္ျပီး၊ ေမြးလမ္းေၾကာင္းထဲကေတာ့ အတြင္းေရာက္ေလ က်ယ္ေလျဖစ္တယ္။ အဝမွာ ၾကြက္သားရွိလို႔လဲ အက်ဥ္း-အက်ယ္ ျဖစ္ေအာင္ လုပ္ေပးတတ္ေအာင္ ေလ့က်င့္ေပးလို႔ ရတယ္။ ေမြးလမ္းေၾကာင္းကေန ကေလးမဖြါးဘူးသူဆိုရင္ (ဗိုက္ခြဲေမြးသူ အပါအဝင္) အဝ ေအာက္ႏုတ္ခမ္း အလည္ေနရာက မိေမြးတိုင္းရွိလို႔ ဆက္ဆံသူ က်ားအဂၤါကို ပိုျပီး ထိမိေစတာမို႔ အာရံုခံစားမႈ ေကာင္းေစသလို အျပီးလဲ ျမန္ေစႏိုင္တယ္။ Frenulum of the labia or Fourchette လို႔ ေခၚတဲ့ေနရာ ျဖစ္တယ္။ “ေလွၾကီးထိုး ရိုးရိုး” ဆိုတဲ့ သမားရိုးက် ဆက္ဆံပံု အေနအထားမွာ က်ားရဲ႕ Frenulum နဲ႔ မရဲ႕ Frenulum တို႔ ထိမိေနၾကတယ္။ ႏွစ္ဦးႏွစ္ဝ အာရံုခံစားမႈ တူၾကေစတယ္။ ေႏွးေစခ်င္ရင္ မထိမိေအာင္ ဆင္ျခင္ျပီး၊ ကိုယ္က အနစ္နာခံလိုက္ပါ။

ေနာက္ျပီး အဝက်ဥ္းက်ဥ္းကို က်ားအဂၤါ စဝင္ခ်ိန္မွာ ေကာင္းလြန္းတဲ့ခံစားမႈကို မသိခ်င္ေယာင္ ေဆာင္လိုက္ပါ။ ဆက္ျပီး အႏုတ္-အသြင္း လုပ္တဲ့အခါမွာလဲ အေဖၚရဲ႕ အက်ဥ္းဆံုး အဂၤါအဝနဲ႔ ကိုယ့္ရဲ႕ ေခါင္း Glans နဲ႔ေရာ အကားဆံုးေနရာ Corona နဲ႔ပါ မထိေစမွသာ ၾကာၾကာ ထိန္းႏိုင္တယ္။ ဒါ့ေၾကာင့္ အကုန္ဆြဲႏုတ္၊ အကုန္ျပန္သြင္း လုပ္တာမ်ိဳး အတတ္ႏိုင္ဆံုး မလုပ္ပါနဲ႔။ တခါ အေနအထားနဲ႔ (ဒါရိုက္ရွင္) လဲ ဘယ္လိုဆိုရင္ ျမန္ျမန္ျပီးခ်င္တယ္ဆိုတာ ကိုယ္တိုင္ သိပါလိမ့္မယ္။ ကိုယ္ၾကိဳက္တဲ့ အေနအထားနဲ႔ လားရာ ထက္-ေအာက္၊ ဘယ္-ညာ ဆိုတာမ်ိဳးကို ဆက္ဆံေနစဥ္ ေရွာင္က်ဥ္ပါေလ။ သုက္လႊတ္ေနတံုးမွာ လိင္တံကို အဆံုးထိ သာမကဘဲ၊ ထိုးသြင္းႏိုင္သမွ် အစြမ္းကုန္ ဆိုပါေတာ့ ထိုးသြင္းထားၾကတယ္။ အဲလိုလုပ္ရင္ Frenulum ကို ဆြဲတင္း ေပးလိုက္တာမို႔ သူ႔မွာရွိေနတဲ့ ေထာင္နဲ႔ခ်ီတဲ့ အာရံုေၾကာေတြ အလုပ္မ်ားေစတယ္။ ဒါ့ေၾကာင့္ ေႏွးေစခ်င္ရင္ ဆက္ဆံေနတံုးမွာ အဲလို မလုပ္ပါနဲ႔။

တခ်ိဳ႕ေသာ အခေၾကးေငြ ယူျပီး ဆက္ဆံတာလက္ခံသူ အမ်ိဳးသမီးေတြဟာ လိင္အထူးကု ဆရာဝန္ေတြထက္ ေတာ္တယ္ေျပာရမလား။ ဆက္ဆံေနတံုး ခါးေအာက္ပိုင္း အေနအထား တခ်က္ျပင္လိုက္ တာနဲ႔ ေဖါက္သည္ကို ျမန္ျမန္ ကိစၥျပီးေအာင္ လုပ္ေပးရာ ေရာက္ေစတယ္။ Frenulum ဆိုတာေတာ့ ေျပာတတ္မွာ မဟုတ္ဘူး။ ဒါေပမဲ့ အဲဒီေနရာကို ထိထိမိမိ ျဖစ္သြားေအာင္ ေဆာင္က်ဥ္း လိုက္တာပါဘဲ။ ဒီေတာ့ သူမတို႔ကို ဆရာတင္ျပီးသကာလ ကိုယ့္ပါတနာကို ျငိမ္ျငိမ္ေနပါေစ။ ကုိယ္ကလည္း ဒီအပိုင္းနဲ႔ အထိအေတြ႔ နည္းေအာင္ ဂရုစိုက္ပါေလ။

အေတြ႔အၾကံဳမ်ားရင္ ၾကာၾကာ ထိန္းႏိုင္တယ္ဆိုတာ အာရံုခံ ေကာင္းလွတဲ့ ေနရာေတြဟာ ၾကာေတာ့ ထံုသလို ထူသလို ျဖစ္လာလို႔ဘဲ။ ဒါ့ေၾကာင့္ အေတြ႔အၾကံဳ မ်ားသူမ်ားကို ျဖတ္လမ္းကလိုက္ခ်င္ရင္ ထံုေဆး သံုးႏိုင္တယ္။ နာမွန္း-က်င္မွန္း၊ ပူမွန္း-ေအးမွန္၊ ထိမွန္း-ကိုင္မွန္း၊ ေကာင္းမွန္း-မေကာင္းမွန္း မသိေတာ့ဘူး။ Sensitivity အမ်ားဆံုးရွိတဲ့ က်ားလိင္အဂၤါ ထိပ္ဖ်ားပိုင္းကို ထံုေဆး (လိမ္းေဆး၊ ပန္းေဆး) တခုခု သံုးႏိုင္တယ္။ ထိုးတာကေတာ့ မေကာင္းပါ။ လိင္ဆက္ဆံလို႔ နာသူမ်ားသံုးတဲ့ Xylocaine 2%, 5% (ဂ်ယ္လီ) ကို ဒီေနရာမွာလဲ သံုးႏိုင္တယ္။ ၅-၁ဝ မိနစ္ ၾကိဳတင္ပါ။ မ်ားေသာအားျဖင့္ မိနစ္ ၃ဝ ေလာက္ခံတယ္။ အသန္႔ထားပါ။ ျပီးရင္ ေဆးျပစ္ပါ။ ေနာက္ဆို ေဆးသံုး စရာလိုမွာ မဟုတ္ပါ။

(ကြန္ဒြမ္) ဆိုတာ လိင္ေရာဂါ ၉၆ ပါး ကာကြယ္တယ္လို႔ တင့္စားႏိုင္ပါတယ္။ အဲ တခ်ိဳ႕ ေယာက္်ားမ်ားဟာ လိင္အဂၤါကို (ကြန္ဒြမ္) စြပ္ထားရင္ အဂၤါခ်င္း တိုက္ရိုက္ ထိေတြ႔မႈ မရွိတဲ့အတြက္ ေႏွးေစတယ္။ တခ်ိဳ႕ က်ေတာ့ (ကြန္ဒြမ္) ေၾကာင့္ ျမန္ျမန္ ကိစၥျပီးခ်င္တယ္။ တေယာက္နဲ႔ တေယာက္ မတူဘူး။ ေနာက္ဟာမ်ိဳးဆိုရင္ ႏွစ္ေယာက္လံုးကလဲ သန္႔ရွင္းတာ ေသျခာေနရင္၊ (ကြန္ဒြမ္) ကို သုက္လႊတ္ ခါနီးမွ စြပ္ေပါ့။ ေရာဂါနဲ႔ စိတ္အလို ေရြးရတာမ်ိဳးေတာ့ မစြန္႔စားေလနဲ႔။

စိတ္ပိုင္းကေတာ့ အေရးပါတဲ့ ေနာက္အခ်က္ပါ။ ဒါေပမဲ့ စိတ္အထူးကုေတြနဲ႔ ကုစရာမလိုပါ။ ကာမဂုဏ္ခံစားမႈ ဆိုတာ အာရံုစိတ္ ရွိသမွ်ထဲမွာ အျပင္းထန္ဆံုးပါ။ ဆက္ဆံမႈျဖစ္စဥ္ မစရေသးခင္ကတည္းက စိတ္အား သိပ္ ျပင္းျပေနရင္ ျပီးတာ ျမန္ေစတယ္။ ဒါ့ေၾကာင့္ စိတ္ကို တတ္ႏိုင္သ၍ ထိန္းပါေလ။ အေတြ႕အၾကံဳမ်ားသူေတြလဲ အေဖၚသစ္နဲ႔ ဆက္ဆံတဲ့အခါ ျမန္တတ္တယ္။ စိတ္ရဲ႕ အေျခအေနေၾကာင့္ပါ။

သုက္လႊတ္ျမန္သူေတြမွာ (ဖိုး-ပေလး) ကို ကိုယ့္အတြက္ မဟုတ္ဘဲ၊ အေဖၚမိန္းကေလးအတြက္သာ ရည္ရြယ္ လုပ္သင့္တယ္။ အမ်ိဳးသမီးမ်ား ဦးစားေပးပါ။ သူမက အဆင့္သင့္ခ်ိန္ (သူ႔အဂၤါ စိုစြတ္လာခ်ိန္) မွာ ထည့္သြင္း ရတာက လြယ္တဲ့အျပင္ ပြတ္တိုက္မႈ နည္းမယ္။ ေႏွးေစမယ္။ လိုအပ္မယ္ထင္ရင္ (KY Jelley) ကို သံုးပါ။ စပ္မိလို႔ လွ်ာရွည္ရရင္ KY ဆိုတာ Kentucky ကလာတယ္လို႔ တခ်ိဳ႕က ေျပာၾကတယ္။

Orgasm ရရင္ ေက်နပ္ အားရသြားျပီျဖစ္လို႔ ဒီစိတ္က ကုန္သြားတယ္။ ျပီးတာနဲ႔ လွည့္မၾကည့္ခ်င္ေတာ့ဘူး။ ဒါေပမဲ့ အခိုက္အတန္႔ပါ။ ျပန္ေပၚလာတာဘဲ။ ဘယ္ေတာ့ စိတ္ျပန္ေပၚလဲဆိုတာ တေယာက္နဲ႔ တေယာက္၊ အေျခအေန တခုနဲ႔တခု မတူဘူး။ ေစာေစာက ေရးခဲ့တဲ့အတိုင္း အသက္ငယ္တံုး၊ အေတြ႔အၾကံဳ ႏုတံုးမွာ သုက္လႊတ္တာ ျမန္သလို၊ စိတ္ျဖစ္တာလဲ မ်ားတယ္။ ဒါဟာ ေကာင္းတဲ့ အခ်က္ဘဲ။ လူပ်ိဳစစ္စစ္မ်ားဟာ မိန္းကေလးရဲ႕ အဂၤါစပ္နဲ႔ ထိတယ္ဆိုရင္ဘဲ သုက္လႊတ္ခ်င္လွျပီ။ ဒါ ပံုမွန္ဘဲ။ ဒီေတာ့ သုက္လႊတ္ ျပီးတာနဲ႔ မၾကာခင္ ေနာက္တၾကိမ္ ဆက္ဆံလိုက္ပါ။ အခ်ိန္ပိုၾကာပါမယ္။ ဒီေနာက္ တၾကိမ္ဆို ပိုပို ၾကာပါလိမ့္မယ္။ “ငါ ေယာက္်ားေကာင္း ပီသျပီ” လို႔ ဝင့္ၾကြားလိုက္ပါ။

အရက္ဆိုတာက လိင္အဂၤါ ေတာင့္တင္းလာေအာင္ လုပ္ေပးဘို႔မွာ ေျပာင္းျပန္ သတၲိရွိေပမဲ့ “ေသာက္တာ မမ်ားရင္” ဆက္ဆံခ်ိန္ကို ၾကာေစႏိုင္တယ္။ ဆီးအိမ္တင္းေနခ်ိန္မွာ ဆက္ဆံရင္ေတာ့ အခ်ိန္တိုတတ္တယ္။ ပန္းေသ-ပန္းညွိဳးေတြအတြက္ သံုးတဲ့ Viagra ေဆးဟာ က်ားအဂၤါကို သန္မာလာေစတာ မွန္သလို ေဆးရွိန္ ရွိေနတံုး ဆက္ဆံခ်င္စိတ္လဲ ေပၚေစတယ္။ သုက္လႊတ္ျမန္ေနသူမ်ားလဲ တခါျပီး ေနာက္တခါ ဆက္ဆံခ်င္စိတ္ ေပၚဘို႔ သံုးႏိုင္ပါတယ္။ Viagra ေဆးလိုစြမ္းတဲ့ တျခား ေဆးေတြလဲ ရွိပါတယ္။ Vigora-50, 100 ေစ်းခ်ိဳျပီး ဝယ္ရတာလဲ လြယ္တယ္။

စံုတြဲတခုဟာ “ဝါ” တူေနရင္ ပိုေကာင္းတယ္။ အပ်ိဳစစ္ နဲ႔ လူပ်ိဳစစ္။ အေတြ႕အၾကံဳ နည္းသူခ်င္း၊ မ်ားသူခ်င္း ဆိုတာမ်ိဳး။ ဖူးစာအရ မတူသူေတြ ျဖစ္ေနလဲ နားလည္မႈေပးၾကရင္ ျပႆနာ မၾကီးႏိုင္ဘူး။ သူမ်ားေတြ ဘယ့္ေလာက္ ၾကာတယ္၊ ဘာရယ္ ေဘးခ်ိတ္ထားပါ။ (အင္တာနက္)က ျပတာေတြကိုလဲ အဟုတ္ မထင္ပါနဲ႔။ ကိုယ့္အေဖၚနဲ႔ အတူေနတာဟာ သုက္လႊတ္ ျပိဳင္ပြဲဝင္ေနတာ မဟုတ္ဘူး။ ဆရာဝန္က အၾကံေပးပါတယ္ “အေရအတြက္မွသည္ အရည္အခ်င္းသို႔ ႕႕႕။”
From: ေဒါက္တာတင့္ေဆြ – သုက္လႊတ္ေစာျခင္း

Unicode
ယောကျာ်းတချို့ကို အင်မတန် စိတ်ဒုက္ခပေးတဲ့ သုက်လွှတ်မြန်ခြင်း အကြောင်းကလေး ရေးပါရစေ။ အသက် ၁၈ နှစ် ပြည့်မှဖတ်ပါ (၁) ကို ရေးပြီး၊ ဒီကြားထဲ တခြားအကြောင်းတွေ ရေးခဲ့ပါတယ်။ (၂) ကို ဆက်ရေးရင်၊ ဒီရောဂါ အထူးကု ထင်မှာစိုးလို့ပါ။ မဟုတ်ရင်တောင် အထူး စိတ်ဝင်စားသူလို့ မြင်နိုင်တယ်လေ။ ဆရာဝန်ဆိုတာ သိသာ သိစေ၊ မမြင်စေနဲ့ ဆိုသူထဲမှာ ပါတယ်။ မဖတ်စေနဲ့ မဟုတ်လို့ ရေးရပါမယ်။ နားလည်မှု မလွဲကြစေချင်ပါ။ “စိတ်ဝင်စားသူ” ဆိုတာလေး ချဲ့ပြောရရင် ဖို-မ ဆက်ဆံရေးကို စိတ်မဝင်စားပါဘူးလို့ ပြောလိုက်တာဟာ ဖုံးကွယ် ပြောတာပါ။ ဒီကိစ္စမျိုးက လူပျိုပေါက် မရောက်သေးတဲ့ အရွယ်ကစပြီး၊ သွေးဆုံးချိန်လို့ ပြောလေ့ရှိတဲ့ အသက် ကျော်တာတောင် စိတ်ထဲမယ် ရှိနေတာမျိုးပါ။ စိတ်ရှိတိုင်း ထုတ်ပြောချင်မှ ပြောမယ်။ ကာယကံ မြောက်လဲ လုပ်ချင်မှ လုပ်ပါလိမ့်မယ်။ လိမ်မာရင် လိမ်မာသလောက် ထိန်းချုပ်မှု ရှိကြရတယ် မဟုတ်လား။

ဆန့်ကျင်ဖက်လိင် တယောက်နဲ့ တယောက်ဟာ ဆွဲဆောင်စွမ်းအား အင်မတန် ကြီးမားလှတာပါ။ ဇတ်တော် တခုထဲမယ် “ဆိတ်ကွယ်ရာ ဆိုရင် မအေမှန်း၊ သားမှန်း မသိရင်၊ ဖေါက်ပြန်ချစ်စိတ် ဝင်တတ်ကြောင်း” မိခင်ဖြစ်သူက သားကို ပညာပေးဘူးတယ်။ ဆန့်ကျင်ဖက် လိင်လို့ ပြောတာလဲ သိပ် မတိကျသေးပြန်ဘူး။ လိင်တူချင်း စိတ်ဝင်စားမှု ဆိုတာလဲ ရှိတာကိုး။ မနေ့တနေ့ကတောင် Gay တယောက်ကို Bishop ခန့်လို့ စကားတွေ များနေကြတယ်လေ။

“ဆွဲဆောင်နိုင်စွမ်း” ဆိုတာ လိင်ဆိုင်ရာ-ဟော်မုန်း Sex hormones တွေကြောင့်ပါ။ Estrogen နဲ့ Androgen တွေက မျိုးပွါးခြင်းနဲ့ ဆိုင်တဲ့ အင်္ဂါတွေ ကြီးထွားလာအောင်၊ အလုပ်လုပ်လာကြအောင်အပြင် အမူအယာတွေပါ အံဝင်ဂွင်ကျ ဖြစ်အောင် လုပ်ပေးကြတယ်။ လိင်တူ-စိတ်ဝင်စားသူများ ဖြစ်ရတာကလည်း ဒီဟော်မုန်းများ တန်ခိုးပါဘဲ။ ကျားကျား မမ၊ ဒီအမျိုးတူ ဟော်မုန်းတွေရှိတယ်။ အနည်းနဲ့ အများတော့ ကွာတယ်။ ယောကျာ်း တယောက်က တနေ့ကို Testosterone ၆-၈ မီလီဂရမ် ထုတ်ရင် မိန်းမ တယောက်က ဝ့၅ မီလီဂရမ်သာ ထုတ်တယ်။ မိန်းမ-ဟော်မုန်းဆိုတာလဲ ယောကျာ်းတွေမှာလဲ ရှိလို့ အသက် ၅ဝ ကျော်ရင်၊ အတောင် ၂ဝ ဝတ်များလဲ ရင်သား ထွက်လာကြတာ ဒါ့ကြောင့်။ အချိုးအဆ ပြောင်းသွားလို့ပါ။

“ခြေဆင်း” လေးပြီးတော့ ရေးမဲ့အကြောင်း ဆက်ပါမယ်။ လိင်ပြဿနာတွေထဲမှာ အတွေ့ရဆုံးကတော့ လိင်ဆန္ဒပြည့်ဝခြင်း ဆိုတဲ့ Orgasm ဟာ အမျိုးသားတွေမှာ အချိန်စောပြီး ဖြစ်တာနဲ့ အမျိုးသမီးများမှာ အဖြစ်နည်းတာပါ။ Orgasm စကားလုံးရဲ့ အဓိပ္ပါယ် မှန်ကတော့ ရုပ် (အင်္ဂါအစိတ်အပိုင်း ရင့်ထွားပြည့်စုံခြင်း၊) နဲ့ စိတ် (လိုအင်ဆန္ဒ ပြည့်ဝခြင်း) လို့ နှစ်မျိုးပါတယ်။ ယောကျာ်းတွေမှာ Orgasm အဖြစ် နည်းတာနဲ့ အသက်ရှည်မှု ဆက်စပ်နေတယ်လို့ Vritish Medical Journal မှာ ၁၉၉၇ တုံးက ရေးဘူးတယ်။ နှလုံးရောဂါနဲ့လဲ ဆက်စပ်တယ်လို့ ၂ဝဝ၁ မှာ ထပ်ရေးသေးတယ်။ ဒီစာက Orgasm အကြောင်းရေးတာ မဟုတ်လို့ ဒီမှာဘဲ ရပ်ပါရစေ။

သုက်လွှတ်တာ စောတယ်၊ မြန်တယ်ဆိုတာ အဖြစ်များဆုံးက လူပျိုများနဲ့ အိမ်ထောင်ကျခါစ ယောကျာ်းများ ဖြစ်တယ်။ အတွေ့အကြုံ နည်းသေးသူတွေပေါ့။ အတွေ့အကြုံဆိုတာကို တိတိကျကျ ပြောရရင် လိင် ဆက်ဆံဘူးတဲ့ အကြိမ် အရေအတွက် ပြောတာ။ ကာလသားများ ပြောကြတာရှိတယ် “အသက်ကြီးတော့ တနည်းသာတယ်။” ဆိုတာ။ ဒီတော့ အားပေးချင်ပါတယ်၊ အတွေ့အကြုံက သင်ပေးပါလိမ့်မယ်။

လိင်ဆက်ဆံတယ်ဆိုတာ စာသင်သလို အဆင့်ခွဲ ပြောရရင် Foreplay ဆိုတဲ့ အရှိန်ယူ၊ ပြင်ဆင်တဲ့ အဆင့်၊ နောက်မှ အင်္ဂါနှစ်ခု ထိစပ်မှု။ ပြီးမှ Orgasm ဆိုတဲ့ ကျေနပ်ပြည့်စုံမှုကို တယောက်ဖြစ်ဖြစ်၊ နှစ်ယောက် လုံး ဖြစ်ဖြစ် ရတဲ့အဆင့်။ ဒီနောက်မှာလဲ ဖုတ်ဖက်ခါ ထသွားသလို မဟုတ်ဘဲ Relaxing experience အချိန်ယူမှ ပြီးပြည့်စုံပါတယ်။

လိင်အင်္ဂါ နှစ်ခုမဟုတ်ဘဲ တခုထဲကို သုံးတာနဲ့လဲ Orgasm ရအောင် လုပ်နိုင်တယ်။ Masturbation ဖါသာ-အာသာဖြေခြင်း ခေါ်တာပေါ့။ အချိန် ပိုကြာချင်ရင် ကြာအောင်အောင် လုပ်လို့ရပါတယ်။ စပြီး ဆက်ဆံရာကနေ အရှိန်တက်လာပြီး၊ နောက်ဆုံး Orgasm မရခင်၊ အတက်အကျ သိပ်မရှိဘဲ တန်းနေတဲ့ Plateau အဆင့်မှာ ထိန်းပြီး၊ အချိန်ဆွဲထားရမှာပါ။

ကျား လိင်အင်္ဂါ ခေါင်းပိုင်းအပြင်က ဖုံးပေးထားတာကို Foreskin (Prepuce) ခေါ်တယ်။ ရှုံ့လို့ ဆန့်လို့ရတဲ့ အရေပြား ၂ ထပ်ပါတယ်။ အပြင်က သာမန် အရေပြားလိုဖြစ်ပြီး၊ အထဲကတော့ ပါးစပ်တို့ မျက်ခွံ အတွင်းပိုင်းတို့မှာရှိတဲ့ အရေပြား အနုစားမျိုး ဖြစ်တယ်။ ငယ်တုံးမှာ အတွင်းက လိင်တံအဖျားပိုင်းကို ကပ်နေတယ်။ ဖုံးချီ-ဖွင့်ချီ လုပ်လာနိုင်တာက တယောက်နဲ့ တယောက်၊ တချိန်နဲ့ တချိန် မတူကြဘူး။ အရွယ်ရောက်ချိန်မှာ ဆွဲဖွင့်ရင် ပွင့်လာမှ ကောင်းတယ်။ မဟုတ်ရင် အထဲမှာ အညစ်အကြေး အောင်းနေမယ်။ ကလေးငယ်ငယ် ဆိုရင် အဆီဥလေးတွေ စဖြစ်တယ်။ အားသုံးပြီး ဆွဲလှန်ပေးတာ မလုပ်သင့်ဘူး။ နာကျင်မယ်။ ပိုးဝင်မယ်။ ထုံဆေးလေးနဲ့ အသာအယာ သန့်ရှင်း၊ ကပ်နေတဲ့ အပေါ်ဖုံး အရေပြားကို ခွါပေးသင့်တယ်။

ဆွဲမလှန်လို့တော့ရပြီး အတိုင်းတိုင်းနေရင် အရေပြားဟာ လုံးလုံးဖုံးနေတဲ့ ယောကျာ်း ၅ဝ%၊ တဝက်တပျက် ဖုံးနေသူ ၄၂% ရှိပြီး၊ ၈% ကတော့ ဖုံးမနေဘူး။ ကိုရီးယား လူမျိုးတွေဟာ အပေါ်ယံအရေပြား ရှည်လှတယ်လို့ ဆိုတယ်။ အရေပြားကို ဆွဲလှန်ပေးလို့ မရတဲ့ မွေးရာပါ Phimosis “ပန်းငုံ” တာဆိုရင် ခွဲစိတ်ပြုပြင်ပေးမှ ကောင်းတယ်။ Islam နဲ့ Judaism ဘာသာဝင် ယောကျာ်းတိုင်း လုပ်ကြရတယ်။ Male circumcision ကို “ရှင်ပြုပေးတယ်” လို့ ပြောင်ခေါ်လေ့ရှိတယ်။ လုပ်တဲ့အခါ အရေပြားကို အကုန် သွားဖြတ်မိရင် ကာကွယ်မှုနဲ့ စိုစွပ်စေတဲ့ အလုပ်ကို အနည်းနဲ့အများ ထိခိုက်မယ်။ ပန်းငုံလို့တော့ သုက်လွှတ်ကိစ္စ ကြောင့်ကြဘို့ မလိုပါ။

ကျားလိင်အင်္ဂါရဲ့ ထိပ်ဆုံး (အဖျား)ပိုင်းက အာရုံခံစားမှု Sensitivity အဖြစ်ဆုံးဘဲ။ ကျန်နေရာ (အတံ) က ရိုးရိုး အရေပြားနဲ့ ဖုံးထားတာမို့ သာမန် အာရုံခံစားမှုသာ ရှိတယ်။ သုက်လွှတ်တာနဲ့ အများကြီး ဆိုင်တဲ့ ယောကျာ်း လိင်အင်္ဂါ အစိတ်အပိုင်း ၂ နေရာ ရှိပါတယ်။

(၁) Glans penis (Glans) ခေါ်တဲ့ ခေါင်း (ထိပ်-အဖျား) ပိုင်းဟာ Mucocutaneous (တစ်ရှူး) နဲ့ လုပ်ထားတယ်။ ဆိုလိုတာက ဖုံးပေးတဲ့ အလုပ်ရော စိုစွပ်အောင် အရည်ထုတ်ပေးတာပါ လုပ်ပေးတယ်။ ပိုအရေးကြီးတာက အာရုံခံစားမှု သိပ်ကောင်းတယ်။ ကျားလိင်အင်္ဂါ ခေါင်း နဲ့ အမျိုးသမီးများရဲ့ (Clitoris) (မ-အစိ) ဟာ ဗီဇသဘာဝခြင်း အတူတူဘဲ။ ၂ ခုလုံးက အာရုံခံစွမ်း အရှိဆုံး နေရာတွေ ဖြစ်ကြတယ်။ အာရုံကြော အရေအတွက်ပေါင်း ကျားမှာ ၄ဝဝဝ၊ မမှာ ၈ဝဝဝ ရှိတယ်လို့ မျက်စိကောင်းကောင်းနဲ့ ရေတွက်ထားပါတယ်။ Corona glandis ဆိုတာက ကျားလိင်အင်္ဂါ ခေါင်းပိုင်းရဲ့ အကားဆုံးနေရာပါ။ ဒီနေရာက Sensitivity အာရုံခံမှု အကဲဆုံး ဖြစ်တယ်။ အဲဒီနေရာတွေကို ထိမိအောင်လုပ်လေ မြန်မြန် ပြီးစီးလေဖြစ်တယ်။ ဒါ့ကြောင့် သုက်လွှတ် နှေးစေချင်ရင် အဲဒီ ၂ နေရာ Sources of distinct pleasure တွေကို မထိမိအောင် လုပ်ပါလေ။ ဘယ်လို လုပ်ရမလဲ၊ ဆက်ဖတ်ပါ။

(၂) နောက်ထပ် အရေးကြီးတဲ့နေရာ တခုကတော့ အပေါ်ဖုံးအရေပြား Foreskin ရဲ့အောက်ပိုင်း။ အလယ် တည့်တည့်မှာ လိင်တံရဲ့ ခေါင်းကိုလာ ဆက်ထားတဲ့နေရာ၊ Frenulum လို့ခေါ်တယ်။ ဒီနေရာမှာ Meissner’s corpuscles ခေါ်တဲ့ စပါယ်ရှယ် အာရုံကြောတွေ Thousands of fine touch receptors and other highly erogenous nerve endings ထောင်နဲ့ချီ ရှိတယ်။ အရေပြား ဖြတ်ပေးတာ လုပ်လိုက်ရင် ဒါမျိုးတွေ အတော် ပါသွားတတ်တယ်။ Frenulum ကို ဆွပေးရင် ပြော့နေတဲ့ ကျားအင်္ဂါက သန်မာလာစေသလို သုက်လွှတ် တာလည်း မြန်စေတယ်။ အဲဒီချက်ကောင်း ၂ နေရာကို အထိအတွေ့ နည်းအောင် သတိထားရင် သုက်လွှတ်တာကို နှေးစေတယ်။ ဘယ်လို သတိထားရမလဲဆိုတော့ ့။

ဖတ်နေတဲ့သူကို အားတော့ နာပါတယ်။ ရှင်းကနဲနေအောင် ရေးမှ ရမှာမို့ ရေးခွင့်ပြုပါ။ အမျိုးသမီးရဲ့အင်္ဂါဆိုတာ အဝနေရာက အကျဉ်းဆုံး ဖြစ်ပြီး၊ မွေးလမ်းကြောင်းထဲကတော့ အတွင်းရောက်လေ ကျယ်လေဖြစ်တယ်။ အဝမှာ ကြွက်သားရှိလို့လဲ အကျဉ်း-အကျယ် ဖြစ်အောင် လုပ်ပေးတတ်အောင် လေ့ကျင့်ပေးလို့ ရတယ်။ မွေးလမ်းကြောင်းကနေ ကလေးမဖွါးဘူးသူဆိုရင် (ဗိုက်ခွဲမွေးသူ အပါအဝင်) အဝ အောက်နုတ်ခမ်း အလည်နေရာက မိမွေးတိုင်းရှိလို့ ဆက်ဆံသူ ကျားအင်္ဂါကို ပိုပြီး ထိမိစေတာမို့ အာရုံခံစားမှု ကောင်းစေသလို အပြီးလဲ မြန်စေနိုင်တယ်။ Frenulum of the labia or Fourchette လို့ ခေါ်တဲ့နေရာ ဖြစ်တယ်။ “လှေကြီးထိုး ရိုးရိုး” ဆိုတဲ့ သမားရိုးကျ ဆက်ဆံပုံ အနေအထားမှာ ကျားရဲ့ Frenulum နဲ့ မရဲ့ Frenulum တို့ ထိမိနေကြတယ်။ နှစ်ဦးနှစ်ဝ အာရုံခံစားမှု တူကြစေတယ်။ နှေးစေချင်ရင် မထိမိအောင် ဆင်ခြင်ပြီး၊ ကိုယ်က အနစ်နာခံလိုက်ပါ။

နောက်ပြီး အဝကျဉ်းကျဉ်းကို ကျားအင်္ဂါ စဝင်ချိန်မှာ ကောင်းလွန်းတဲ့ခံစားမှုကို မသိချင်ယောင် ဆောင်လိုက်ပါ။ ဆက်ပြီး အနုတ်-အသွင်း လုပ်တဲ့အခါမှာလဲ အဖေါ်ရဲ့ အကျဉ်းဆုံး အင်္ဂါအဝနဲ့ ကိုယ့်ရဲ့ ခေါင်း Glans နဲ့ရော အကားဆုံးနေရာ Corona နဲ့ပါ မထိစေမှသာ ကြာကြာ ထိန်းနိုင်တယ်။ ဒါ့ကြောင့် အကုန်ဆွဲနုတ်၊ အကုန်ပြန်သွင်း လုပ်တာမျိုး အတတ်နိုင်ဆုံး မလုပ်ပါနဲ့။ တခါ အနေအထားနဲ့ (ဒါရိုက်ရှင်) လဲ ဘယ်လိုဆိုရင် မြန်မြန်ပြီးချင်တယ်ဆိုတာ ကိုယ်တိုင် သိပါလိမ့်မယ်။ ကိုယ်ကြိုက်တဲ့ အနေအထားနဲ့ လားရာ ထက်-အောက်၊ ဘယ်-ညာ ဆိုတာမျိုးကို ဆက်ဆံနေစဉ် ရှောင်ကျဉ်ပါလေ။ သုက်လွှတ်နေတုံးမှာ လိင်တံကို အဆုံးထိ သာမကဘဲ၊ ထိုးသွင်းနိုင်သမျှ အစွမ်းကုန် ဆိုပါတော့ ထိုးသွင်းထားကြတယ်။ အဲလိုလုပ်ရင် Frenulum ကို ဆွဲတင်း ပေးလိုက်တာမို့ သူ့မှာရှိနေတဲ့ ထောင်နဲ့ချီတဲ့ အာရုံကြောတွေ အလုပ်များစေတယ်။ ဒါ့ကြောင့် နှေးစေချင်ရင် ဆက်ဆံနေတုံးမှာ အဲလို မလုပ်ပါနဲ့။

တချို့သော အခကြေးငွေ ယူပြီး ဆက်ဆံတာလက်ခံသူ အမျိုးသမီးတွေဟာ လိင်အထူးကု ဆရာဝန်တွေထက် တော်တယ်ပြောရမလား။ ဆက်ဆံနေတုံး ခါးအောက်ပိုင်း အနေအထား တချက်ပြင်လိုက် တာနဲ့ ဖေါက်သည်ကို မြန်မြန် ကိစ္စပြီးအောင် လုပ်ပေးရာ ရောက်စေတယ်။ Frenulum ဆိုတာတော့ ပြောတတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီနေရာကို ထိထိမိမိ ဖြစ်သွားအောင် ဆောင်ကျဉ်း လိုက်တာပါဘဲ။ ဒီတော့ သူမတို့ကို ဆရာတင်ပြီးသကာလ ကိုယ့်ပါတနာကို ငြိမ်ငြိမ်နေပါစေ။ ကိုယ်ကလည်း ဒီအပိုင်းနဲ့ အထိအတွေ့ နည်းအောင် ဂရုစိုက်ပါလေ။

အတွေ့အကြုံများရင် ကြာကြာ ထိန်းနိုင်တယ်ဆိုတာ အာရုံခံ ကောင်းလှတဲ့ နေရာတွေဟာ ကြာတော့ ထုံသလို ထူသလို ဖြစ်လာလို့ဘဲ။ ဒါ့ကြောင့် အတွေ့အကြုံ များသူများကို ဖြတ်လမ်းကလိုက်ချင်ရင် ထုံဆေး သုံးနိုင်တယ်။ နာမှန်း-ကျင်မှန်း၊ ပူမှန်း-အေးမှန်၊ ထိမှန်း-ကိုင်မှန်း၊ ကောင်းမှန်း-မကောင်းမှန်း မသိတော့ဘူး။ Sensitivity အများဆုံးရှိတဲ့ ကျားလိင်အင်္ဂါ ထိပ်ဖျားပိုင်းကို ထုံဆေး (လိမ်းဆေး၊ ပန်းဆေး) တခုခု သုံးနိုင်တယ်။ ထိုးတာကတော့ မကောင်းပါ။ လိင်ဆက်ဆံလို့ နာသူများသုံးတဲ့ Xylocaine 2%, 5% (ဂျယ်လီ) ကို ဒီနေရာမှာလဲ သုံးနိုင်တယ်။ ၅-၁ဝ မိနစ် ကြိုတင်ပါ။ များသောအားဖြင့် မိနစ် ၃ဝ လောက်ခံတယ်။ အသန့်ထားပါ။ ပြီးရင် ဆေးပြစ်ပါ။ နောက်ဆို ဆေးသုံး စရာလိုမှာ မဟုတ်ပါ။

(ကွန်ဒွမ်) ဆိုတာ လိင်ရောဂါ ၉၆ ပါး ကာကွယ်တယ်လို့ တင့်စားနိုင်ပါတယ်။ အဲ တချို့ ယောကျာ်းများဟာ လိင်အင်္ဂါကို (ကွန်ဒွမ်) စွပ်ထားရင် အင်္ဂါချင်း တိုက်ရိုက် ထိတွေ့မှု မရှိတဲ့အတွက် နှေးစေတယ်။ တချို့ ကျတော့ (ကွန်ဒွမ်) ကြောင့် မြန်မြန် ကိစ္စပြီးချင်တယ်။ တယောက်နဲ့ တယောက် မတူဘူး။ နောက်ဟာမျိုးဆိုရင် နှစ်ယောက်လုံးကလဲ သန့်ရှင်းတာ သေခြာနေရင်၊ (ကွန်ဒွမ်) ကို သုက်လွှတ် ခါနီးမှ စွပ်ပေါ့။ ရောဂါနဲ့ စိတ်အလို ရွေးရတာမျိုးတော့ မစွန့်စားလေနဲ့။

စိတ်ပိုင်းကတော့ အရေးပါတဲ့ နောက်အချက်ပါ။ ဒါပေမဲ့ စိတ်အထူးကုတွေနဲ့ ကုစရာမလိုပါ။ ကာမဂုဏ်ခံစားမှု ဆိုတာ အာရုံစိတ် ရှိသမျှထဲမှာ အပြင်းထန်ဆုံးပါ။ ဆက်ဆံမှုဖြစ်စဉ် မစရသေးခင်ကတည်းက စိတ်အား သိပ် ပြင်းပြနေရင် ပြီးတာ မြန်စေတယ်။ ဒါ့ကြောင့် စိတ်ကို တတ်နိုင်သ၍ ထိန်းပါလေ။ အတွေ့အကြုံများသူတွေလဲ အဖေါ်သစ်နဲ့ ဆက်ဆံတဲ့အခါ မြန်တတ်တယ်။ စိတ်ရဲ့ အခြေအနေကြောင့်ပါ။

သုက်လွှတ်မြန်သူတွေမှာ (ဖိုး-ပလေး) ကို ကိုယ့်အတွက် မဟုတ်ဘဲ၊ အဖေါ်မိန်းကလေးအတွက်သာ ရည်ရွယ် လုပ်သင့်တယ်။ အမျိုးသမီးများ ဦးစားပေးပါ။ သူမက အဆင့်သင့်ချိန် (သူ့အင်္ဂါ စိုစွတ်လာချိန်) မှာ ထည့်သွင်း ရတာက လွယ်တဲ့အပြင် ပွတ်တိုက်မှု နည်းမယ်။ နှေးစေမယ်။ လိုအပ်မယ်ထင်ရင် (KY Jelley) ကို သုံးပါ။ စပ်မိလို့ လျှာရှည်ရရင် KY ဆိုတာ Kentucky ကလာတယ်လို့ တချို့က ပြောကြတယ်။

Orgasm ရရင် ကျေနပ် အားရသွားပြီဖြစ်လို့ ဒီစိတ်က ကုန်သွားတယ်။ ပြီးတာနဲ့ လှည့်မကြည့်ချင်တော့ဘူး။ ဒါပေမဲ့ အခိုက်အတန့်ပါ။ ပြန်ပေါ်လာတာဘဲ။ ဘယ်တော့ စိတ်ပြန်ပေါ်လဲဆိုတာ တယောက်နဲ့ တယောက်၊ အခြေအနေ တခုနဲ့တခု မတူဘူး။ စောစောက ရေးခဲ့တဲ့အတိုင်း အသက်ငယ်တုံး၊ အတွေ့အကြုံ နုတုံးမှာ သုက်လွှတ်တာ မြန်သလို၊ စိတ်ဖြစ်တာလဲ များတယ်။ ဒါဟာ ကောင်းတဲ့ အချက်ဘဲ။ လူပျိုစစ်စစ်များဟာ မိန်းကလေးရဲ့ အင်္ဂါစပ်နဲ့ ထိတယ်ဆိုရင်ဘဲ သုက်လွှတ်ချင်လှပြီ။ ဒါ ပုံမှန်ဘဲ။ ဒီတော့ သုက်လွှတ် ပြီးတာနဲ့ မကြာခင် နောက်တကြိမ် ဆက်ဆံလိုက်ပါ။ အချိန်ပိုကြာပါမယ်။ ဒီနောက် တကြိမ်ဆို ပိုပို ကြာပါလိမ့်မယ်။ “ငါ ယောကျာ်းကောင်း ပီသပြီ” လို့ ဝင့်ကြွားလိုက်ပါ။

အရက်ဆိုတာက လိင်အင်္ဂါ တောင့်တင်းလာအောင် လုပ်ပေးဘို့မှာ ပြောင်းပြန် သတ္တိရှိပေမဲ့ “သောက်တာ မများရင်” ဆက်ဆံချိန်ကို ကြာစေနိုင်တယ်။ ဆီးအိမ်တင်းနေချိန်မှာ ဆက်ဆံရင်တော့ အချိန်တိုတတ်တယ်။ ပန်းသေ-ပန်းညှိုးတွေအတွက် သုံးတဲ့ Viagra ဆေးဟာ ကျားအင်္ဂါကို သန်မာလာစေတာ မှန်သလို ဆေးရှိန် ရှိနေတုံး ဆက်ဆံချင်စိတ်လဲ ပေါ်စေတယ်။ သုက်လွှတ်မြန်နေသူများလဲ တခါပြီး နောက်တခါ ဆက်ဆံချင်စိတ် ပေါ်ဘို့ သုံးနိုင်ပါတယ်။ Viagra ဆေးလိုစွမ်းတဲ့ တခြား ဆေးတွေလဲ ရှိပါတယ်။ Vigora-50, 100 ဈေးချိုပြီး ဝယ်ရတာလဲ လွယ်တယ်။

စုံတွဲတခုဟာ “ဝါ” တူနေရင် ပိုကောင်းတယ်။ အပျိုစစ် နဲ့ လူပျိုစစ်။ အတွေ့အကြုံ နည်းသူချင်း၊ များသူချင်း ဆိုတာမျိုး။ ဖူးစာအရ မတူသူတွေ ဖြစ်နေလဲ နားလည်မှုပေးကြရင် ပြဿနာ မကြီးနိုင်ဘူး။ သူများတွေ ဘယ့်လောက် ကြာတယ်၊ ဘာရယ် ဘေးချိတ်ထားပါ။ (အင်တာနက်)က ပြတာတွေကိုလဲ အဟုတ် မထင်ပါနဲ့။ ကိုယ့်အဖေါ်နဲ့ အတူနေတာဟာ သုက်လွှတ် ပြိုင်ပွဲဝင်နေတာ မဟုတ်ဘူး။ ဆရာဝန်က အကြံပေးပါတယ် “အရေအတွက်မှသည် အရည်အချင်းသို့ ့။”
From: ဒေါက်တာတင့်ဆွေ – သုက်လွှတ်စောခြင်း

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...