YBS နှင့် ပြဿနာ ဖြစ်ခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ မင်းမော်ကွန်းပြော
Credit - 7Day Daily
============
မင်းမော်ကွန်းသည် ‘လျှာနဲ့ သွား’ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားကို ချောင်းသာ ကမ်းခြေ၌ သွားရောက်ရိုက်ကူး ပြီးနောက် ရန်ကုန်သို့ပြန်လာစဉ် ကားပိတ်ဆို့မှုကြောင့် ၎င်း၏ကား နှင့် YBS ဘတ်စ်ကားတို့ ပြဿနာ ဖြစ်ခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ ၎င်း၏လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားထားသည်။
မင်းမော်ကွန်းက သည်းခံရ ပေါင်းများနေ၍ စည်းကမ်းရှိကြ ရန် ၎င်း၏လူမှုကွန်ရက်စာမျက် နှာတွင် ဇွန်လ ၂၄ ရက်က ရေးသားခဲ့သည်။
‘‘အဲဒါကတော့ဗျာ။ ကား တွေလည်း ပိတ်နေတာ တွေ့ရဲ့ သားနဲ့ နောက်ကနေ ဟွန်းတွေ အတင်းတီးတဲ့အခါကျတော့ ရှေ့ ကားက လူတွေကို တိုက်ရိုက်စော် ကားသလိုမျိုးဖြစ်တာပေါ့ဗျာ။ သူ ကလည်း ဆက်တိုက်ကြီးတောက် လျှောက်တီးနေတယ်။ ကားက လည်း ဖယ်ပေးလို့မရတဲ့အခြေအ နေမျိုးမှာ ဘယ်လိုမှလည်း လုပ်လို့ မရဘူး။ ကလေးတွေကလည်း ပါ တော့ သူ့ဟွန်းသံကလည်း နောက်ကနေ ကပ်တီးတဲ့အတွက် နည်း နည်းနောနောအကျယ်ကြီးမှမ ဟုတ်တာ။ တော်တော်သည်းခံရ ပါတယ်’’ဟု ၎င်းက 7Day Daily သတင်းစာအား ပြောသည်။
အထူးသဖြင့်   တစ်ဦး တည်းသွားရသောခရီးကိုလည်း ကိုယ်ပိုင်ကားဖြင့်သာ သွားနေရ၍ လမ်းများကျပ်နေခြင်းဖြစ်ပြီး မြို့ ကြီးများဖြစ်သဖြင့် ဆိုင်ကယ်များ ပေးစီးသင့်ကြောင်းနှင့် ယာဉ်အန္တ ရာယ်ကို ထိန်းချုပ်လိုပါက ယာဉ် စည်းကမ်းကို ပြင်းပြင်းထန်ထန် တင်းကျပ်သင့်ကြောင်း မင်းမော် ကွန်းက အကြံပြုသည်။
အသက်(၃၈)နှစ်ရှိပြီဖြစ် သည့် မင်းမော်ကွန်းသည် သား၊ သမီးသုံးဦးနှင့်အတူ ပျော်ရွှင် စရာကောင်းသည့်    မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားသလို ယနေ့လက်ရှိအချိန်အတိုင်းအ တာအထိ ပရိသတ်များက အရွယ်တင်သည်ဟု ပြောသည့်အပေါ် စိတ်ခံစားချက်ကို   ပြောကြား သည်။
‘‘ကျွန်တော်ဘာမှကို မပြင် ဆင်ဖြစ်ဘူး။ ကျွန်တော့်လောက် ဘာမှ မလုပ်တဲ့သူ ကျွန်တော်ပဲရှိ မယ်ထင်တယ်။ ဆေးလိပ်လည်း သောက်တယ်။ ရှောင်တာမျိုး လည်းမရှိဘူး။ ပရိသတ်တွေက တော့ ဘယ်လိုကြောင့် ပြောကြလဲတော့ မပြောတတ်ပါဘူးဗျာ’’ဟု ၎င်းက ဆိုသည်။
Credit - 7Day Daily
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...