တစ်ခါတလေပဲဖြစ်ဖြစ် အမြဲတမ်းပဲဖြစ်ဖြစ် ရေသန့်ဗူး ၀ယ်သောက်ဖြစ်တဲ့သူတိုင်း အရေးကြီးလို့ ရှဲပေးပါ..။
ဖြစ်စေနိုင်လားဆိုတာကို ဂရုမပြုမိကြပါဘူး ။
PETE (သို့) PET
HDPE (သို့) HDP
PVC (သို့) 3V
LDPE
PP
PS
ဘာမှမပါသော ရေသန့်ဘူး
==========
ရေသန့်ဘူးတွေ တံဆိပ်ပေါင်းစုံ နဲ့ လွယ်လွယ်ကူကူ ဝယ်ယူလို့ရနေတော့ သတိမထားဘဲ ဒီလိုပဲ သောက်သုံးနေကြတဲ့သူတွေ ဒုနဲ့ဒေးပါပဲ ။ သို့သော်လည်း ပလက်စတစ်နဲ့ လုပ်ထားတဲ့ ဒီရေသန့်ဘူးတွေဟာ အမှန်တကယ်ရော စိတ်ချမှု ရှိရဲ့လား ၊ အဆိပ်အတောက်
ဖြစ်စေနို်င်လားဆိုတာကို ဂရုမပြုမိကြပါဘူး ။
ရေသန့်ဝယ်တဲ့အခါ ဘူးရဲ့ အောက်ပိုင်းကို သေချာကြည့်ကြည်ပါ ။PP , HDPE ,HDP , PET စသဖြင့် စကားလုံးလေးတွေ ပါတာကို မြင်တွေ့ရမှာပါ ။ ဒီစာလုံးလေးတွေဟာ သုံးထားတဲ့ ပလက်စတစ်မှာ အဆိပ်အတောက်တွေ ပါတယ် ၊ မပါဘူးဆိုတာကို ဖော်ပြနေတာပါ ။
PETE (သို့) PET
ဒီစာလုံးပါရင်တော့ သတိထားပါ ။ ဟော်မုန်းတွေကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေနဲ့ သတ္တုတွေ ပလက်စတစ်ဘူးမှာ ပါဝင်နေပါတယ်။
HDPE (သို့) HDP
ဒီစာလုံးပါတဲ့ ရေသန့်ဘူးဆိုရင်တော့ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ် ။ ဓါတုများ မထုတ်ပေးနိုင်တဲ့ ပလက်စတစ်ကို သုံးထားတာပဲ ဖြစ်ပါတယ် ။
PVC (သို့) 3V
ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းlevel ကို ရပ်တန့်သွားစေနိုင်တာကြောင့် လုံးဝမသောက်သင့်တဲ့ ရေဘူးပါ ။
LDPE
ဒါကတော့ ပလက်စတစ်အိတ် အမျိုးအစားကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ဘူးပါ ။ သောက်သုံးလျှင် အဆိပ်အတောက် မဖြစ်စေနိုင်သော်လည်း ဘူးအဖြစ် မထုတ်လုပ်သင့်တဲ့ ပလက်စတစ်အမျိုးအစားပါ။
PP
ဒိန်ချဉ်ဘူးကဲ့သို့ ဘူးတွေမှာ သုံးတဲ့ အဖြူရောင် ပလက်စတစ် အမျိုးအစားဖြစ်ပါတယ် ။
PS
သတိထားပါ။ ဒီစာလုံးပါတဲ့ ပလက်စတစ်ဘူးဟာ carcinogen လို့ခေါ်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အရာကို ထုတ်လွတ်ပေးပါတယ်။
ဘာမှမပါသော ရေသန့်ဘူး
အထက်ဖော်ပြပါ စာလုံးတွေ တစ်ခုမှမပါသော ရေသန့်ဘူးတွေကတော့ BPA လို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုးကို ထုတ်လွတ်ပေးပြီး အန္တရာယ်အရှိဆုံး ပလက်စတစ်ဘူးတွေပါပဲ ။ အားကစားသမားများ သုံးစွဲတဲ့ ရေသန့်ဘူး နှင့် အစားအသောက် ထည့်တဲ့ ပလက်စတစ်ဘူးတွေဟာ အများအားဖြင့် တံဆိပ်မပါကြပါဘူး။
ဒါ့ကြောင့် ရေဘူးဝယ်တဲ့အခါ ဖော်ပြပါ စာလုံးတွေ ကို သေချာကြည့်ပြီး ရွေးချယ်ဝယ်ယူကြဖို့ လိုပါတယ် ။ ကျန်းမာသောဘဝကို ရရှိကြပါစေ..
Credit: CHAN (ရွှေအင်းလေး)
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...