အိမ်ထောင်ရှင် မိန်းမတွေနှင့် FACE BOOK



လူတွေကပြောကြတယ် fb ဟာ ဘဝ တစ်ခုမဟုတ်ဘူးတဲ့
မှားပါ တယ် ဘဝ တစ်ခု မဟုတ်ရင်တောင် ဘဝအစိပ်ပိုင်း
တစ်ခုပါ ။
ကျမ တစ်ချက်ချင်းထောက်ပြမယ် –
online ပေါ်က တွေ့ တဲ့ချစ်သူကို ယုံစားပြီး လူကိုယ်တိုင်
သွားတွေ့ လို့  ဘဝပျက်သွားတဲ့ မိန်းကလေးပေါင်းများစွာ
ရှိခဲ့တာ လူတိုင်းအသိပါ ။
ဒီလိုပဲ အမှန်တကယ်မြတ်နိုး တန်ဖိုးထားတဲ့
ချစ်သူနဲ့ တွေ့ လို့  ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်သွားကြတဲ့
လူတွေလည်း အများအပြားရှိပါတယ် ။
online ပေါ်ကနေ မိမိဝါသနာပါရာ တေးဂီတ ‘ အနုပညာကို
အသီးသီး ဖော်ထုတ်ပြလို့  လူသိများပြီး နေရာတစ်ခုရသွားတဲ့
အနုပညာရှင်တွေလည်း ရှိနေပါတယ် ။
ဒီလိုမျိုးကတော့ ကောင်းမွန်တဲ့ လမ်းကြောင်းကို အသုံးချ
တတ်သူများဖြစ်ပါတယ် ။
တချို့ က မိမိအလှကိုပြပြီး ကုန်ပစ္စည်းကြော်ငြာပြီး
ဘဝတစ်ခု ရပ်တည်နေတဲ့ မိန်းကလေးတွေလည်းရှိပါတယ်။
ဒါမျိုးကျတော့ အန္တရာယ်ကို လက်ကမ်းနေသလို
ဓါးသွားပေါ်က ပျားရည်စက်ကို ခုံမင်နေကြသူတွေဖြစ်ပါတယ် ။
တချို့ အိမ်ထောင်ရှင်တွေ online ပေါ်ကတွေ့ တဲ့အချစ်သစ်
နောက် တစ်ကောက်ကောက်လိုက်ရင်း မိသားစုကို ပေးရမဲ့
အချိန်ကို ဖြုန်းတီးပြီး အိမ်ထောင်ဖြိုခွဲသွားတဲ့လူတွေလည်း
ဒုနဲ့ ဒေး ။
ဘဝပျက်သွားတဲ့ အိမ်ထောင်ရှင်မတွေလည်း အများအပြားပါ ။
စိတ်မကောင်းစရာပြောရမယ်ဆိုရင် ဒီနှစ်ဆယ်တန်းဖြေတဲ့
ကလေးတစ်ယောက်ရဲ့ မိခင်ဟာ online ပေါ်က တွေ့ တဲ့
ယောက်ျားနောက်ကို ဆယ်တန်းစာမေးပွဲ ဒုတိယ ရက်မှာ
လိုက်သွားတယ် ကောင်လေးက စာမေးပွဲဆက်မဖြေ နိုင်
တော့ဘူး ဒါဟာ ကလေးတစ်ယောက်ရဲ့ ဘဝမဟုတ်ဘူးလား ။
ဒီလိုအဖြစ်ပျက်တွေ များစွာ သာဓက များစွာရှိနေတာ ကို
fb က ဘဝတစ်ခုမဟုတ်ဘူးဆိုတဲ့လူတွေကို အရမ်းအံ့သြ
မိတယ် ။ fb သုံးပြီး ဒီလို အဖြစ်အပျက်တွေကို မသိတာလား
ကိုယ်တိုင်မခံစားဖူးလို့  မစာနာတာလားပေါ့ တွေးမိတယ် ။
online သုံးတဲ့ လူတွေအားလုံး ကိုယ်စိတ်ကူး ကိုယ့်ရည်ရွယ်
ချက် ကိုယ်စီ ရှိနေကြပါတယ် ။
ကျွန်မတို့ တွေ သိရမှာက Online သုံးရင် ကိုယ့်ပတ်ဝန်းကျင်
ကိုပဲ မကြည့်ပါနဲ့  ကိုယ်သုံးတဲ့ ရည်ရွယ်ချက်နဲ့  မယှဉ်ပါနဲ့ ။
သူ့ ကိုယ့်အမြင်ကိုယ့်အမြင်နဲ့  သုံးနေကြပေမဲ့ မှားတဲ့သူကို
ထောက်ပြပါ ။ မသိနားမလည်တဲ့သူတွေကို လက်တွဲခေါ်ယူ
ပေးကြပါ ။
ကိုယ်နဲ့  အသုံးပြုတာ ရည်ရွယ်ချက် မတူသော်ငြား တခါတရံ
ကြုံတွေ့ ရတဲ့ sensitive တွေကိုဘယ်လို ခံစားရလည်း
စာနာဖြည့်တွေးပေးကြပါ ။
လက်တွဲခေါ်ယူမှုနည်းတဲ့ ကျွန်မတို့ နိုင်ငံရဲ့ online အသုံးပြု
သူတွေကြားမှာ ဘာမသိဘာမသိ fb သုံးရင်း ဘဝတစ်ခု
ဆုံးရှုံး သွားကြတဲ့သူတွေကိုလည်း တွေ့ ရတယ် ။
အိမ်ထောင်ရှင် မိန်းမတွေ အဓိက သတိပြု သုံးစေသင့်တယ်
လို့ လည်းမြင်မိပါတယ် ။
အလုပ်ပျက်အကိုင်ပျက် သုံးနေတာတွေ ‘ မိမိနဲ့ အပြင်မှာ
မသိတဲ့ သူစိမ်းယောက်ျားတစ်ယောက်ကို အချိန်ပေးပြီး
chat box က စကားပြော ဖုန်းနံပါတ်ပေးခြင်းတွေ ‘ လိမ်စာ
ပေးပြီး အလည်ခေါ်ခြင်းမျိုးတွေ ‘ လုံးဝ ရှောင်ကျဉ် သင့်ပါတယ် ။
အိမ်ထောင်ရှင်တွေ fb သုံးမယ်ဆိုရင် online ပေါ်မှာ
အသိပညာရစေမဲ့ page / gp တွေကို join ထားကြပါ ။
ကိုယ်မသိရင်တောင် နားလည် တတ်ကျွမ်းတဲ့သူတွေကို
အကူညီတောင်းပြီး လိုအပ်တာတွေ လုပ်ခိုင်းပါ ။
ကိုယ်က နှစ်သက်လို့ သုံးမယ်ဆိုခဲ့ရင်တောင်
အိမ်ထောင်ဝတ္တရားပျက် သားသမီးတွေရဲ့ တာဝန်တွေ
ပျက်တဲ့အထိ မသုံးစေချင်ပါဘူး ။
ကိုယ်သာ နည်းလမ်းမှန်စွာ သုံးမယ်ဆိုရင် မိသားစုကို
သေချာထိန်းကြောင်းနိုင်တဲ့ ဗဟုသုတတွေ များစွာ ရှာတွေ့ 
မယ် ။ မိမိဘဝကို အားမာန်အပြည့်နဲ့  လျှောက်လမ်းနိုင်တဲ့
ဗဟုသုတစာတွေ များစွာ online ပေါ်ရှိပါတယ် ။
သားသမီးတွေ ထိန်းကြောင်းဖို့ နည်းလမ်းကောင်း များစွာ
လည်းရှိပါတယ် ။
ကျွန်မ ဒီစာကိုရေးတာ ဆရာကြီးလုပ်ချင်လို့  မဟုတ်ပါဘူး ။
နည်းလမ်းမှန်စွာ အသုံးချနေတဲ့ အိမ်ထောင်ရှင်အမျိုးသမီး
တွေလည်းများစွာရှိပါတယ် ။
ဒါပေမဲ့
ဒီနေ့  အချိန် online မှာတွေ့ တဲ့ ယောက်ျားနောက်
လိုက်သွားတဲ့ အိမ်ထောင်ရှင်မ အများပြားရှိနေပါပြီ ။
သူတို့ နောက်ကွယ်က သားသမီးတွေ ရဲ့ ဘဝဟာ ဘယ်လို
မျိုးနဲ့  အနာဂါတ်မှာ ဘဝ တစ်ခုကို အဆုံးသတ်ကြမှလည်း ။
အဖေထက် အမေရဲ့ မေတ္တာကို ပိုပေးသင့်တဲ့ ကလေးတွေရဲ့
ဘဝတွေအတွက် ရေးလိုက်ခြင်း ဖြစ်ပါတယ် ။
fb ဟာ ဘဝ တစ်ခု မဟုတ်ဘူးလို့  ကြွေးကြော်ဖို့  လုပ်တိုင်း
ငါ့စိတ်နဲ့  မတူကွဲပြားနေတဲ့ လူတွေလည်း ရှိပါသေးလားလို့ 
ပြန်တွေး တတ်ကြပါစေ ။
( ကလေးတစ်ယောက်၏ ရှိုက်သံကြောင့် စေတနာဖြင့်
ရေးသားပါသည် အိမ်ထောင်ရှင်အမျိုးသမီးများ
အမြင်မလွဲစေချင်ပါ )
#MayNoe

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...