တစ်ခါလာ ဆင်းရဲသားကား
တစ်ခါလာ တံငါသည်ကား
တစ်ခါလာ အရူးကား
==============
ပုဂံသားတစ်ယောက်အနေနဲ့ဝင်ပြီးခံစားကြည့်လိုက်ပါလို့ပဲပြောချင်တယ်။
ပုဂံကို လာပြီးရုပ်ရှင်ရိုက်ရင်
တစ်ခါလာ သူတောင်းစားကား
တစ်ခါလာ ဆင်းရဲသားကား
တစ်ခါလာ တံငါသည်ကား
တစ်ခါလာ အရူးကား
ဒီကြားထဲ အနူကားက ပါသေးတယ်
မသိတဲ့သူဆိုရင် ပုဂံကမှာ တေလေဂျပိုး အဆင့်မရှိ ကလေကချေတွေနေတဲ့အတိုင်းပဲ
ပုဂံဆိုတာ တစ်ချိန်က ဘုန်းမီးနေလတောက်ပခဲ့တဲ့မြို့တော်ကြီးဆိုတာလည်း မမေ့နဲ့ဦး
Just feel the spirits of Bagan.
ရိုက်ပါလား Bahubali လိုမျိုး
ရိုက်ပါလား Troy လိုမျိုး
ရိုက်ပါလား Sparta လိုမျိုး
သူတို့လို Studio ကြီးနဲ့မရိုက်နိုင်ရင်တောင် ပုဂံမှာ နန်းတော်ကြီးလည်းရှိတယ် မြို့ရိုးလည်းရှိတယ် ကျုံးလည်းရှိတယ်။
နည်းပညာလေးနည်းနည်းပေါင်းစပ်ပြီးရိုက်ကြပါလား။
သူတို့လိုများမရိုက်နိုင်ရင်လည်း အရင်ပုဂံက သူရဲကောင်း ရှင်ဘုရင်ကြီးတွေမျက်နှာထောက်ထားပြီး အဆင့်ရှိရှိလေးရိုက်ကြပါဦး။
ပုဂံဆိုတာ အနူမျိုး ဆင်းရဲသားမျိုး သူတောင်းစားမျိုးချည်းမဟုတ်ဘူး။
အနည်းဆုံးတော့ ပုဂံသားတိုင်း တော်တော်များများ ကလေးကအစ နိုင်ငံတကာကလူတွေနဲ့ မျက်နှာချင်းဆိုင်ပြီး စကားပြောနိုင်တယ်ဆိုတာလေးလည်း သိထားကြဦး။
ဝုတ်တယ် မပြောချင်လို့ကြည့်နာ 🙄🙄
၁။ ဇတ်လမ်းကရိုးရိုးရှင်းရှင်းလေးရယ်။ ၃ ပွင့်ဆိုင်အချစ်။ ပုဂံမှာမဟုတ်ပဲနဲ့တောင် တစ်ခြားနေရာမှာရိုက်လို့ရတယ်။ တစ်ကားလုံးမှာမှ သရုပ်ဆောင် ၉ ယောက်လောက်ကိုပဲလှည့်ပတ်ရိုက်သွားတာ။
၂။ အိုကေ ပုဂံရှုခင်းတွေပါချင်လို့ ပုဂံမှာဇာတ်အိမ်တည်တယ်။ လက်ခံတယ်။ ရှုခင်းရိုက်ကွက်တွေလည်းလှတယ်။ ဒါပေမယ့် လူကုံထံအသိုင်းအဝိုင်း (ဟိုတယ်သူဌေးတို့ သူဌေးအမေတို့) ကတစ်ခြားမြို့ကဖြစ်ပြီး ဆင်းရဲသား အနူကျမှ ဒေသခံအနေနဲ့ထားရိုက်တယ်။ ဇာတ်ကောင်အကုန်လုံး ဒေသခံအနေနဲ့ထားရိုက်လို့မရဘူးလား? ပုဂံမှာ လုပ်ငန်းရှင်ကြီးတွေ သူဌေးတွေမရှိပဲ ဆင်းရဲသား အနူသီးသန့်ပဲရှိတာလား?
ဇာတ်လမ်းကောင်းတယ်ဆိုတာကလည်း သရုပ်ဆောင်ကောင်း မျက်ရည်ချူနိုင်လို့သာ ဇတ်လမ်းကောင်းတယ်လိုြ့ဖစ်လာတာပါ။ သေချာပြန်ကြည့်ရင် သာမန်အချစ်ဇာတ်လမ်းတစ်ပုဒ်ထက်မပိုပါဘူး။ ဖြစ်စေချင်တာ ပုဂံဆိုတာသာမန်ဒေသလေးတစ်ခုမဟုတ်ဘူး။ ကမ္ဘာကပါသိနေတဲ့နေရာတစ်ခု။ အဲလိုနေရာတစ်ခုမှာ ရုပ်ရှင်ရိုက်မယ်ဆိုရင် respect ထားတဲ့အနေနဲ့ အဆင့်ရှိရှိ ကောင်းကောင်းမွန်မွန်လေးတော့ရိုက်သင့်တယ်။ ရှုခင်းယူရုံလောက်ပဲဆိုရင်တော့ ခရီးသွားဟန်လွဲသဘောမျိုးပဲရိုက်ပါ။Bangkok To Mdy တို့၊ နောက် ကိုးရီးယားကလာရိုက်သွားတာတို့လေ့လာကြည့်ပါ။ ဒေသခံတွေကိုထိခိုက်မှုမရှိဘူး။ ရှုခင်းတွေ ရိုက်ကွင်းရိုက်ကွက်တွေလှအောင်လုပ်ပြသွားတယ်။
အဲလိုမျိုး ဒေသခံတွေအပေါ်မကြည့်ပဲရိုက်သွားလို့ပဲ ခုချိန်ထိ ပုဂံဆိုတာ မိုးခေါင်ရေရှား အပူပိုင်းကန္တာရတစ်ခုလိုထင်နေကြတဲ့သူတွေရှိနေတုန်းပဲ။ ပြောချင်တာက ကိုယ်ရိုက်လိုက်တဲ့ဇာတ်ကားက ဒေသ image ကိုမထိခိုက်ဖို့လိုတယ်။ အထင်ကြီးအောင်ရိုက်မပြနိုင်ရင်နေပါ အထင်သေးအောင်တော့မရိုက်စေချင်ဘူး။ ဒါပါပဲ
ApannPyay - မျိုးဇင်မင်း (ပုဂံသား)
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...