ပရိသတ်ရစေချင်သည့် အကယ်ဒမီကို ရအောင်ယူပေး မည်ဟု ပြီးခဲ့သည့် မြန်မာရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီ နှင့် လွဲချော်ခဲ့သည့် သရုပ်ဆောင် မြင့်မြတ်က ပြောသည်။
ပရိသတ်ရစေချင်သည့် အကယ်ဒမီကို ရအောင်ယူပေး မည်ဟု ပြီးခဲ့သည့် မြန်မာရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီ နှင့် လွဲချော်ခဲ့သည့် သရုပ်ဆောင် မြင့်မြတ်က ပြောသည်။‘‘အကယ်ဒမီနဲ့ပတ်သက်ပြီး တော့ ဒီနှစ်ထဲမှာဆိုရင်တော့ နောက်ထပ် အကယ်ဒမီမှန်းလို့ရ တဲ့ကားတွေ ရုံတင်လာဖို့ရှိပါသေး တယ်။ ပရိသတ်ရစေချင်တဲ့ အ ကယ်ဒမီကိုလည်း ရအောင်ယူ ပေးချင်ပါတယ်’’ဟု ၎င်းက ပြောသည်။‘ဘာလာလာ’၊ ‘ကျေပါတယ် မအေးစိန်’နှင့် ‘မင်္ဂလာခုတင်’ အစရှိသည့် ဟာသရုပ်ရှင်ဇာတ်ကား များကို ဆက်တိုက်ရိုက်ကူးဖြစ်နေ သလို ထပ်မံ၍ ဒါရိုက်တာညွန့် မြန်မာညီညီအောင်၊ မင်းသမီး သင်ဇာဝင့်ကျော်နှင့်အတူ တွဲဖက် ကာ စုံထောက်ဇာတ်ရုပ်ဖြင့် သရုပ် ဆောင်ရန်ရှိပြီး Media 7 နှင့်အ တူ ပထမဆုံးဇာတ်လမ်းတွဲအနေ နှင့် ‘မင်္ဂလာရှိတဲ့အရပ်’ဟု အမည် ပေးသည့် ဇာတ်လမ်းတွဲကို လက် ခံထားကြောင်း ၎င်းက လတ် တလောအနုပညာလှုပ်ရှားမှုများ ကို ပြောသည်။
ပရိသတ်များ တစ်ခဲနက် အားပေးသည့် ‘ကျွန်’ရုပ်ရှင်ဇာတ် ကားကြီး၏ ထုတ်လုပ်သူသည် ငွေကို အင်တိုက်အားတိုက် အသုံးပြု သည့်အပြင် ဒါရိုက်တာ၊ ပါဝင် သည့် သရုပ်ဆောင်များ၏ ဖန်တီး ကြိုးစားအားထုတ်မှုကြောင့် ဇာတ်ကားရုံတင်ချိန်တွင် အကောင်း ဆုံးရလဒ်များ ထွက်ခဲ့ပြီး ပရိသတ်အားပေးမှုမြင့်မားသည့် ဇာတ် ကားတစ်ကားဖြစ်ကြောင်း ပြော သည်။
အနုပညာသက်တမ်း (၁၂) နှစ်ရှိပြီဖြစ်သည့်အပြင် အိမ် ထောင်ကျသွားသော်လည်း ပရိ သတ်အားပေးမှု လျော့မသွားဘဲ တိုး၍အားပေးနေသည့် ပရိသတ် များရှိသဖြင့် ဝမ်းသာကျေနပ်စကားဆိုကာ အိမ်ထောင်ကျသွားသော် လည်း ရင်သွေးရရန် ထူးခြားမှုမရှိ သေးကြောင်း အခုလိုဖွင့်ဟ သည်။‘‘အဓိကအကြောင်းအရင်း ကတော့ ကျွန်တော်က ယောက်ျား လေးပရိသတ်ပိုများတယ်။ အဲဒါ ကြောင့်ပါ။ ယောက်ျားလေး ပရိ သတ်ကတော့ အိမ်ထောင်ကျ တာ၊ မကျတာ အေးဆေးပဲ။ ဆိုင် လည်းမဆိုင်ဘူးဆိုတော့ အဲဒါ ကြောင့် ထင်ပါတယ်။ အခုဆို အိမ်ထောင်သက်လည်း သုံးလ ကျော်ပြီ။ ထူးတော့မထူးခြားသေး ဘူး။ ဒါပေမဲ့ ထူးခြားတော့မှာပါ။ ကြိုးစားနေပါတယ်’’ဟု ရယ်မော ကာ ပြောသည်။
၂၀၁၆ ရုပ်ရှင်ထူးချွန်ဆုပေး ပွဲတွင် မှော်ကျောက်စာ၊ ခိုးဆိုးလု နှိုက် အစရှိသည့် ရုပ်ရှင်ဇာတ် ကားများဖြင့် အကယ်ဒမီရရန် နာ မည်ကြီးခဲ့သော မြင့်မြတ်သည် ပရိသတ်ခန့်မှန်းသည့် အကယ်ဒမီ ဆုနှင့် လွဲချော်ခဲ့၍ ထွန်းထွန်းက အုတ်ကြားမြက်ပေါက်ဇာတ်ကား ဖြင့် အမျိုးသားဇာတ်ဆောင်ဆုရရှိ ခဲ့သည်။
Credit:7daydaily
0 comments :
Post a Comment