၅ ႏွစ္သမီးေလးကို ၁၉ ႏွစ္အမ်ိဳးသမီးတဦးက သတ္မႈျဖစ္

ဧရာဝတီတိုင္းေဒသႀကီး အဂၤပူၿမိဳ႕နယ္၊ ကြင္းေကာက္နယ္ေျမရဲတပ္ဖြဲ႔စခန္းအပိုင္း ကညႊတ္ကြင္း ေက်းရြာအုပ္စု ဝါဘိုေက်းရြာမွာ အသက္ ၅ ႏွစ္အရြယ္ မိန္ကေလးငယ္ကို ၁၉ ႏွစ္အရြယ္ အမ်ိဳးသမီးတဦးက သတ္မႈ ဇြန္လ ၂၈ ရက္ေန႔ ညေန ၃ နာရီက ျဖစ္ပြားခဲ့ပါတယ္။

“ဟုတ္ပါတယ္။ မေန႔က ညေနပိုင္းက ျဖစ္တာပါ။ ေသဆံုးသြားတာက ၅ ႏွစ္အရြယ္ မႏွင္းႏွင္းေဝ ျဖစ္ပါတယ္။ သတ္တာက ၁၉ ႏွစ္ပါ။ မသဇင္ ျဖစ္ပါတယ္။ သတ္တဲ့ ေကာင္မေလးက ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ေျပာျပခ်က္အရကေတာ့ သူက လြန္ခဲ့တဲ့ သံုးလ ေလာက္ကတည္းက စိတ္ေဖာက္ျပန္ေနတယ္လိုေတာ့ ေျပာထားပါတယ္။ ခု သူက သူကိုယ္သူ ခဲခြၽန္ဓားနဲ႔ လွီးထားတဲ့အတြက္ ဒဏ္ရာေပါင္းကေတာ့ မေရတြက္ႏိုင္ပါဘူး။ ခု ကြင္းေကာက္ တိုက္နယ္ျပည္သူ႔ေဆး႐ံုတင္ၿပီး ကုသေနတယ္။ တစံုတရာ ဘာမွေတာ့ ေမးလိုမရ။ ဆရာဝန္ရဲ႕ ညႊန္ၾကားခ်က္အေပၚ မူတည္ၿပီး ဆက္ၿပီးလုပ္ရမွာပါပဲ။ ရန္ကုန္ စိတ္ေရာဂါကုေဆး႐ံုေတာ့ ပို႔ရလိမ့္မယ္ ထင္ပါတယ္” လို႔ ကြင္းေကာက္နယ္ေျမ ရဲတပ္ဖြဲ႔စခန္းစခန္းမႉး ရဲအုပ္ ေဇာ္မင္းထြန္းက ဒီဗီြဘီကို ေျပာပါတယ္။

ခုျဖစ္စဥ္ကို ကြင္းေကာက္စခန္းမႉး ရဲအုပ္ေဇာ္မင္းထြန္းက တရားလိုျပဳလုပ္ၿပီး အမႈျဖစ္စဥ္အမွတ္ (ပ)၈၅ ရာဇာသတ္ႀကီးဥပေဒ ပုဒ္မ ၃၀၂ လူသတ္မႈနဲ႔ အမႈဖြင့္ ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

သတင္း – သန္းထိုက္ျမင့္
Credit:DVB
==================
#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်၊ ကွင်းကောက်နယ်မြေရဲတပ်ဖွဲ့စခန်းအပိုင်း ကညွှတ်ကွင်း ကျေးရွာအုပ်စု ဝါဘိုကျေးရွာမှာ အသက် ၅ နှစ်အရွယ် မိန်ကလေးငယ်ကို ၁၉ နှစ်အရွယ် အမျိုးသမီးတဦးက သတ်မှု ဇွန်လ ၂၈ ရက်နေ့ ညနေ ၃ နာရီက ဖြစ်ပွားခဲ့ပါတယ်။

“ဟုတ်ပါတယ်။ မနေ့က ညနေပိုင်းက ဖြစ်တာပါ။ သေဆုံးသွားတာက ၅ နှစ်အရွယ် မနှင်းနှင်းဝေ ဖြစ်ပါတယ်။ သတ်တာက ၁၉ နှစ်ပါ။ မသဇင် ဖြစ်ပါတယ်။ သတ်တဲ့ ကောင်မလေးက ကျေးရွာအုပ်ချုပ်ရေးမှူး ပြောပြချက်အရကတော့ သူက လွန်ခဲ့တဲ့ သုံးလ လောက်ကတည်းက စိတ်ဖောက်ပြန်နေတယ်လိုတော့ ပြောထားပါတယ်။ ခု သူက သူကိုယ်သူ ခဲချွန်ဓားနဲ့ လှီးထားတဲ့အတွက် ဒဏ်ရာပေါင်းကတော့ မရေတွက်နိုင်ပါဘူး။ ခု ကွင်းကောက် တိုက်နယ်ပြည်သူ့ဆေးရုံတင်ပြီး ကုသနေတယ်။ တစုံတရာ ဘာမှတော့ မေးလိုမရ။ ဆရာဝန်ရဲ့ ညွှန်ကြားချက်အပေါ် မူတည်ပြီး ဆက်ပြီးလုပ်ရမှာပါပဲ။ ရန်ကုန် စိတ်ရောဂါကုဆေးရုံတော့ ပို့ရလိမ့်မယ် ထင်ပါတယ်” လို့ ကွင်းကောက်နယ်မြေ ရဲတပ်ဖွဲ့စခန်းစခန်းမှူး ရဲအုပ် ဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

ခုဖြစ်စဉ်ကို ကွင်းကောက်စခန်းမှူး ရဲအုပ်ဇော်မင်းထွန်းက တရားလိုပြုလုပ်ပြီး အမှုဖြစ်စဉ်အမှတ် (ပ)၈၅ ရာဇာသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း – သန်းထိုက်မြင့်
Credit:DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...