အလြန္ ထူးဆန္းလွတဲ့ တပင္ေရႊထီးအေၾကာင္းမ်ား

တပင္ေရႊထီးကိုေမြးဖြားတုန္းက လွ်ာေပၚမွာ မဲနက္တဲ႔ အစက္လကၡဏာမ်ား
ပါလာတဲ႕အတြက္ လွ်ာနက္မင္းလို့လဲေခၚတြင္မွတ္တမ္းျပဳခဲ့ၾကပါတယ္။
ဦးထိပ္မွာ ခမည္းေတာ္ မင္းၾကီးညိဳလိုပဲ ေရႊေရာင္ေတာက္တဲ႕ ဆံမွ်င္တစ္ေခ်ာင္း ပါလာတဲ႕အတြက္ တပင္ေရႊထီးလို့အမည္တြင္ခဲ႔တာျဖစ္ပါတယ္။

အိမ္ေထာင္ေရးမွာေတာ႔တပင္ေရႊထီးဟာရွင္ရဲထြတ္၏ညီမ ခင္ဘုန္းစိုး ႏွင့္
ရွင္နီတာ၏သမီး ခင္ျမတ္တို႕ကို မိဖုရားအျဖစ္ ေကာက္ယူျပီး လက္၀ဲလက္ယာ
ေျမွာက္စားေပမဲ႔ မည္သူ႕ကိုမွ် မိဖုရားၾကီးအရာ မေျမွာက္ဘဲ
တစ္သက္လံုးေနသြားတာဟာ တစ္ပင္ေရႊထီးရဲ႔ ထူးျခားခ်က္ျဖစ္ပါတယ္။
မည္သည့္ မိဖုရားကိုမွ တရား၀င္ မိဖုရားၾကီးအျဖစ္ မထားခဲ့တဲ႕တပင္ေရႊထီးဟာဟံသာ၀တီမွာေတာ့အသက္ ၈ ႏွစ္သာရွိေသး
တဲ႕မြန္မိန္းမပ်ိဳ ေခမေနာကိုမိဖုရားအျဖစ္သိမ္းယူခဲ႔ျပန္ပါတယ္။
တပင္ေရႊထီးသူရဲေကာင္းေရြးပံုဟာအင္မတန္ထူးျခားပါတယ္။ လက္မကို ေထာင္ေစျပီး လက္သည္းၾကားမွာ အပ္စိုက္ျပီး တူႏွင့္ထုေစတာျဖစ္ပါတယ္။ လက္မတြန္႕သူ၊ မ်က္ႏွာမပ်က္သူဟာသူရဲေကာင္းလို႔သတ္မွတ္ျပီး ေရြးခ်ယ္ခဲ႕ပါတယ္။
တပင္ေရႊထီးဟာအသက္ ၁၄ ႏွစ္အရြယ္မွာ နန္းတက္ျပီး အသက္ ၃၅ ႏွစ္၊ နန္းသက္ ၂၀ အ၀င္မွာလုပ္ၾကံခံရျပီး ကြယ္လြန္ခဲ႔ပါတယ္။လုပ္ၾကံခံရျပီးေသတဲ႕အခ်ိန္ေခါင္းျပတ္မွာ မ်က္ေတာင္ခတ္လ်က္ပင္ရွိေနေသးတယ္လို့လဲဆို႐ိုးရွိခဲ႔ဖူးပါတယ္။
တပင္ေရႊထီးဟာယိုးဒယားကိုတိုက္ခိုက္တဲ႔ပထမဆံုးျမန္မာမင္းအျဖစ္လည္း သမိုင္းတြင္သူၿဖစ္ပါတယ္။
တပင္ေရႊထီးဟာ ျမန္မာ့သမိုင္းမွာ အင္မတန္ထင္ရွားတဲ႔ဘုရင္တပါးျဖစ္ျပီး
ေတာင္ငူရာဇ၀င္၊ဒုတိယျပည္ေထာင္စုျမန္မာႏိုင္ငံ အစရွိတဲ႕သမိုင္းေၾကာင္းေတြမွာ အျမဲပါ၀င္ေနသူျဖစ္ပါတယ္။

တပင္ေရႊထီးအေၾကာင္းေရးသားေသာစာအုပ္မ်ားမွေကာက္ႏွုတ္ထားပါသည္။
နည္းစနစ္တက်အေတြးအေခၚမ်ား
=============

တပင်ရွှေထီးကိုမွေးဖွားတုန်းကလျှာပေါ်မှာ မဲနက်တဲ့ အစက်လက္ခဏာများ
ပါလာတဲ့အတွက် လျှာနက်မင်းလို့လဲခေါ်တွင်မှတ်တမ်းပြုခဲ့ကြပါတယ်။
ဦးထိပ်မှာ ခမည်းတော် မင်းကြီးညိုလိုပဲ ရွှေရောင်တောက်တဲ့ ဆံမျှင်တစ်ချောင်း ပါလာတဲ့အတွက် တပင်ရွှေထီးလို့အမည်တွင်ခဲ့တာဖြစ်ပါတယ်။

အိမ်ထောင်ရေးမှာတော့တပင်ရွှေထီးဟာရှင်ရဲထွတ်၏ညီမ ခင်ဘုန်းစိုး နှင့်
ရှင်နီတာ၏သမီး ခင်မြတ်တို့ကို မိဖုရားအဖြစ် ကောက်ယူပြီး လက်ဝဲလက်ယာ
မြှောက်စားပေမဲ့ မည်သူ့ကိုမျှ မိဖုရားကြီးအရာ မမြှောက်ဘဲ
တစ်သက်လုံးနေသွားတာဟာ တစ်ပင်ရွှေထီးရဲ့ ထူးခြားချက်ဖြစ်ပါတယ်။
မည်သည့် မိဖုရားကိုမှ တရားဝင် မိဖုရားကြီးအဖြစ် မထားခဲ့တဲ့တပင်ရွှေထီးဟာဟံသာဝတီမှာတော့အသက် ၈ နှစ်သာရှိသေး
တဲ့မွန်မိန်းမပျို ခေမနောကိုမိဖုရားအဖြစ်သိမ်းယူခဲ့ပြန်ပါတယ်။
တပင်ရွှေထီးသူရဲကောင်းရွေးပုံဟာအင်မတန်ထူးခြားပါတယ်။ လက်မကို ထောင်စေပြီး လက်သည်းကြားမှာ အပ်စိုက်ပြီး တူနှင့်ထုစေတာဖြစ်ပါတယ်။ လက်မတွန့်သူ၊ မျက်နှာမပျက်သူဟာသူရဲကောင်းလို့သတ်မှတ်ပြီး ရွေးချယ်ခဲ့ပါတယ်။
တပင်ရွှေထီးဟာအသက် ၁၄ နှစ်အရွယ်မှာ နန်းတက်ပြီး အသက် ၃၅ နှစ်၊ နန်းသက် ၂၀ အဝင်မှာလုပ်ကြံခံရပြီး ကွယ်လွန်ခဲ့ပါတယ်။လုပ်ကြံခံရပြီးသေတဲ့အချိန်ခေါင်းပြတ်မှာ မျက်တောင်ခတ်လျက်ပင်ရှိနေသေးတယ်လို့လဲဆိုရိုးရှိခဲ့ဖူးပါတယ်။
တပင်ရွှေထီးဟာယိုးဒယားကိုတိုက်ခိုက်တဲ့ပထမဆုံးမြန်မာမင်းအဖြစ်လည်း သမိုင်းတွင်သူဖြစ်ပါတယ်။
တပင်ရွှေထီးဟာ မြန်မာ့သမိုင်းမှာ အင်မတန်ထင်ရှားတဲ့ဘုရင်တပါးဖြစ်ပြီး
တောင်ငူရာဇဝင်၊ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံ အစရှိတဲ့သမိုင်းကြောင်းတွေမှာ အမြဲပါဝင်နေသူဖြစ်ပါတယ်။

တပင်ရွှေထီးအကြောင်းရေးသားသောစာအုပ်များမှကောက်နှုတ်ထားပါသည်။
နည်းစနစ်တကျအတွေးအခေါ်များ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...