မီးေလာင္တာ၀ါေပၚမွ ပစ္ခ်လုိက္တဲ့ ကေလးကို အမိဖမ္းႏုိင္ခဲ့တဲ့ သူရဲေကာင္းႀကီး

လက္တေလာ UK အေျခစုိက္ သတင္းစာမ်က္ႏွာေတြမွာ ဂရင္းဖဲလ္တာ၀ါ မီးေလာင္မႈဟာ စိတ္၀င္စားစရာ အေကာင္းဆုံး ၀မ္းနည္းမႈေတြ အေပးႏုိင္ဆုံး ျဖစ္ေနပါတယ္။ သက္ဆုိင္ရာက ထုတ္ျပန္ခ်က္အရ မီးေလာင္မႈျဖစ္တဲ့ အေၾကာင္းအရင္းဟာ ေရခဲေသတၱာ အပူလြန္ကဲရာမွ စတင္တယ္လုိ႔ သိရပါတယ္။

ေလာေလာဆယ္ေတာ့ 17 ဦး ေသဆုံးၿပီး လူ 100 ေက်ာ္ ေပ်ာက္ဆုံးေနေၾကာင္း သိရပါတယ္။ မီေလာင္းမႈအတြင္းမွာ အခ်ိဳ႕ဟာ အထပ္ျမင့္အေဆာက္ဦေပၚကေန ခုန္ခ်တာမ်ိဳးေတြ ရွိခဲ့ၿပီး အေသအေပ်ာက္လည္း ျဖစ္ခဲ့ရတယ္လုိ႔ ဆုိပါတယ္။ ဒီအထဲမွာ Pat လုိ႔သာ သိရေသးတဲ့ သူရဲေကာင္းတစ္ေယာက္အေၾကာင္းကလည္း လူေျပာမ်ားခဲ့ပါတယ္။



Pat ဟာ 5 လႊာေျမာက္ အခန္းေပၚကေန မိခင္က ေအာက္ကို ပစ္ခ်လုိက္တဲ့ ကေလးကုိ ရက္ဘီေဘာလုံးကုိ အမိဖမ္းလုိက္သလုိ ဖမ္းႏုိင္ခဲ့ပါတယ္။ ကေလးမေလးဟာ ေလးႏွစ္သာ ရွိေသးၿပီး၊ မိခင္ျဖစ္သူက သမီးကို မီးေလာင္အိမ္ထဲမွာ မ႐ႈမလွ မေသခ်င္ပုံရပါတယ္။ သူမတုိ႔အေျခအေနကလည္း မီးသတ္တပ္ဖြဲ႕၀င္ေတြ အလြယ္တစ္ကူ မေရာက္ႏုိင္တဲ့ အ
ေျခအေနပါ။



ဒါေၾကာင့္ ေအာက္မွာရွိတဲ့ လူအုပ္ဆီကုိ အခ်က္လွမ္းျပၿပီး၊ အကူအညီေတာင္းခဲ့ပါတယ္။ Pat က ကေလးကို ပစ္ခ်လုိက္ဖုိ႔ ေျပာလုိ႔ ကေလးကို ပစ္ခ်ေပးခဲ့ပါတယ္။ မ်က္ျမင္သက္ေသတစ္ေယာက္ရဲ႕ အဆုိအရေတာ့ ကေလးမေလး ေနထုိင္ခဲ့တဲ့ အခန္းဟာ စကၠန္႔ပုိင္းအတြင္းမွာ မီးရဲ႕၀ါးမ်ိဳျခင္းကို ခံခဲ့ရၿပီး၊ ကေလးမရဲ႕ မိခင္ကေတာ့ ေသသလားရွင္သလား မေျပာတတ္ေသးဘူးလုိ႔ ဆုိပါတယ္။



မ်က္ျမင္ျဖစ္တဲ့ Kadelia Woods (20) ႏွစ္က ” သူ႕အေမက တဘက္တစ္ထည္နဲ႔ လွမ္းအခ်က္ျပတယ္ .. ၿပီးေတာ့ ကူပါဦးဆုိၿပီး အသံကုန္ေအာ္တာကို ၾကားရတယ္ .. က်ေနာ္ အိမ္းနီးနားခ်င္းျဖစ္တဲ့ Pat က ကေလးကုိ ပစ္ခ်လုိက္ .. မစုိးရိမ္နဲ႔ က်ေနာ္ မိေအာင္ဖမ္းမယ္ဆုိၿပီး ေအာ္ေျပာတယ္ .. အေမက အဲဒီလုိ မလုပ္ႏုိင္ဘူး .. မလုပ္ဘူးဆုိၿပီး ျငင္းေသးတယ္ .. ေနာက္မွ ကံကုိသာ ႐ုိးမယ္ဖြဲ႕ရေတာ့မွာပဲလုိ႔ စိတ္ပုိင္းျဖတ္လုိက္ပုံရတယ္ … Pat ကလည္း တကယ့္ကို ပေရာ္ဖတ္ရွင္နယ္ ရက္ဘီသမားႀကီးလုိပါဘဲ “လုိ႔ ဆုိပါတယ္။


သူက ဆက္လက္ၿပီး ” အုိး ကေလးက်လာေတာ့ က်ေနာ္တုိ႔ ႏွလုံးခုန္ေတြ ရပ္သြားတယ္ .. အဆုိးဆုံးမျဖစ္ပါေစနဲ႔လုိ႔သာ စိတ္က ႀကိတ္ၿပီး ဆုေတာင္းမိတယ္ .. ဒါေပမယ့္ Pat က တကယ့္ကုိ မယုံႏုိင္ဖြယ္ရာ စြမ္းေဆာင္ႏုိင္ခဲ့ပါတယ္။ ရက္ဘီေဘာလုံးကို ဖမ္းလုိက္သလုိမ်ိဳးကို ဖမ္းလုိက္တာ … သူ႕အစား ဂုဏ္ယူမိတယ္ဗ်ာ “လုိ႔ ေျပာခဲ့ပါတယ္။

Credit: နတ္စည္ေတာ္ (Shwemom)

source : thesun.co.uk
===========

လက်တလော UK အခြေစိုက် သတင်းစာမျက်နှာတွေမှာ ဂရင်းဖဲလ်တာဝါ မီးလောင်မှုဟာ စိတ်ဝင်စားစရာ အကောင်းဆုံး ဝမ်းနည်းမှုတွေ အပေးနိုင်ဆုံး ဖြစ်နေပါတယ်။ သက်ဆိုင်ရာက ထုတ်ပြန်ချက်အရ မီးလောင်မှုဖြစ်တဲ့ အကြောင်းအရင်းဟာ ရေခဲသေတ္တာ အပူလွန်ကဲရာမှ စတင်တယ်လို့ သိရပါတယ်။

လောလောဆယ်တော့ 17 ဦး သေဆုံးပြီး လူ 100 ကျော် ပျောက်ဆုံးနေကြောင်း သိရပါတယ်။ မီလောင်းမှုအတွင်းမှာ အချို့ဟာ အထပ်မြင့်အဆောက်ဦပေါ်ကနေ ခုန်ချတာမျိုးတွေ ရှိခဲ့ပြီး အသေအပျောက်လည်း ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ Pat လို့သာ သိရသေးတဲ့ သူရဲကောင်းတစ်ယောက်အကြောင်းကလည်း လူပြောများခဲ့ပါတယ်။



Pat ဟာ 5 လွှာမြောက် အခန်းပေါ်ကနေ မိခင်က အောက်ကို ပစ်ချလိုက်တဲ့ ကလေးကို ရက်ဘီဘောလုံးကို အမိဖမ်းလိုက်သလို ဖမ်းနိုင်ခဲ့ပါတယ်။ ကလေးမလေးဟာ လေးနှစ်သာ ရှိသေးပြီး၊ မိခင်ဖြစ်သူက သမီးကို မီးလောင်အိမ်ထဲမှာ မရှုမလှ မသေချင်ပုံရပါတယ်။ သူမတို့အခြေအနေကလည်း မီးသတ်တပ်ဖွဲ့ဝင်တွေ အလွယ်တစ်ကူ မရောက်နိုင်တဲ့ အ
ခြေအနေပါ။



ဒါကြောင့် အောက်မှာရှိတဲ့ လူအုပ်ဆီကို အချက်လှမ်းပြပြီး၊ အကူအညီတောင်းခဲ့ပါတယ်။ Pat က ကလေးကို ပစ်ချလိုက်ဖို့ ပြောလို့ ကလေးကို ပစ်ချပေးခဲ့ပါတယ်။ မျက်မြင်သက်သေတစ်ယောက်ရဲ့ အဆိုအရတော့ ကလေးမလေး နေထိုင်ခဲ့တဲ့ အခန်းဟာ စက္ကန့်ပိုင်းအတွင်းမှာ မီးရဲ့ဝါးမျိုခြင်းကို ခံခဲ့ရပြီး၊ ကလေးမရဲ့ မိခင်ကတော့ သေသလားရှင်သလား မပြောတတ်သေးဘူးလို့ ဆိုပါတယ်။



မျက်မြင်ဖြစ်တဲ့ Kadelia Woods (20) နှစ်က ” သူ့အမေက တဘက်တစ်ထည်နဲ့ လှမ်းအချက်ပြတယ် .. ပြီးတော့ ကူပါဦးဆိုပြီး အသံကုန်အော်တာကို ကြားရတယ် .. ကျနော် အိမ်းနီးနားချင်းဖြစ်တဲ့ Pat က ကလေးကို ပစ်ချလိုက် .. မစိုးရိမ်နဲ့ ကျနော် မိအောင်ဖမ်းမယ်ဆိုပြီး အော်ပြောတယ် .. အမေက အဲဒီလို မလုပ်နိုင်ဘူး .. မလုပ်ဘူးဆိုပြီး ငြင်းသေးတယ် .. နောက်မှ ကံကိုသာ ရိုးမယ်ဖွဲ့ရတော့မှာပဲလို့ စိတ်ပိုင်းဖြတ်လိုက်ပုံရတယ် … Pat ကလည်း တကယ့်ကို ပရော်ဖတ်ရှင်နယ် ရက်ဘီသမားကြီးလိုပါဘဲ “လို့ ဆိုပါတယ်။


သူက ဆက်လက်ပြီး ” အိုး ကလေးကျလာတော့ ကျနော်တို့ နှလုံးခုန်တွေ ရပ်သွားတယ် .. အဆိုးဆုံးမဖြစ်ပါစေနဲ့လို့သာ စိတ်က ကြိတ်ပြီး ဆုတောင်းမိတယ် .. ဒါပေမယ့် Pat က တကယ့်ကို မယုံနိုင်ဖွယ်ရာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရက်ဘီဘောလုံးကို ဖမ်းလိုက်သလိုမျိုးကို ဖမ်းလိုက်တာ … သူ့အစား ဂုဏ်ယူမိတယ်ဗျာ “လို့ ပြောခဲ့ပါတယ်။

Credit: နတ်စည်တော် (Shwemom)

source : thesun.co.uk

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...