သင္မသိေသးတဲ႔ အကယ္ဒမီေက်ာ္ဟိန္း အေၾကာင္းမ်ား

ေက်ာ္ဟိန္းသည္ ၁၉၄၇-ခုနွစ္၊ ဇူလိုင္လ(၁၄)ရက္၊ တနလၤ࿿ာေန့တြင္ ရန္ကုန္ျမို့၊ စမ္းေခ်ာင္းျမို့နယ္၊ ေက်ာင္းကုန္းလမ္း၌ အျငိမ္းစား ခရိုင္ရဲဝန္ အဖ ဦးဂြ်န္ေမာင္စိန္ နွင့္ အမိ ေဒၚခ်ိုခ်ိုတို့မွ ေမြးဖြားခဲ့သည္။ ကရကဋ္ရာသီဖြားျဖစ္ျပီး ငယ္နာမည္ ေက်ာ္ျကီး။ အမည္ရင္းမွာ ေက်ာ္ေဌး ျဖစ္သည္။ သားသမီး ေျခာက္ေယာက္မွာ နံပါတ္ ေလးေယာက္ေျမာက္ျဖစ္သည္။ ၁၉၅၂ ခုနွစ္ - ရန္ကုန္ျမို့၊ ျကည့္ျမင္တိုင္၊ ABM ေက်ာင္းမွာ ပထမတန္းကေန စတုတၳတန္းအထိ ေက်ာင္းစာသင္ျကားခဲ့သည္။(စတုတၳတန္း စာေမးပြဲမွာ ေအာင္မွတ္ မျပည့္လို့ ေနြရာသီေက်ာင္းပိတ္ရက္ နွစ္လမွာ စာက်က္ျပီး စာေမးပြဲ ျပန္ေျဖရတယ္။) ၁၉၅၆ ခုနွစ္ - အလံုျမို့နယ္၊ ဟုမ္းလမ္း ဘူတာရံုနားက ယူနစ္ကရင္ေက်ာင္းမွာ ပဥၥမတန္းကို တက္ေရာက္သင္ျကား။ ၁၉၅၇ ခုနွစ္ -အလံုျမို့နယ္၊ ကူရွင္ေက်ာင္းမွာ ဆ႒ဌမတန္း၊ သတၱမတန္း (နွစ္ျကိမ္)၊ အ႒ဌမတန္း၊ နဝမတန္း (နွစ္ခါက်လို့ ေက်ာင္းထြက္လိုက္ရ) ၁၉၆၄ ခုနွစ္ -ရန္ကုန္ျမို့၊ ျမို့နယ္အသီးသီးရွိ အလြတ္ပညာသင္ေက်ာင္း (ညေက်ာင္းအပါအဝင္)၊ (၂၃) ေက်ာင္း ေျပာင္းေရွြ့သင္ျကား၊ ေနာက္ပိုင္း ေက်ာင္းမနေျဖစ္ေတာ့ဘဲ အိမ္က ၁၆ ျကိမ္ဆင္း။ အိမ္ေျပးဘဝနဲ့ လမ္းေပၚမွာ ေလလြင့္။ ၁၉၆၅ ခုနွစ္ - ကမာရြတ္ျမို့နယ္၊ ေဒၚသာထက္ေက်ာင္းမွာ နဝမတန္း (သံုးျကိမ္ေျမာက္) သင္ျကားေအာင္ျမင္။

၁၉၆၆ ခုနွစ္ - ဒဂံုျမို့နယ္၊ ေဒၚနုနုခင္ အလြတ္ပညာသင္ေက်ာင္းမွာ ဒသမတန္းသင္ျကား၊ သံုးလေလာက္တက္ျပီးေရတပ္ထဲဝင္ (ကိုယ္ပိုင္နံပါတ္ ၁၂၂၀၅) ၁၉၆၇ ခုနွစ္ - ေရတပ္ထဲကထြက္၊

ဒသမတန္း ျပန္ေျဖ၊ ဆယ္တန္း(ခ)နွင့္ေအာင္ (တကၠသိုလ္ဝင္တန္း)အထိ ပညာသင္ျကားခဲ့သည္။ ငယ္စဉ္က စိန္ေဂၚလီဂိုဏ္းဝင္ တစ္ဦးျဖစ္သည္။ ရုပ္ရွင္ေလာကထဲေရာက္။

၁၉၇၀-ျပည့္နွစ္မွစ၍ ရုပ္ရွင္မင္းသမီး စနၵာနွင့္အတူ ဖူးစာလမ္းစံု ဇာတ္ကားျဖင့္ ရုပ္ရွင္ေလာကထဲသို့ ဝင္ေရာက္ခဲ့သည္။ ရုပ္ရွင္သရုပ္ေဆာင္အျဖစ္ `အကာကအခ်စ္၊ အနွစ္ကေမတၱာ´၊ `မြန္းတည့္ခ်ိန္တြင္ ေနဝင္သည္´၊ `ပန္းျမိုင္လယ္က ဥယ်ာဉ္မႉး´၊ `ေဝလည္းေမွြး ျကြေလည္းေမွြး´ဇာတ္ကားမ်ားျဖင့္ အကယ္ဒမီ ေလးျကိမ္ရရွိခဲ့သည္။ `မြန္းတည့္ခ်ိန္တြင္ ေနဝင္သည္´ဇာတ္ကားကို ကိုယ္တိုင္ ဒါရိုက္တာအျဖစ္ ရိုက္ကူးခဲ့သည္။

၁၉၇၀-ခုနွစ္တြင္ ပထမဆံုး ဒါရိုက္တာလုပ္၍ သရုပ္ေဆာင္ ရိုက္ကူးခဲ့ေသာ ဇာတ္ကားမွာ စိန္သို့မဟုတ္စိန္ ျဖစ္သည္။ ထိုဇာတ္ကား၏ ေျကာ္ျငာဒီဇိုင္း၊ ပိုစတာမ်ားအားလံုးကို သူကိုယ္တိုင္ ေနမင္းထိပ္ေခါင္ အမည္ျဖင့္ ေရးဆြဲခဲ့ေပသည္။

ဝတၳုတို၊ ဝတၳုရွည္အခ်ို့ ေရးသားခဲ့ျပီး ေတးစီးရီးအခ်ို့ကိုလည္း သီဆိုထုတ္လုပ္ခဲ့သည္။ ရုပ္သံေျကာ္ျငာမ်ားတြင္လည္း သရုပ္ေဆာင္ေျကး အမ်ားဆံုးရသူျဖစ္သည္။ [၁]

၂၀ဝ၈-ခုနွစ္၊ နိုဝင္ဘာ (၄)ရက္ေန့မွစ၍ ဦးေက်ာ္ဟိန္းသည္ ရုပ္ရွင္ေလာကက အနားယူကာ ရဟန္းဝတ္ခဲ့ေလသည္။ ဘြဲ့ေတာ္မွာ ဦးကိတၱိသာရ ျဖစ္သည္။ ဦးေက်ာ္ဟိန္း ရဟန္းမဝတ္ခင္ကလည္း ေက်ာ္ဟိန္း၏ ေနာက္ဆံုးနႈတ္ဆက္ခရီးစဉ္ဟု အမည္ေပးကာ ျမန္မာနိုင္ငံ အနွံ့သို့ သြားေရာက္ခဲ့ေသးသည္။ ရဟန္းေဘာင္ဝင္၍ တရားပြဲမ်ား ျပုလုပ္ျခင္းနွင့္ ပတ္သက္၍ ေဝဖန္ေျပာဆိုမႈမ်ား ရွိခဲ့သည္။ ဘုန္းျကီးဝတ္အေနျဖင့္ စာေပမ်ားေရးေသာအခါ ကေလာင္နာမည္ ဦးကိတၱိသာရ(ေခတၱ ၃၁ ဘံု) ဟုျဖစ္သည္။ ေနာက္ဆံုး ရိုက္ကူးခဲ့ေသာ ရုပ္ရွင္ကားမွာ ျကိုးတန္း ျဖစ္သည္။

၁၉၆၇ ခုနွစ္မွ ၂၀ဝ၈ ခုနွစ္ထိ (နွစ္ေပါင္း ၄၁ နွစ္အတြင္း)ရိုက္ကူးခဲ့ေသာ ရုပ္ရွင္ ကားေပါင္း ၂၂၂ကား၊ ဗီဒီယို ကားေပါင္း ၃၆၂ကား ဆိုခဲ့တဲ့ သီခ်င္းေခြေပါင္း ၁၄ေခြ ျဖစ္သည္။

Credit:orginal
=========

ကျော်ဟိန်းသည် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ တနင်္လ࿿ာနေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျောင်းကုန်းလမ်း၌ အငြိမ်းစား ခရိုင်ရဲဝန် အဖ ဦးဂျွန်မောင်စိန် နှင့် အမိ ဒေါ်ချိုချိုတို့မှ မွေးဖွားခဲ့သည်။ ကရကဋ်ရာသီဖွားဖြစ်ပြီး ငယ်နာမည် ကျော်ကြီး။ အမည်ရင်းမှာ ကျော်ဌေး ဖြစ်သည်။ သားသမီး ခြောက်ယောက်မှာ နံပါတ် လေးယောက်မြောက်ဖြစ်သည်။ ၁၉၅၂ ခုနှစ် - ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းမှာ ပထမတန်းကနေ စတုတ္ထတန်းအထိ ကျောင်းစာသင်ကြားခဲ့သည်။(စတုတ္ထတန်း စာမေးပွဲမှာ အောင်မှတ် မပြည့်လို့ နွေရာသီကျောင်းပိတ်ရက် နှစ်လမှာ စာကျက်ပြီး စာမေးပွဲ ပြန်ဖြေရတယ်။) ၁၉၅၆ ခုနှစ် - အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံနားက ယူနစ်ကရင်ကျောင်းမှာ ပဥ္စမတန်းကို တက်ရောက်သင်ကြား။ ၁၉၅၇ ခုနှစ် -အလုံမြို့နယ်၊ ကူရှင်ကျောင်းမှာ ဆဋ္ဌဌမတန်း၊ သတ္တမတန်း (နှစ်ကြိမ်)၊ အဋ္ဌဌမတန်း၊ နဝမတန်း (နှစ်ခါကျလို့ ကျောင်းထွက်လိုက်ရ) ၁၉၆၄ ခုနှစ် -ရန်ကုန်မြို့၊ မြို့နယ်အသီးသီးရှိ အလွတ်ပညာသင်ကျောင်း (ညကျောင်းအပါအဝင်)၊ (၂၃) ကျောင်း ပြောင်းရှွေ့သင်ကြား၊ နောက်ပိုင်း ကျောင်းမနဖြေစ်တော့ဘဲ အိမ်က ၁၆ ကြိမ်ဆင်း။ အိမ်ပြေးဘဝနဲ့ လမ်းပေါ်မှာ လေလွင့်။ ၁၉၆၅ ခုနှစ် - ကမာရွတ်မြို့နယ်၊ ဒေါ်သာထက်ကျောင်းမှာ နဝမတန်း (သုံးကြိမ်မြောက်) သင်ကြားအောင်မြင်။

၁၉၆၆ ခုနှစ် - ဒဂုံမြို့နယ်၊ ဒေါ်နုနုခင် အလွတ်ပညာသင်ကျောင်းမှာ ဒသမတန်းသင်ကြား၊ သုံးလလောက်တက်ပြီးရေတပ်ထဲဝင် (ကိုယ်ပိုင်နံပါတ် ၁၂၂၀၅) ၁၉၆၇ ခုနှစ် - ရေတပ်ထဲကထွက်၊

ဒသမတန်း ပြန်ဖြေ၊ ဆယ်တန်း(ခ)နှင့်အောင် (တက္ကသိုလ်ဝင်တန်း)အထိ ပညာသင်ကြားခဲ့သည်။ ငယ်စဉ်က စိန်ဂေါ်လီဂိုဏ်းဝင် တစ်ဦးဖြစ်သည်။ ရုပ်ရှင်လောကထဲရောက်။

၁၉၇၀-ပြည့်နှစ်မှစ၍ ရုပ်ရှင်မင်းသမီး စန္ဒာနှင့်အတူ ဖူးစာလမ်းစုံ ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ ဝင်ရောက်ခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်အဖြစ် `အကာကအချစ်၊ အနှစ်ကမေတ္တာ´၊ `မွန်းတည့်ချိန်တွင် နေဝင်သည်´၊ `ပန်းမြိုင်လယ်က ဥယျာဉ်မှူး´၊ `ဝေလည်းမှွေး ကြွလေည်းမှွေး´ဇာတ်ကားများဖြင့် အကယ်ဒမီ လေးကြိမ်ရရှိခဲ့သည်။ `မွန်းတည့်ချိန်တွင် နေဝင်သည်´ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။

၁၉၇၀-ခုနှစ်တွင် ပထမဆုံး ဒါရိုက်တာလုပ်၍ သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ စိန်သို့မဟုတ်စိန် ဖြစ်သည်။ ထိုဇာတ်ကား၏ ကြော်ငြာဒီဇိုင်း၊ ပိုစတာများအားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့ပေသည်။

ဝတ္ထုတို၊ ဝတ္ထုရှည်အချို့ ရေးသားခဲ့ပြီး တေးစီးရီးအချို့ကိုလည်း သီဆိုထုတ်လုပ်ခဲ့သည်။ ရုပ်သံကြော်ငြာများတွင်လည်း သရုပ်ဆောင်ကြေး အများဆုံးရသူဖြစ်သည်။ [၁]

၂ဝဝ၈-ခုနှစ်၊ နိုဝင်ဘာ (၄)ရက်နေ့မှစ၍ ဦးကျော်ဟိန်းသည် ရုပ်ရှင်လောကက အနားယူကာ ရဟန်းဝတ်ခဲ့လေသည်။ ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်သည်။ ဦးကျော်ဟိန်း ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့သေးသည်။ ရဟန်းဘောင်ဝင်၍ တရားပွဲများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။ ဘုန်းကြီးဝတ်အနေဖြင့် စာပေများရေးသောအခါ ကလောင်နာမည် ဦးကိတ္တိသာရ(ခေတ္တ ၃၁ ဘုံ) ဟုဖြစ်သည်။ နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကားမှာ ကြိုးတန်း ဖြစ်သည်။

၁၉၆၇ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်ထိ (နှစ်ပေါင်း ၄၁ နှစ်အတွင်း)ရိုက်ကူးခဲ့သော ရုပ်ရှင် ကားပေါင်း ၂၂၂ကား၊ ဗီဒီယို ကားပေါင်း ၃၆၂ကား ဆိုခဲ့တဲ့ သီချင်းခွေပေါင်း ၁၄ခွေ ဖြစ်သည်။

Credit:orginal

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...