ပြုံးလိုက်ရင် ပါးခြိုက်လေး ခွက်ပြီး ပေါ်နေစေဖို့ သဘာဝနည်းလမ်းနဲ့ ပါးခြိုက်ဖော်မယ်


စာဖတ်သူတို့ စိတ်ဝင်ကြမယ်လို့မျှော်လင့်မိပါတယ်။ ပါးခြိုက်လေးပါတာဟာ ချစ်စရာကောင်းပါတယ်နော်။ အမျိုးသမီးတိုင်း ဒီလိုပါးခြိုက်လေးနဲ့ ချစ်စရာကောင်းတဲ့အပြုံးမျိုးကို ပိုင်ဆိုင်ချင်ကြမယ်လို့ ထင်ပါတယ်။
ပါးခြိုက်ပေါ်အောင် ဘယ်လိုလုပ်မလဲဆိုတော့
နည်းလမ်း ၁
အခုပုံမှာပြထားတဲ့အတွင်း ပါးအတွင်းဖက်ကို စုပ်ယူပီး လုပ်ပေးပါ။ တစ်နေ့ကို ၁၀ မိနစ်လောက်လုပ်ပါ။ ပုံမှန်လုပ်ပေးရင် ပြုံးလိုက်တဲ့အခါ ပါးခြိုက်လေး ဖြစ်ပေါ်လာပါလိမ့်မယ်။
ခဲတံ (သို့) ဘောပင်ကို သုံးမယ်
ခဲတံ (သို့) ဘောပင်ကိုသုံပြီး ပါးတစ်ဖက်တစ်ချက်ဆီမှာ မိနစ်အနည်းငယ်လောက် ဖိထားပေးပါတယ်။ တစ်နေ့ကို ၃ ကြိမ် ၄ ကြိမ်လောက်လုပ်ပါ။ တစ်ဖြည်းဖြည်းနဲ့ ပါးခြိုက်ပေါ်လာတယ်လို့ ခံစားရပါလိမ့်မယ်။
လက်ညိုးနဲ့လုပ်မယ်
နုတ်ခမ်းကိုစုကာ ပါးအတွင်းဖက်ကို ခြိုက်နေအောင်လုပ်ပေးပြီး လက်ညိုးနှစ်ဖက်ကို ပါးတစ်ဖက်တစ်ချက်ဆီမှာ ဖိပေးပါ။ တစ်နေ့ကို အခါ ၂၀ လောက်လုပ်ပါ။
လက်ညိုးနဲ့ နောက်တစ်နည်း
ဒီတစ်ခါတော့ နုတ်ခမ်းကိုမစုဘဲ သေချာပြုံးကာ လက်ညိုးနှစ်ဖက်ကို တစ်ဖက်တစ်ချက်ဆီ ဖိပေးထားရမှာပါ။တစ်နေ့ကို ၁၀ ကြိမ် အကြိမ် ၂၀ လောက်လုပ်ပါ။
မျက်ခုံးမွှေးဆွဲတံနဲ့ ဆွဲမယ်
မျက်ခုံးမွှေးဆွဲတံ အမဲကိုသုံးပြီး ပါးပေါ်မှာ ခြစ်လိုက်ပါ။ ပြီးရင် ပေါင်ဒါနဲ့ ပြန်ဖြည်ပါ။
ပွင့်ပွင့်လင်းလင်းပြုံးပါ
အပြည့်ဝဆုံး အပွင့်လင်းဆုံး ပြုံးပါ။ မှန်ရှေ့မှာရပ်ပြီး အပီအပြင်ပြုံးပေးပါရှင့်။

mystylemyanmar

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...