ဂိမ်း ဆော့နေရင်းနဲ့ အခုလို ဖြစ်သွားတာတဲ့..

ဒီခေတ် လူငယ် အတော်များများ ဂိမ်းဆော့ကြပါတယ်။ ဖုန်းဂိမ်း၊ ကွန်ပျူတာဂိမ်း ၊ TV ဂိမ်း မျိုးစုံဆော့ကြပါတယ်။အခုနောက်ပိုင်းပိုခေတ်စားလာတာကတော့ ကွန်ပျူတာဂိမ်း ပေါ့။ ဘာလို့လည်းဆိုတော့ သူက ဂိမ်း ထဲမှာတင်မက အပြင်မှာပါ အသင်းအဖွဲ့နှင့် ဆော့လို့ရတဲ့ ဂိမ်းတွေပါရှိနေလို့ပါဘဲ။

Dota, WOW, League of Legends အစရှိတဲ့ ဂိမ်းတွေဆို လူငယ်တွေအရမ်းအဆော့များပါတယ်။အခုတရုတ်ပြည်ကလူငယ်တစ်ယောက်ကတော့ League of Legends ဆော့နေရင်း ရှုံးသွားလို့ဆိုပြီး ဒေါသထွက်ထွက်နဲ့ မော်နီတာကြီးကို ခေါင်းနဲ့ ပြေးဆောင့်လိုက်မိပါတယ်တဲ့။
ဒါပေမယ့်လည်း ကံမကောင်းချင်တော့ အရှိန်ပါသွားတယ်ထင်ပ။ လူငယ် ရဲ့ခေါင်း ဟာ မော်နီတာ ကိုဖောက်ပြီးဝင်လို့ ခေါင်းတခြမ်းလောက်က မော်နီတာ ထဲရောက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါနဲ့ဘဲ  ဆိုင်မှာ တာဝန်ရှိတဲ့ ၀န်ထမ်းတွေကနေ ကြိုးစားပြီးတော့ အဲ့ဒီ လူငယ် ကို မော်နီတာ ထဲကနေ ခေါင်းပြန်ထွက်လာအောင် ကူညီပေးခဲ့ရတယ်လို့ သိရပါတယ်။

အမည်မဖော်ပြထားတဲ့ ဂိမ်းဆိုင် ကတော့ လူငယ် ကို ကွန်ပျူတာ ပျက်ဆီးခဲ့တာနဲ့ ပတ်သက်ပြီး လျော်ကြေးတောင်းထားတယ်လို့နောက်ဆက်တွဲသတင်းများမှာဖော်ပြပါရှိပါတယ်။
Credit: buzzy.com..

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...