သင္တို့ မသိေသးေသာ တစ္ခ်ိန္က ေအာင္ျမင္ေက်ာ္ခဲ့တဲ့ နုိင္ငံေက်ာ္သရုပ္ေဆာင္စူပါစတား ကိုသားၾကီး (ခ) ေဒြး အေၾကာင္း ...!

ေဒြး(မင္းသား)

ေဒြး

ေဒြးသည္ ႐ုပ္ရွင္သ႐ုပ္ေဆာင္၊ အဆိုေတာ္ တစ္ဦးအျဖစ္ ပရိသတ္အသိအမွတ္ျပဳ ခံရသူျဖစ္သည္။ ေဒြးကို အဖ ဦးတင္ထြန္းေမာင္ႏွင့္ အမိ ေဒၚေအးေအးသင္းတို႔ ရန္ကုန္ၿမိဳ႕တြင္ ေမြးဖြားၿပီး ေမြးခ်င္းမ်ားအနက္ သားဦး ျဖစ္သည္။ အမည္ရင္းမွာ ထင္လင္း (ခ) သားႀကီး ျဖစ္သည္။ ထင္လင္း (ေခၚ) ေဒြးသည္ Y.I.T မွ အင္ဂ်ီနီယာဘြဲ႔ရထားသူ တစ္ေယာက္ ျဖစ္သည္။ စက္မႈအင္ဂ်င္နီယာတစ္ေယာက္ ျဖစ္ေသာ ေဒြးသည္ ဘြဲ႔မရခင္ကတည္းက အႏုပညာေလာကထဲသို႔ စတင္အေျခခ်ခဲ့သည္။ သ႐ုပ္ေဆာင္ေလာကထဲသို႔ မဝင္မီက အဆိုေတာ္ ျဖစ္ခ်င္ခဲ့ပါသည္။ မေမွ်ာ္လင့္ပဲ ဦးေလးျဖစ္သူ ဦးေက်ာ္ဟိန္းေၾကာင့္ ႐ုပ္႐ွင္႐ိုက္ ျဖစ္ခဲ့ပါသည္။ ႐ုပ္႐ွင္ေလာကထဲကို နာမည္ရင္း ထင္လင္းအမည္ႏွင့္ ပထမဆံုး ဝင္႐ိုက္ခဲ့ၿပီး ေနာက္ပိုင္းတြင္ ေဒြးအမည္သို႔ေျပာင္းကာ ၁၉၉၃ ခုႏွစ္တြင္ ဒါ႐ိုက္တာ ေက်ာ္ဟိန္း၏ ဒုကၡကို အေရာင္ဆိုးတယ္ အမည္႐ွိ မူးယစ္ေဆးဝါးပညာေပး ဗီဒီယိုကားႏွင့္ ေဝလည္းေမႊး၊ ေၾကြလည္းေမႊး ႐ုပ္႐ွင္ကားမွာ ပရိတ္သတ္အသိမ်ားၿပီး စတင္ေအာင္ျမင္ခဲ့သည္။

ေဒြးသည္ မပပဝင္း (ခ) မမိုးမိုးႏွင့္ အိမ္ေထာင္က်သည္။

ေဒြးသည္ ဦးေလးျဖစ္သူ အကယ္ဒမီ ေက်ာ္ဟိန္း၏ လမ္းညႊန္ ဆြဲေခၚမႈေၾကာင့္ ႐ုပ္႐ွင္ေလာကထဲမွာ ေအာင္ျမင္ခဲ့သည္။ ဗီဒီယိုကားေပါင္းမ်ားစြာႏွင့္ ႐ုပ္႐ွင္ကားေပါင္းမ်ားစြာ ႐ိုက္ကူးခဲ့ေသာ စူပါမင္းသား တစ္ေယာက္ျဖစ္လာခဲ့သည္။ ေဒြးသည္ ၁၉၉၇-ခုႏွစ္တြင္ အေမ့ေျခရာဇာတ္ကားတြင္ အမ်ိဳးသားဇာတ္ေဆာင္ဆု အကယ္ဒမီရရွိခဲ့သည္။ ႐ုပ္႐ွင္ႀကီးေပါင္းမ်ားစြာ၊ ဗီဒီယို ကားေပါင္းမ်ားစြာ၊ ေၾကာ္ျငာမ်ားကိုလည္း ႐ိုက္ကူးခဲ့ပါသည္။ ထိုသို႔ ႐ုပ္႐ွင္ေလာကတြင္ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ခဲ့သလို ဂၤီတေလာကတြင္လည္း ေအာင္ျမင္ေနသူ တစ္ေယာက္ျဖစ္သည္။ သီခ်င္းပါင္း အပုဒ္ ၃၀ေက်ာ္ ကို သီဆိုခဲဲ့သည္။

ေဒြးကိုယ္တိုင္ ဒါ႐ိုက္တာအျဖစ္ ေနာက္ဆံုး႐ိုက္ကူးခဲ့ေသာကားမွာ `ႏွင္းဆီမိုးတိမ္´ျဖစ္သည္။

ဘ၀နိဂံုး

ေအာင္ျမင္ေနခ်ိန္တြင္ အကယ္ဒမီ ေဒြးသည္ မေမွ်ာ္လင့္ဘဲ ႏွလံုးေရာဂါႏွင့္ ၂၀၀၇ခု၊ ဇူလိုင္ ၁၁ ရက္ (ဗုဒၶဟူးေန႕) တြင္ ညေန (၅) နာရီ၌၊အမွတ္ (၃၄) (စီ)၊ ေအးသာယာလမ္း၊ ေဘာက္ေထာ္ ေနအိမ္တြင္ ႐ုတ္တရက္ ကြယ္လြန္သြားခဲ့ေလသည္။ ကြယ္လြန္ခ်ိန္တြင္ ေဒြးသည္ အသက္ (၄၂) ႏွစ္ရွိျပီ ျဖစ္သည္။
၁၈ ႏွစ္ၾကာေပါင္းသင္းခဲ့ေသာ ခ်စ္လွစြာေသာဇနီးသည္ မိုးမိုးႏွင့္ ေမြးစားသား ေဝယံမိုးတို႔ကို ထားခဲ့ၿပီး မျပန္လာႏိုင္ေတာ့တဲ့ လမ္းကိုေစာစီးစြာ ေလွ်ာက္လွမ္းသြားခဲ့သည္။ ဇူလိုင္လ (၁၀) ရက္ေန႔ မွာက်ေရာက္တဲ့ ဇနီးသည္ မမိုးမိုး၏ ေမြးေန႔အၿပီး ေနာက္တစ္ရက္တြင္ ေသဆံုးသြားျခင္းျဖစ္ပါတယ္။ သူ၏ခ်စ္ဇနီး မိုးမိုး၏ေမြးေန႔အတြက္ ေမြးေန႔လက္ေဆာင္အျဖစ္ ဘယ္ေတာ့မွမေသတဲ့ အခ်စ္သစ္ပင္ေလးႏွင့္ ဘီဒိုသံုးလံုးကို လက္ေဆာင္အျဖစ္ေပးခဲ့ပါေသးတယ္။ မကြယ္လြန္မီ တစ္ရက္က တစ္ေန႔လံုးကား႐ိုက္ၿပီး ညဘက္ျပန္ေရာက္တဲ့ အခါမွာလည္း သူကိုယ္တိုင္ တစ္ညလံုး ကားဆက္တဲ့အလုပ္ကို လုပ္ေနခဲ့ပါတယ္။ တစ္ညလံုးအလုပ္ပင္ပန္းေသာေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနေသာ ေဒြးကို ဇနီးျဖစ္သူက မႏိႈးရက္ဘဲ ဆိုင္ကိုခဏသြားေလသည္။
ေယာက်ာ္း၏ ႐ႈတင္နီးေနၿပီျဖစ္ေသာေၾကာင့္ အိမ္သို႔ျပန္လာခဲ့ရာ အိမ္ ေရာက္ေတာ့ ကိုသားႀကီးက ေမွာက္လ်က္ႀကီး အိပ္ေနေလသည္။ လက္ကိုကိုင္ၿပီးလႈပ္ႏိူးတာ မရတဲ့အတြက္ မသကၤာ၍ စိတ္ပူၿပီး ခင္ပြန္းျဖစ္သူကို ကိုယ္တိုင္ကားေမာင္း၍ ေ႐ႊဂုံတိုင္ အထူးကုေဆးခန္းကို သြားေပမယ့္ ေသၿပီဆိုတဲ့ အတည္ျပဳခ်က္သာ ရလိုက္သည္။

ထို႔ေၾကာင့္ ကိုသားႀကီးကို ျပန္သယ္လာခဲ့ၿပီး ႐ုပ္႐ွင္သ႐ုပ္ေဆာင္ ေက်ာ္သူကိုယ္တိုင္ ကားေမာင္း၍ ေရေဝးအေအးတိုက္သို႔ ပို႔ေဆာင္ခဲ့ပါသည္။ ဇူလိႈင္ ၁၃ရက္ မနက္ ၄နာရီမွာ ေနအိမ္တြင္ ပင့္သံဃာေတာ္ အ႐ွင္သူျမတ္မ်ားထံမွ သီလခံယူကာ ေရစက္ခ်အမွ်ေ၀ခဲ့ပါတယ္။
ထို႔ေနာက္ မနက္ ၅း၀၀ နာရီတြင္ ေရေဝးအေအးတိုက္ မွတစ္ဆင့္ ေရေဝးသုႆန္တြင္ မီးသၿဂိဳဟ္ခဲ့ရာ ေခ်ာင္းဝ ဆရာေတာ္ဘုရားႀကီးကိုယ္တိုင္ၾကြေရာက္္ကိုလည္း ေတြ႔ရပါတယ္။ ေဒြးရဲ႔ အႏုပညာေမာင္ႏွမမ်ားျဖစ္တဲ့ နႏၵာလိူင္၊ အိျႏၵာေက်ာ္ဇင္၊ စိုးျမတ္နႏၵာ၊ ပုလဲဝင္း၊ ဆု႐ႊန္းလဲ့၊ ေမနန္းေခါင္၊ ေမထြဋ္ေခါင္၊ သက္မြန္ျမင့္၊ ေအးဝတ္ရည္ေသာင္း၊ ႏွင္းဝတ္ရည္ေသာင္း၊ ေမာင္မ်ိဳးမင္း၊ ခိုင္သင္းၾကည္၏ခင္ပြန္း ကိုခန္႔ႏိုင္ႏွင့္ မိခင္ႀကီး၊ ဒါ႐ိုက္တာေမာင္ေဗဒါ၊ ႏြဲ႔ႏြဲ႔စန္းႏွင့္ အေမမ်ားအဖြဲ႔၊ စိုင္းစိုင္းခမ္းလိူင္ ႏွင့္ အျခားအႏုပညာသည္မ်ားကလည္း ဝမ္းနည္းပူေဆြးစြာျဖင့္ ေဒြး၏ေနာက္ဆံုးခရီးကို လိုက္ပါပို႔ေဆာင္ၾကပါတယ္။ မိုးမိုး၏ ေယာက်ာ္းအတြက္ အသည္းပံုလြမ္းသူပန္းေခြ၊ မ်ိဳးႀကီးရဲ႔ D ပံုစံလြမ္းသူပန္းေခြ၊ အိျႏၵာေက်ာ္ဇင္၊ ဒါဒါ၊ စိုးျမတ္သူဇာ၊ ဖိုးေက်ာ္၊ ႏွင့္ ႐ုပ္႐ွင္ေလာကေရာ၊ ဂီတေလာက ကပါပို႔ေပးထားတဲ့ ပန္းစည္းေတြ၊ ပန္းျခင္းေတြ၊ မိတ္ေဆြမ်ားရဲ႔ ပန္းျခင္းေတြကလည္း မ်က္စိတဆံုး မ်ားျပားလွပါတယ္။ အားလံုးရဲ႔ ဝမ္းနဲပူေဆြးမႈ၊ ႏွေျမာတသ ယူက်ံဳးမရမႈ၊ မယံုၾကည္မႈေတြက ေဒြးေပ်ာက္ကြယ္ၿပီး မိုးခိုးေငြ႔ ျဖစ္သြားတဲ့အထိ က်န္႐ွိေနစဲပါ။ ကိုသားႀကီးကေတာ့ မသိႏိုင္႐ွာေတာ့ပဲ သူခ်စ္တဲ့မိသားစု၊ သူ႔ကိုခ်စ္တဲ့ သူ႔ခ်စ္ပရိတ္သတ္ႀကီးေတြကို ထားခဲ့ကာ ေစာစီးစြာ ႏႈတ္မဆက္ပဲ ထြက္ခြာသြားခဲ့ပါတယ္။

ေဒြး၏အ႐ိုးျပာကို ျပန္လည္သယ္ေဆာင္လာၿပီး ေခ်ာင္းဝဘုန္းႀကီးေက်ာင္း၌ လြမ္းေစတီတည္ဖို႔ ရည္႐ြယ္ထားပါတယ္။ ဇူလိုင္ ၁၇ ရက္တြင္၊ ေဒြးေသဆံုးျခင္း တစ္ပတ္ျပည္႕ ရက္လည္အတြက္ မစၥိမာ႐ံုေက်ာင္း ဆရာေတာ္အား ဆြမ္းေကၽြးးၿပီး ေရစက္ခ် အမွ်ေပးေဝခဲ့ပါတယ္။ ထို႔အျပင္ မည္သူမဆို္ ဝင္ေရာက္စားႏိုင္ၿပီး၊ ေဒြး ေနာက္ဆံုး႐ိုက္ခဲ့တဲ့ အလွဓါတ္ပံုမ်ားကို အမွတ္တရ ေဝေပးခဲ့ရာ ပံုေပါင္း (၄၀၀၀၀) ေက်ာ္ခဲ့ပါတယ္။
Image may contain: 1 person, indoor
ကိုသားႀကီး (ခ) ေဒြး၏ ပံုတူ ႐ုပ္ထုႏွင့္ သူရ႐ွိခဲ့ေသာ အကယ္ဒမီေ႐ႊစင္ဆုကို သူေဆာက္လုပ္လွဴဒါန္းခဲ့ေသာ ေခ်ာင္းဝဘုန္းႀကီးေက်ာင္း႐ွိ အကယ္ဒမီေက်ာင္း၌ အမွတ္တရထား႐ွိထားပါတယ္။
 Image may contain: 2 people, people standing
ကိုသားႀကီးရဲ႕ ေနာက္ဆံုး႐ိုက္လက္စ ကားေလးက ဒါ႐ိုက္တာ ခ်ိဳတူးေဇာ္ ႐ိုက္တဲ့ `ကမၻာတစ္ျခမ္းည´ဆိုတဲ့ ဇာတ္ကားေလးပါ။ ဒီကားထဲမွာ ကိုသားႀကီး၊ မတင့္၊ ဆု႐ႊန္းလဲ့ တို႔ ပါဝင္ၿပီး ဒီကားေလးကို အဆံုးမသတ္ခင္ ေသဆံုးသြားခဲ့တဲ့အတြက္ အားလံုးက စိတ္မေကာင္းႀကီးစြာ က႐ုဏာ ျဖစ္ၾကရပါတယ္လို႔ သိရပါတယ္။ ထို႔အျပင္ ႐ိုက္ရန္ကမ္းလွမ္းထားေသာ ကားမ်ားလည္း ႐ွိပါေသးတယ္။ ညီျဖစ္သူ သားညီနဲ႔လည္း အေခြထုတ္ၾကဖို႕ စီစဥ္ေနတုန္းျဖစ္ေၾကာင္း သိရပါတယ္။ သူ၏ ဆႏၵေတြ အေကာင္အထည္ မေဖာ္ရေသးခင္အခ်ိန္၊ သူရဲ႕ ပရိတ္သတ္မ်ားကို အႏုပညာျဖင့္ ေပးဆပ္ရင္း၊ အႏုပညာလုပ္ငန္းကို တစိုက္မတ္မတ္လုပ္ကိုင္ရင္း အားလံုးကို ေစာစီးစြာ ေက်ာခိုင္းသြားပါတယ္။ လင္းလက္ေနတဲ့ ျပည္သူခ်စ္တဲ့ အႏုပညာ ၾကယ္တစ္ပြင့္ ေၾကြက်သြားခဲ့ရပါတယ္။

ပန္းခ်ီလက္ရာ
ေဒြး မကြယ္လြန္ခင္ ဆြဲခဲ့ေသာ ပန္းခ်ီလက္ရာမ်ားအား ေဒြးကြယ္လြန္သည့္ (၂)ႏွစ္ျပည့္ အမွတ္တရအျဖစ္ ရန္ကုန္ၿမိဳ့ ၃၄ လမ္းရွိ Azada ခန္းမ၌ ၂၀၀၉ ဇြန္လ ၁ ရက္ေန႔မွ စတင္၍ ၅ ရက္ ျပသေရာင္းခ်သည္။ ေဒြး၏ လက္ရာ ၁၁ ကားရွိၿပီး ရသည့္ေငြကို စာနယ္ဇင္း ရန္ပံုေငြအျဖစ္ လွဴဒါန္းသြားသည္။ 

Credit: ေက်ာ္သီဟ(မွတ္စုမ်ား)
ဒွေး(မင်းသား)

ဒွေး

ဒွေးသည် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် တစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြု ခံရသူဖြစ်သည်။ ဒွေးကို အဖ ဦးတင်ထွန်းမောင်နှင့် အမိ ဒေါ်အေးအေးသင်းတို့ ရန်ကုန်မြို့တွင် မွေးဖွားပြီး မွေးချင်းများအနက် သားဦး ဖြစ်သည်။ အမည်ရင်းမှာ ထင်လင်း (ခ) သားကြီး ဖြစ်သည်။ ထင်လင်း (ခေါ်) ဒွေးသည် Y.I.T မှ အင်ဂျီနီယာဘွဲ့ရထားသူ တစ်ယောက် ဖြစ်သည်။ စက်မှုအင်ဂျင်နီယာတစ်ယောက် ဖြစ်သော ဒွေးသည် ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲသို့ စတင်အခြေချခဲ့သည်။ သရုပ်ဆောင်လောကထဲသို့ မဝင်မီက အဆိုတော် ဖြစ်ချင်ခဲ့ပါသည်။ မမျှော်လင့်ပဲ ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကြောင့် ရုပ်ရှင်ရိုက် ဖြစ်ခဲ့ပါသည်။ ရုပ်ရှင်လောကထဲကို နာမည်ရင်း ထင်လင်းအမည်နှင့် ပထမဆုံး ဝင်ရိုက်ခဲ့ပြီး နောက်ပိုင်းတွင် ဒွေးအမည်သို့ပြောင်းကာ ၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာ ကျော်ဟိန်း၏ ဒုက္ခကို အရောင်ဆိုးတယ် အမည်ရှိ မူးယစ်ဆေးဝါးပညာပေး ဗီဒီယိုကားနှင့် ဝေလည်းမွှေး၊ ကြွေလည်းမွှေး ရုပ်ရှင်ကားမှာ ပရိတ်သတ်အသိများပြီး စတင်အောင်မြင်ခဲ့သည်။

ဒွေးသည် မပပဝင်း (ခ) မမိုးမိုးနှင့် အိမ်ထောင်ကျသည်။

ဒွေးသည် ဦးလေးဖြစ်သူ အကယ်ဒမီ ကျော်ဟိန်း၏ လမ်းညွှန် ဆွဲခေါ်မှုကြောင့် ရုပ်ရှင်လောကထဲမှာ အောင်မြင်ခဲ့သည်။ ဗီဒီယိုကားပေါင်းများစွာနှင့် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့သော စူပါမင်းသား တစ်ယောက်ဖြစ်လာခဲ့သည်။ ဒွေးသည် ၁၉၉၇-ခုနှစ်တွင် အမေ့ခြေရာဇာတ်ကားတွင် အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီရရှိခဲ့သည်။ ရုပ်ရှင်ကြီးပေါင်းများစွာ၊ ဗီဒီယို ကားပေါင်းများစွာ၊ ကြော်ငြာများကိုလည်း ရိုက်ကူးခဲ့ပါသည်။ ထိုသို့ ရုပ်ရှင်လောကတွင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို င်္ဂီတလောကတွင်လည်း အောင်မြင်နေသူ တစ်ယောက်ဖြစ်သည်။ သီချင်းပါင်း အပုဒ် ၃၀ကျော် ကို သီဆိုခဲ့သည်။

ဒွေးကိုယ်တိုင် ဒါရိုက်တာအဖြစ် နောက်ဆုံးရိုက်ကူးခဲ့သောကားမှာ `နှင်းဆီမိုးတိမ်´ဖြစ်သည်။

ဘဝနိဂုံး

အောင်မြင်နေချိန်တွင် အကယ်ဒမီ ဒွေးသည် မမျှော်လင့်ဘဲ နှလုံးရောဂါနှင့် ၂၀၀၇ခု၊ ဇူလိုင် ၁၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် ညနေ (၅) နာရီ၌၊အမှတ် (၃၄) (စီ)၊ အေးသာယာလမ်း၊ ဘောက်ထော် နေအိမ်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဒွေးသည် အသက် (၄၂) နှစ်ရှိပြီ ဖြစ်သည်။
၁၈ နှစ်ကြာပေါင်းသင်းခဲ့သော ချစ်လှစွာသောဇနီးသည် မိုးမိုးနှင့် မွေးစားသား ဝေယံမိုးတို့ကို ထားခဲ့ပြီး မပြန်လာနိုင်တော့တဲ့ လမ်းကိုစောစီးစွာ လျှောက်လှမ်းသွားခဲ့သည်။ ဇူလိုင်လ (၁၀) ရက်နေ့ မှာကျရောက်တဲ့ ဇနီးသည် မမိုးမိုး၏ မွေးနေ့အပြီး နောက်တစ်ရက်တွင် သေဆုံးသွားခြင်းဖြစ်ပါတယ်။ သူ၏ချစ်ဇနီး မိုးမိုး၏မွေးနေ့အတွက် မွေးနေ့လက်ဆောင်အဖြစ် ဘယ်တော့မှမသေတဲ့ အချစ်သစ်ပင်လေးနှင့် ဘီဒိုသုံးလုံးကို လက်ဆောင်အဖြစ်ပေးခဲ့ပါသေးတယ်။ မကွယ်လွန်မီ တစ်ရက်က တစ်နေ့လုံးကားရိုက်ပြီး ညဘက်ပြန်ရောက်တဲ့ အခါမှာလည်း သူကိုယ်တိုင် တစ်ညလုံး ကားဆက်တဲ့အလုပ်ကို လုပ်နေခဲ့ပါတယ်။ တစ်ညလုံးအလုပ်ပင်ပန်းသောကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ဒွေးကို ဇနီးဖြစ်သူက မနှိုးရက်ဘဲ ဆိုင်ကိုခဏသွားလေသည်။
ယောကျာ်း၏ ရှုတင်နီးနေပြီဖြစ်သောကြောင့် အိမ်သို့ပြန်လာခဲ့ရာ အိမ် ရောက်တော့ ကိုသားကြီးက မှောက်လျက်ကြီး အိပ်နေလေသည်။ လက်ကိုကိုင်ပြီးလှုပ်နိူးတာ မရတဲ့အတွက် မသင်္ကာ၍ စိတ်ပူပြီး ခင်ပွန်းဖြစ်သူကို ကိုယ်တိုင်ကားမောင်း၍ ရွှေဂုံတိုင် အထူးကုဆေးခန်းကို သွားပေမယ့် သေပြီဆိုတဲ့ အတည်ပြုချက်သာ ရလိုက်သည်။

ထို့ကြောင့် ကိုသားကြီးကို ပြန်သယ်လာခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ကျော်သူကိုယ်တိုင် ကားမောင်း၍ ရေဝေးအအေးတိုက်သို့ ပို့ဆောင်ခဲ့ပါသည်။ ဇူလှိုင် ၁၃ရက် မနက် ၄နာရီမှာ နေအိမ်တွင် ပင့်သံဃာတော် အရှင်သူမြတ်များထံမှ သီလခံယူကာ ရေစက်ချအမျှဝေခဲ့ပါတယ်။ 

ထို့နောက် မနက် ၅း၀၀ နာရီတွင် ရေဝေးအအေးတိုက် မှတစ်ဆင့် ရေဝေးသုဿန်တွင် မီးသဂြိုဟ်ခဲ့ရာ ချောင်းဝ ဆရာတော်ဘုရားကြီးကိုယ်တိုင်ကြွရောက်ကိုလည်း တွေ့ရပါတယ်။ ဒွေးရဲ့ အနုပညာမောင်နှမများဖြစ်တဲ့ နန္ဒာလိူင်၊ အိန္ဒြာကျော်ဇင်၊ စိုးမြတ်နန္ဒာ၊ ပုလဲဝင်း၊ ဆုရွှန်းလဲ့၊ မေနန်းခေါင်၊ မေထွဋ်ခေါင်၊ သက်မွန်မြင့်၊ အေးဝတ်ရည်သောင်း၊ နှင်းဝတ်ရည်သောင်း၊ မောင်မျိုးမင်း၊ ခိုင်သင်းကြည်၏ခင်ပွန်း ကိုခန့်နိုင်နှင့် မိခင်ကြီး၊ ဒါရိုက်တာမောင်ဗေဒါ၊ နွဲ့နွဲ့စန်းနှင့် အမေများအဖွဲ့၊ စိုင်းစိုင်းခမ်းလိူင် နှင့် အခြားအနုပညာသည်များကလည်း ဝမ်းနည်းပူဆွေးစွာဖြင့် ဒွေး၏နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ကြပါတယ်။ မိုးမိုး၏ ယောကျာ်းအတွက် အသည်းပုံလွမ်းသူပန်းခွေ၊ မျိုးကြီးရဲ့ D ပုံစံလွမ်းသူပန်းခွေ၊ အိန္ဒြာကျော်ဇင်၊ ဒါဒါ၊ စိုးမြတ်သူဇာ၊ ဖိုးကျော်၊ နှင့် ရုပ်ရှင်လောကရော၊ ဂီတလောက ကပါပို့ပေးထားတဲ့ ပန်းစည်းတွေ၊ ပန်းခြင်းတွေ၊ မိတ်ဆွေများရဲ့ ပန်းခြင်းတွေကလည်း မျက်စိတဆုံး များပြားလှပါတယ်။ အားလုံးရဲ့ ဝမ်းနဲပူဆွေးမှု၊ နှမြောတသ ယူကျုံးမရမှု၊ မယုံကြည်မှုတွေက ဒွေးပျောက်ကွယ်ပြီး မိုးခိုးငွေ့ ဖြစ်သွားတဲ့အထိ ကျန်ရှိနေစဲပါ။ ကိုသားကြီးကတော့ မသိနိုင်ရှာတော့ပဲ သူချစ်တဲ့မိသားစု၊ သူ့ကိုချစ်တဲ့ သူ့ချစ်ပရိတ်သတ်ကြီးတွေကို ထားခဲ့ကာ စောစီးစွာ နှုတ်မဆက်ပဲ ထွက်ခွာသွားခဲ့ပါတယ်။

ဒွေး၏အရိုးပြာကို ပြန်လည်သယ်ဆောင်လာပြီး ချောင်းဝဘုန်းကြီးကျောင်း၌ လွမ်းစေတီတည်ဖို့ ရည်ရွယ်ထားပါတယ်။ ဇူလိုင် ၁၇ ရက်တွင်၊ ဒွေးသေဆုံးခြင်း တစ်ပတ်ပြည့် ရက်လည်အတွက် မစ္စိမာရုံကျောင်း ဆရာတော်အား ဆွမ်းကျွေးးပြီး ရေစက်ချ အမျှပေးဝေခဲ့ပါတယ်။ ထို့အပြင် မည်သူမဆို ဝင်ရောက်စားနိုင်ပြီး၊ ဒွေး နောက်ဆုံးရိုက်ခဲ့တဲ့ အလှဓါတ်ပုံများကို အမှတ်တရ ဝေပေးခဲ့ရာ ပုံပေါင်း (၄၀၀၀၀) ကျော်ခဲ့ပါတယ်။

ကိုသားကြီး (ခ) ဒွေး၏ ပုံတူ ရုပ်ထုနှင့် သူရရှိခဲ့သော အကယ်ဒမီရွှေစင်ဆုကို သူဆောက်လုပ်လှူဒါန်းခဲ့သော ချောင်းဝဘုန်းကြီးကျောင်းရှိ အကယ်ဒမီကျောင်း၌ အမှတ်တရထားရှိထားပါတယ်။

ကိုသားကြီးရဲ့ နောက်ဆုံးရိုက်လက်စ ကားလေးက ဒါရိုက်တာ ချိုတူးဇော် ရိုက်တဲ့ `ကမ္ဘာတစ်ခြမ်းည´ဆိုတဲ့ ဇာတ်ကားလေးပါ။ ဒီကားထဲမှာ ကိုသားကြီး၊ မတင့်၊ ဆုရွှန်းလဲ့ တို့ ပါဝင်ပြီး ဒီကားလေးကို အဆုံးမသတ်ခင် သေဆုံးသွားခဲ့တဲ့အတွက် အားလုံးက စိတ်မကောင်းကြီးစွာ ကရုဏာ ဖြစ်ကြရပါတယ်လို့ သိရပါတယ်။ ထို့အပြင် ရိုက်ရန်ကမ်းလှမ်းထားသော ကားများလည်း ရှိပါသေးတယ်။ ညီဖြစ်သူ သားညီနဲ့လည်း အခွေထုတ်ကြဖို့ စီစဉ်နေတုန်းဖြစ်ကြောင်း သိရပါတယ်။ သူ၏ ဆန္ဒတွေ အကောင်အထည် မဖော်ရသေးခင်အချိန်၊ သူရဲ့ ပရိတ်သတ်များကို အနုပညာဖြင့် ပေးဆပ်ရင်း၊ အနုပညာလုပ်ငန်းကို တစိုက်မတ်မတ်လုပ်ကိုင်ရင်း အားလုံးကို စောစီးစွာ ကျောခိုင်းသွားပါတယ်။ လင်းလက်နေတဲ့ ပြည်သူချစ်တဲ့ အနုပညာ ကြယ်တစ်ပွင့် ကြွေကျသွားခဲ့ရပါတယ်။

ပန်းချီလက်ရာ

ဒွေး မကွယ်လွန်ခင် ဆွဲခဲ့သော ပန်းချီလက်ရာများအား ဒွေးကွယ်လွန်သည့် (၂)နှစ်ပြည့် အမှတ်တရအဖြစ် ရန်ကုန်မြို့ ၃၄ လမ်းရှိ Azada ခန်းမ၌ ၂၀၀၉ ဇွန်လ ၁ ရက်နေ့မှ စတင်၍ ၅ ရက် ပြသရောင်းချသည်။ ဒွေး၏ လက်ရာ ၁၁ ကားရှိပြီး ရသည့်ငွေကို စာနယ်ဇင်း ရန်ပုံငွေအဖြစ် လှူဒါန်းသွားသည်။

Credit: ကျော်သီဟ(မှတ်စုများ)
Image may contain: 1 person, indoor

 Image may contain: 2 people, people standing

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...