မိန္းကေလးေတြကို အခ်ိဳပြဲအျဖစ္ပြဲေတာ္တည္ေလ့ရွိတဲ့ အရာရွိေတြရဲ႕ ဓေလ့ ေပၚထြက္လာ

ေဒသခံအရာရွိ ဘြန္ယာရစ္ နီပါဗန္နစ္ အလုပ္လုပ္ကိုင္ရာ မယ္ေဟာင္ေဆာင္ျပည္နယ္ကို ထုိင္းအရာရွိခပ္ႀကီးႀကီးေတြ လာရင္ ဧည့္၀တ္ျပဳေနက်ပံုစံက တစ္ပံုစံတည္းပါပဲ။ သူတုိ႔ကို အေကာင္းဆံုး အစားအေသာက္ေတြနဲ႔ ေကြ်းေမြးမယ္။ ၿပီးရင္ အခ်ိဳပြဲအျဖစ္ ဆယ္ေက်ာ္သက္မိန္းကေလးေတြကို ေခၚထုတ္လာမယ္။ မၾကာေသးမီအခ်ိန္ကအထိ အသက္မျပည့္တဲ့မိန္းကေလးေတြကို ပြဲေတာ္တည္ေလ့ရွိတဲ့ဓေလ့ဟာ လူသိမ်ားေပမယ့္ ပြင့္ပြင့္လင္းလင္း ထုတ္မေျပာခဲ့ၾကပါဘူး။

ဒါေပမယ့္ ဘြန္ယာရစ္ရဲ႕ ျပည္နယ္မွာ ဆယ္ေက်ာ္သက္ေတြ၊ ရဲေတြနဲ႔ တာ၀န္ရွိသူေတြပါ၀င္တဲ့ လူကုန္ကူးမႈက ႏုိင္ငံ့ သတင္းစာမ်က္နွာထက္ကို ေရာက္ရွိသြားၿပီးေနာက္ ႏုိင္ငံအတြင္း နာမည္ဆုိးနဲ႔ေက်ာ္ၾကားတဲ့ လူကုန္ကူးမႈဓေလ့ကို နွိမ္နင္းေပးဖို႔ တုိက္တြန္းသံေတြ ထြက္လာခဲ့ပါတယ္။

ထုိင္းဟာ ႏုိ္င္ငံျခားသားေတြကို အေသြးအသားနဲ႔ေဖ်ာ္ေျဖတဲ့ မီးနီနီရပ္ကြက္ေတြေၾကာင့္ တကမၻာလံုးမွာ ေက်ာ္ၾကားေပမယ့္ သူ႔ရဲ႕က်ယ္ျပန္႔တဲ့ လိင္ေဖ်ာ္ေျဖေရးလုပ္ငန္းက ေဒသခံေတြကို အဓိကထားပါတယ္။
“ဒီဓေလ့က ဟိုးအရင္ကတည္းက အမ်ားအျပားျဖစ္ေနတာ” လုိ႔ မယ္ေဟာင္ေဆာင္က ခရိုင္တာ၀န္ရွိသူတစ္ဦးျဖစ္တဲ့ ဘြန္ယာရစ္က ရွင္းျပပါတယ္။

“အႀကီးတန္းအရာရွိေတြ နွီးေႏွာဖလွယ္ပြဲတုိ႔၊ အလုပ္ခရီးစဥ္တုိ႔နဲ႔ ေရာက္လာရင္ သူတုိ႔ကို ျပဳစုဖုိ႔ ဓေလ့ရွိတယ္။ သေဘာက သူတုိ႔နဲ႔ အစားအေသာက္န႔ဲ ဧည့္ခံၿပီးရင္ ဖ်ာခင္းေပးရတယ္။ အဓိပၸါယ္က ေကာင္မေလးေတြကို ေခၚေပးရတယ္”လုိ႔ သူက ေအအက္ဖ္ပီကို ေျပာပါတယ္။

“တစ္ခါတေလ ကြ်န္ေတာ္တုိ႔က သူတုိ႔ ဘယ္လိုမိန္းကေလးမ်ိဳး ႀကိဳက္တတ္သလဲဆုိတဲ့ အခ်က္အလက္ေတြကို ရထားတယ္။ တစ္ခါတေလ အရာရွိႀကီးေတြ ေရြးဖုိ႔အတြက္ မိန္းကေလး ၅ ေယာက္ကေန ၁၀ ေယာက္အထိ ျပင္ဆင္ထားရတယ္”

ဘြန္ယာရစ္ဟာ အခုအခ်ိန္မွာေတာ့ ဒီကိစၥကို ေပါ့ေပါ့ပါးပါး ေျပာႏုိင္ပါၿပီ။ အေၾကာင္းကေတာ့ စံုေထာက္ေတြက သူ႔ျပည္နယ္ထဲက ရဲေတြလုပ္ကိုင္ေနတဲ့ ျပည့္တန္ဆာကြန္ရက္တစ္ခုကို အမႈ ၄၁ မႈဖြင့္ထားလုိ႔ ျဖစ္ပါတယ္။
နစ္နာသူတစ္ဦးရဲ႕ မိခင္က ဘန္ေကာက္ကို ထြက္ေျပးလာၿပီး သူ႔ရဲ႕ ၁၇ နွစ္အရြယ္ သမီးနဲ႔ တျခားဆယ္ေက်ာ္သက္ မိန္းကေလးေတြကို ၿခိမ္းေျခာက္ၿပီး လိင္လုပ္သားလုပ္ခုိင္းခဲ့ၿပီးေနာက္ ရဲေတြ၊ အရာရွိေတြကို အတင္း အက်ပ္ေဖ်ာ္ေျဖ ခုိင္းခဲ့တယ္လုိ႔ မီဒီယာကို ေျပာၿပီးေနာက္ စံုစမ္းစစ္ေဆးမႈ ေပၚထြက္လာခဲ့ပါတယ္။

နစ္နာသူတခ်ိဳ႕ကို လူဆုိးဂုိဏ္းဆရာႀကီးေတြက ဇီးကြက္တက္တူးေတြ ထုိးေပးထားၿပီး သူတုိ႔မွာ ပို္င္ရွင္ရိွတယ္ဆုိတဲ့ အမွတ္အသားျဖစ္ေၾကာင္း မိခင္ျဖစ္သူက ဆုိပါတယ္။ စာနယ္ဇင္းရဲ႕ ဖိအားေပးမႈေၾကာင့္ အမ်ိဳးသားရဲတပ္ဖြဲ႕ဟာ မိန္းကေလးေတြကုိ ျပည့္တန္ဆာဂုိဏ္းထဲ ထည့္သြင္းတဲ့ မယ္ေဟာင္ေဆာင္ျပည္နယ္ရဲတပ္ၾကပ္တစ္ဦးကို ဖမ္းဆီးခဲ့ၿပီး အသက္မျပည့္သူမိန္းကေလးေတြနဲ႔ အိပ္ခဲ့တဲ့ တျခားအရာရွိ ၈ ဦးကိုလည္း အေရးယူခဲ့ပါတယ္။

အလယ္ပုိင္း ႏြန္သာဘူရိျပည္နယ္က အစိုးရအရာရွိ ၅ ဦးဟာလည္း မယ္ေဟာင္ေဆာင္ကို အလုပ္ကိစၥနဲ႔ လာေရာက္ခ်ိန္ ဆယ္ေက်ာ္သက္ေတြကို အစုိးရဘ႑ာေငြနဲ႔ ငွားရမ္းမႈနဲ႔ စြဲခ်က္တင္ခံထားရပါတယ္။
“ဒီသတင္းထြက္လာၿပီးေနာက္ပိုင္း ကြ်န္ေတာ္တုိ႔ ဒီလုိမ်ိဳး လုပ္စရာမလုိေတာ့လုိ႔ အရာရွိေတြလည္း စိတ္သက္သာရာ ရတယ္”လုိ႔ ဘြန္ယာရစ္က ေျပာျပပါတယ္။

ဒါေပမယ့္ ဒီဓေလ့ဟာ မယ္ေဟာင္ေဆာင္တစ္ခုတည္းမွာ ျဖစ္ေနတာမဟုတ္ပါဘူး။ လူကုန္ကူးမႈတုိက္ဖ်က္ေရးအရာရွိေတြက ဒီဓေလ့ဟာ လက္ေအာက္ငယ္သားေတြက အထက္လူႀကီးေတြကို မ်က္နွာလုပ္ရတဲ့ အစုိးရနယ္ ပယ္မွာေရာ၊ ပုဂၢလိကနယ္ပယ္မွာပါ ပ်ံ႕နွံ႔ထြန္းကားေနေၾကာင္း ေျပာပါတယ္။

“ျဗဴရုိကေရစီမွာ အရည္အခ်င္းရွိရင္ရွိသလုိ မတက္ဘူး။ အထက္လူႀကီးေတြကို ကြ်န္မတုိ႔က လာဘ္ထုိးရတယ္” လိ႔ု လူမႈေရးရာေတြကို ေရးသားေနတဲ့ ထုိင္းေဆာင္းပါးရွင္ လကၡဏာပန္၀ီခ်ိဳင္က ေျပာပါတယ္။
အထက္လူႀကီးေတြအတြက္ ေသြးသားေဖ်ာ္ေျဖဖုိ႔ စီစဥ္ေပးတဲ့ ဓေလ့ဟာ မိန္းကေလးေတြကို လူအျဖစ္ မျမင္ဘဲ ပုိင္ဆုိင္ပစၥည္းအျဖစ္ ျမင္တဲ့ဓေလ့ကေန လာတယ္လုိ႔ သူက ဆက္ေျပာပါတယ္။
“သူက လက္ေဆာင္ပဲ။ သူက အစားအစာတုိ႔၊ အ၀တ္အထည္လွလွေလးတုိ႔လုိပဲ တန္ဖုိးျဖတ္ႏုိင္တဲ့ အရာတစ္ခုပဲ”

Credit:Kumudra News

Unicode
ဒေသခံအရာရှိ ဘွန်ယာရစ် နီပါဗန်နစ် အလုပ်လုပ်ကိုင်ရာ မယ်ဟောင်ဆောင်ပြည်နယ်ကို ထိုင်းအရာရှိခပ်ကြီးကြီးတွေ လာရင် ဧည့်ဝတ်ပြုနေကျပုံစံက တစ်ပုံစံတည်းပါပဲ။ သူတို့ကို အကောင်းဆုံး အစားအသောက်တွေနဲ့ ကျွေးမွေးမယ်။ ပြီးရင် အချိုပွဲအဖြစ် ဆယ်ကျော်သက်မိန်းကလေးတွေကို ခေါ်ထုတ်လာမယ်။ မကြာသေးမီအချိန်ကအထိ အသက်မပြည့်တဲ့မိန်းကလေးတွေကို ပွဲတော်တည်လေ့ရှိတဲ့ဓလေ့ဟာ လူသိများပေမယ့် ပွင့်ပွင့်လင်းလင်း ထုတ်မပြောခဲ့ကြပါဘူး။

ဒါပေမယ့် ဘွန်ယာရစ်ရဲ့ ပြည်နယ်မှာ ဆယ်ကျော်သက်တွေ၊ ရဲတွေနဲ့ တာဝန်ရှိသူတွေပါဝင်တဲ့ လူကုန်ကူးမှုက နိုင်ငံ့ သတင်းစာမျက်နှာထက်ကို ရောက်ရှိသွားပြီးနောက် နိုင်ငံအတွင်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူကုန်ကူးမှုဓလေ့ကို နှိမ်နင်းပေးဖို့ တိုက်တွန်းသံတွေ ထွက်လာခဲ့ပါတယ်။

ထိုင်းဟာ နိ်ုင်ငံခြားသားတွေကို အသွေးအသားနဲ့ဖျော်ဖြေတဲ့ မီးနီနီရပ်ကွက်တွေကြောင့် တကမ္ဘာလုံးမှာ ကျော်ကြားပေမယ့် သူ့ရဲ့ကျယ်ပြန့်တဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းက ဒေသခံတွေကို အဓိကထားပါတယ်။
“ဒီဓလေ့က ဟိုးအရင်ကတည်းက အများအပြားဖြစ်နေတာ” လို့ မယ်ဟောင်ဆောင်က ခရိုင်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဘွန်ယာရစ်က ရှင်းပြပါတယ်။

“အကြီးတန်းအရာရှိတွေ နှီးနှောဖလှယ်ပွဲတို့၊ အလုပ်ခရီးစဉ်တို့နဲ့ ရောက်လာရင် သူတို့ကို ပြုစုဖို့ ဓလေ့ရှိတယ်။ သဘောက သူတို့နဲ့ အစားအသောက်နဲ့ ဧည့်ခံပြီးရင် ဖျာခင်းပေးရတယ်။ အဓိပ္ပါယ်က ကောင်မလေးတွေကို ခေါ်ပေးရတယ်”လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။

“တစ်ခါတလေ ကျွန်တော်တို့က သူတို့ ဘယ်လိုမိန်းကလေးမျိုး ကြိုက်တတ်သလဲဆိုတဲ့ အချက်အလက်တွေကို ရထားတယ်။ တစ်ခါတလေ အရာရှိကြီးတွေ ရွေးဖို့အတွက် မိန်းကလေး ၅ ယောက်ကနေ ၁၀ ယောက်အထိ ပြင်ဆင်ထားရတယ်”

ဘွန်ယာရစ်ဟာ အခုအချိန်မှာတော့ ဒီကိစ္စကို ပေါ့ပေါ့ပါးပါး ပြောနိုင်ပါပြီ။ အကြောင်းကတော့ စုံထောက်တွေက သူ့ပြည်နယ်ထဲက ရဲတွေလုပ်ကိုင်နေတဲ့ ပြည့်တန်ဆာကွန်ရက်တစ်ခုကို အမှု ၄၁ မှုဖွင့်ထားလို့ ဖြစ်ပါတယ်။
နစ်နာသူတစ်ဦးရဲ့ မိခင်က ဘန်ကောက်ကို ထွက်ပြေးလာပြီး သူ့ရဲ့ ၁၇ နှစ်အရွယ် သမီးနဲ့ တခြားဆယ်ကျော်သက် မိန်းကလေးတွေကို ခြိမ်းခြောက်ပြီး လိင်လုပ်သားလုပ်ခိုင်းခဲ့ပြီးနောက် ရဲတွေ၊ အရာရှိတွေကို အတင်း အကျပ်ဖျော်ဖြေ ခိုင်းခဲ့တယ်လို့ မီဒီယာကို ပြောပြီးနောက် စုံစမ်းစစ်ဆေးမှု ပေါ်ထွက်လာခဲ့ပါတယ်။

နစ်နာသူတချို့ကို လူဆိုးဂိုဏ်းဆရာကြီးတွေက ဇီးကွက်တက်တူးတွေ ထိုးပေးထားပြီး သူတို့မှာ ပိ်ုင်ရှင်ရှိတယ်ဆိုတဲ့ အမှတ်အသားဖြစ်ကြောင်း မိခင်ဖြစ်သူက ဆိုပါတယ်။ စာနယ်ဇင်းရဲ့ ဖိအားပေးမှုကြောင့် အမျိုးသားရဲတပ်ဖွဲ့ဟာ မိန်းကလေးတွေကို ပြည့်တန်ဆာဂိုဏ်းထဲ ထည့်သွင်းတဲ့ မယ်ဟောင်ဆောင်ပြည်နယ်ရဲတပ်ကြပ်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး အသက်မပြည့်သူမိန်းကလေးတွေနဲ့ အိပ်ခဲ့တဲ့ တခြားအရာရှိ ၈ ဦးကိုလည်း အရေးယူခဲ့ပါတယ်။

အလယ်ပိုင်း နွန်သာဘူရိပြည်နယ်က အစိုးရအရာရှိ ၅ ဦးဟာလည်း မယ်ဟောင်ဆောင်ကို အလုပ်ကိစ္စနဲ့ လာရောက်ချိန် ဆယ်ကျော်သက်တွေကို အစိုးရဘဏ္ဍာငွေနဲ့ ငှားရမ်းမှုနဲ့ စွဲချက်တင်ခံထားရပါတယ်။
“ဒီသတင်းထွက်လာပြီးနောက်ပိုင်း ကျွန်တော်တို့ ဒီလိုမျိုး လုပ်စရာမလိုတော့လို့ အရာရှိတွေလည်း စိတ်သက်သာရာ ရတယ်”လို့ ဘွန်ယာရစ်က ပြောပြပါတယ်။

ဒါပေမယ့် ဒီဓလေ့ဟာ မယ်ဟောင်ဆောင်တစ်ခုတည်းမှာ ဖြစ်နေတာမဟုတ်ပါဘူး။ လူကုန်ကူးမှုတိုက်ဖျက်ရေးအရာရှိတွေက ဒီဓလေ့ဟာ လက်အောက်ငယ်သားတွေက အထက်လူကြီးတွေကို မျက်နှာလုပ်ရတဲ့ အစိုးရနယ် ပယ်မှာရော၊ ပုဂ္ဂလိကနယ်ပယ်မှာပါ ပျံ့နှံ့ထွန်းကားနေကြောင်း ပြောပါတယ်။

“ဗြူရိုကရေစီမှာ အရည်အချင်းရှိရင်ရှိသလို မတက်ဘူး။ အထက်လူကြီးတွေကို ကျွန်မတို့က လာဘ်ထိုးရတယ်” လို့ လူမှုရေးရာတွေကို ရေးသားနေတဲ့ ထိုင်းဆောင်းပါးရှင် လက္ခဏာပန်ဝီချိုင်က ပြောပါတယ်။
အထက်လူကြီးတွေအတွက် သွေးသားဖျော်ဖြေဖို့ စီစဉ်ပေးတဲ့ ဓလေ့ဟာ မိန်းကလေးတွေကို လူအဖြစ် မမြင်ဘဲ ပိုင်ဆိုင်ပစ္စည်းအဖြစ် မြင်တဲ့ဓလေ့ကနေ လာတယ်လို့ သူက ဆက်ပြောပါတယ်။
“သူက လက်ဆောင်ပဲ။ သူက အစားအစာတို့၊ အဝတ်အထည်လှလှလေးတို့လိုပဲ တန်ဖိုးဖြတ်နိုင်တဲ့ အရာတစ်ခုပဲ”

Credit:Kumudra News

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...