

ဖြိုးဦး(ခ)ဖြိုးတင့် အသက်(၂၁နှစ်)သည် ၁၃.၆.၂၀၁၇နံနက်၁၀း၃၀အချိန်ခန့်က သီလင်ကျေးရွာ ထန်းတောကုန်း နေ(အဘ)ဦးထွန်းစီ၏ သမီးဖြစ်သူ မသင်းသင်းနွယ် အသက်(၃၁နှစ်)နှင့် ချစ်သူတို့သဘာဝ ကဆွန်ကျေးရွာ အုပ်စုပိုင် မင်းကိုးပါးတောအနီး ချိန်းဆိုတွေ့ဆုံခဲ့ကြရာမှ 
ဦးရွှေမြင့်မှဆက်လက်၍ သက်ဆိုင်ရာ ကူမဲနယ်မြေ ရဲစခန်းသို့ သတင်းပေးပို့ခဲ့ရာ ကူမဲနယ်မြေ ရဲစခန်းမှူးရဲအုပ် အောင်မိုး သက်သေများဖြစ်သူ ကူမဲအုပ်ချူ ပ်ရေးမှူး ဦးမောင်မောင် ပေါမောကျေးရွာ ဆယ်အိမ်စုမှူး ဦးရွှေမြင့်တို့သည် အခင်းဖြစ်ပွားရာ နေရာသို့ ပြည့်ဖြိုးဦး(ခ)ဖြိုးတင့် အား ခေါ်ဆောင်လျက် သွားရောက်ခဲ့ရာ ဦးဥာဏ်လင်း ပိုင် နှမ်းနှင့်ပဲတီစိမ်းစိုက်ခင်းအတွင်း သေဆုံးနေ သော မသင်းသင်းနွယ်၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ရပါသည်။
#Edkza



သမီးရည်းစားချိန်းတွေ့ရာမှစကားများပြီးလူသတ်မှုဖြစ်

(၁၃.၆.၂၀၁၇)၂း၃၀ အချိန်ခန့်က လမ်းခွအုပ်စု ပေါမော ကျေးရွာနေ ဆယ်အိမ်စုမှူ း ဦးရွှေမြင့်(ဘ) ဦးလှဆင့်၏ သားမှကူမဲနယ်မြေရဲစခန်းသို့ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းပေးပို့ခဲ့ပါသည်။
ဖြစ်စဉ်မှာ ဦးရွှေမြင့်ကူမဲမြို့သို့ ရောက်ရှိနေစဉ် တစ်ရွာတည်းနေ ဦးတိုင်းကျော်မှ ၄င်း၏သားဖြစ်သူ မောင်ပြည့်
ဖြိုးဦး(ခ)ဖြိုးတင့် အသက်(၂၁နှစ်)သည် ၁၃.၆.၂၀၁ရနံနက်၁ဝး၃ဝအချိန်ခန့်က သီလင်ကျေးရွာ ထန်းတောကုန်း နေ(အဘ)ဦးထွန်းစီ၏ သမီးဖြစ်သူ မသင်းသင်းနွယ် အသက်(၃၁နှစ်)နှင့် ချစ်သူတို့သဘာဝ ကဆွန်ကျေးရွာ အုပ်စုပိုင် မင်းကိုးပါးတောအနီး ချိန်းဆိုတွေ့ဆုံခဲ့ကြရာမှ 
စိတ်အခန့်မသင့်ကြပဲ စကားများရန်ဖြစ်ခဲ့ကြကြောင်း ထိုသို့ စကားများရာမှ ပြည့်ဖြိုးဦး(ခ)ဖြိုးတင့်မှ စိတ်မထိန်း နိုင်ပဲပါလာသည့် အရိုးအသွား ၁၁ လက်မရှိ စတီးဒါးဦးချွန်နှင့် ထိုးလိုက်ရာ မသင်းသင်းနွယ်၏ ဝဲဖက်ရင်အုံ 
အောက်ထိုးမိပြီး လဲကျသေဆုံးခဲ့ကြောင်း လက်ကိုင်ဖုန်း ဖြင့် သတင်းပေးခဲ့ပါသည်။
ဦးရွှေမြင့်မှဆက်လက်၍ သက်ဆိုင်ရာ ကူမဲနယ်မြေ ရဲစခန်းသို့ သတင်းပေးပို့ခဲ့ရာ ကူမဲနယ်မြေ ရဲစခန်းမှူ းရဲအုပ် အောင်မိုး သက်သေများဖြစ်သူ ကူမဲအုပ်ချူ ပ်ရေးမှူ း ဦးမောင်မောင် ပေါမောကျေးရွာ ဆယ်အိမ်စုမှူ း ဦးရွှေမြင့်တို့သည် အခင်းဖြစ်ပွားရာ နေရာသို့ ပြည့်ဖြိုးဦး(ခ)ဖြိုးတင့် အား ခေါ်ဆောင်လျက် သွားရောက်ခဲ့ရာ ဦးဉာဏ်လင်း ပိုင် နှမ်းနှင့်ပဲတီစိမ်းစိုက်ခင်းအတွင်း သေဆုံးနေ သော မသင်းသင်းနွယ်၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ရပါသည်။
ရုပ်အလောင်းအား ကူမဲမြို့ ဗြဟ္မပါလနာရေးကူညီမှု ယာဉ်ဖြင့် သယ်ဆောင်ပြီး ကူမဲဆေးရုံသို့ပို့အပ်ကာ မသင်းသင်းနွယ်အား သေဆုံးအောင် ရန်ပြုလုပ်ဆောင်ခဲ့သူ 
ပြည့်ဖြိုးဦး(ခ)ဖြိုးတင့်အား ကူမဲနယ်မြေရဲစခန်းမှူ း ရဲအုပ်အောင်မိုးမှ တရားလိုပြုလုပ်ပြီး သက်ဆိုင်ရာဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
Crd - ကူမဲ အုပ်ချုပ်ရေးမှူး
#Edkza




Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...